အပိုင်းတစ်ဆယ့်ခြောက်။

5.3K 638 127
                                    

Unicode ✅

^အယူခံ^

တနေကုန်အိမ်မှာပဲအချိန်ကုန်ရင်း စိုက်ခင်းထဲလည်းမသွားဖြစ်တော့ပေ။ ဒီနေ့မှထူးထူးဆန်းဆန်း အရွာကောင်းနေသည့်မိုးကြောင့် သူလည်းအိမ်ထဲကနေ အိမ်ပြင်သို့တစ်ချက်ကြည့်ကာ ခြံတခါးတွေအားအသေချာပိတ်လိုက်ပြီး မီးဖိုဆောင်ထဲကိုဝင်လာလိုက်သည်။

မီးဖိုဆောင်ထဲရောက်တော့ မနက်ကဒေါ်လေးတို့ဖျော်ပေးခဲ့သည့် လက်ဖက်ရည်အားပြန်ပူလိုက်ပြီး ဖန်ခွက်ထဲထည့်ကာ အခန်းထဲကိုယူလာလိုက်တော့သည်။ အခန်းထဲရောက်သည့်နှင့် ပြတင်းပေါက်နားကခုံထက် လက်ဖက်ရည်ခွက်အားချထားလိုက်ကာ ပြတင်းပေါက်ကိုလည်း အသာလေးဖွင့်လိုက်သည်။

“မြေသင်းရနံ့လေး...”

မိုးရွာရင် ထွက်ပေါ်လာကြ မြေသင်းရနံ့လေးကြောင့် သူနှစ်နှစ်ခြိုက်ခြိုက်ပင်ပြုံးမိလေရဲ့။

နောက်တော့သတိထားမိသည်မှာ မြို့အုပ်မင်းခွန်းထယ်ပေးထားခဲ့သည့် ခေါင်းအုံးအောက်က စာလွှာလေးပင်။ အခုချိန်မှာ ထိုစာလွှာလေးအားဖွင့်ဖတ်ဖို့ အသင့်တော်ဆုံးအချိန်အခါမဟုတ်လား။ ဒါကြောင့် ခေါင်းအုံးအောက်ကစာလွှာလေးအားယူလိုက်ကာ ခုံထက်ပြန်ထိုင်စေပြီး စာအိတ်လေးထဲထည့်ထားသည့် စာလွှာလေးအားထုတ်လိုက်သည်။

တစက်တည်းမှာပဲ ထွက်ပေါ်လာသည့် ရေမွှေးနံ့ခပ်သင်းသင်းကြောင့် စာရွက်အားနှာခေါင်းနားသို့တိုးကပ်ကာ အသာလေးမွှေးကြည့်လိုက်တော့ ခပ်သင်းသင်းရနေသည့် ထိုရေမွှေးရနံ့ဟာ စာရွက်ကလေးဆီကဖြစ်လို့နေလေ၏။

သူ့ခပ်ယေးယေးပြုံးရင်း ခုံထက်ကစာအုပ်ကအားဖြန့်ချလိုက်ပြီး ထိုစာအုပ်၏အလယ်၌ မြို့အုပ်မင်းခွန်းထယ်ပေးခဲ့သည့်စာလွှာလေးအား အသာလေးဖြန့်လိုက်ပြီး ကဆုန်ပေါက်လှုပ်ခတ်နေသည့်ရင်အစုံနှင့်အတူ စတင်ဖတ်ကြည့်ဖို့ ကြိုးစားရတော့၏။

“သို့...မောင့်ဧဒင်”

စာလွှာလေး၏ ထိပ်ဆုံးနေရာ၌ ရေးသားထားသည့် “သို့...မောင့်ဧဒင်” ဆိုသည့် အစချီထားသော စာတန်းလေးကြောင့် သူ့နှလုံးသားဟာလည်းသိမ့်ခနဲ။

"အယူခံ" [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Tahanan ng mga kuwento. Tumuklas ngayon