32.

1.3K 84 10
                                    

(Warning : ကလေးတွေ ဝေးဝေးသွား)

အပ်ကျသံပင်ကြားရလောက်သည်အထိ တိတ်ဆိတ်ငြိမ်သတ်နေသော သမ္မတအိမ်တော်၏ အခန်းကျယ်တစ်ခု၌ ခပ်တိုးတိုးမြည်ဟီးနေသော အသက်ရှုသံနှစ်ခုကသာ ပဲ့တင်ထပ်နေသည်။

''ဒီဆုံးဖြတ်ချက်က သေချာရဲ့လား မောင်ရင် ''

သမ္မတကြီး၏ မယုတ်မလွန်ပြန်မေးသောအမေးအား ခွန်လကျ်ာ တရိုတသေနှင့်ပင်ခေါင်းညိတ်ပြလိုက်သည် ။

''သေချာပါတယ် သမ္မတကြီး ''

''နှစ်ယောက်ထဲရှိရင် အန်ကယ်လ်လို့ပဲခေါ်ပါလို့ပြောထားရက်နဲ့ကွယ် ''

''ဟုတ်ကဲ့ အန်ကယ်လ် ၊ ကျွန်တော့်ဆုံးဖြတ်ချက်ကို အရေးတယူစဥ်းစားပေးစေချင်ပါတယ် ''

ဟူးးးးးး

သမ္မတကြီး၏ သက်ပြင်းချသံသဲ့သဲ့နောက်၌ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားရပြန်သည် ။

''အန်ကယ်လ် သမ္မတအဖြစ်ကနှုတ်ထွက်ပြီး မောင်ရင့်ကို နောက်တက်မယ့် သမ္မတအဖြစ်ထောက်ခံပေးဖို့ စဥ်းစားထားပြီးသားကိုကွယ် ''

မချင့်မရဲဟန်နှင့် ပြောလာတဲ့သမ္မတကြီးကလည်း ခွန်လကျ်ာအားအတော်ပင်သံယောဇဥ်ရှိသည့်ပုံပင် ။

အသက် ၅၀ ယွန်းယွန်းသာရှိသေးတဲ့ သမ္မတကြီးက ခွန်လကျ်ာနှင့် အရွယ်မတိမ်းမယိမ်းဆိုတဲ့အတိုင်း နုပျိုလွန်းကာ တည်ကြည်သောအသွင်ရှိပြီး သမ္မတဟူသည့် အချင်းရော အဆင်းနှင့်ပါ ပြည့်စုံသူတစ်ယောက်ဖြစ်သည်။

''အန်ကယ်လ်က ကျွန်တော်နိုင်ငံရေးလောကထဲစဝင်လာကတည်းက အခုထိ အလေးစားရဆုံးပုဂ္ဂိုလ်တစ်ယောက်ပါ ၊ အန်ကယ်လ့်လိုလူမျိုး နှစ်ယောက်မရှိနိုင်တာမို့လို့ ကျွန်တော်ကတော့ အန်ကယ်လ့်ကိုဒီနေရာမှာအကြာကြီးဆက်ရှိနေစေချင်တယ် ''

''အန်ကယ်လ့်အနေနဲ့လည်း မောင်ရင်က အယုံကြည်ရဆုံးတပည့်တပန်းမို့လို့ မောင်ရင်သာမရှိတော့ရင် အန်ကယ်လ် အားလျော့တာပေါ့ကွယ် ''

သမ္မတကြီးစကားကြောင့် ခွန်လကျ်ာ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်သည်။

Say-So(S2) Completed Wo Geschichten leben. Entdecke jetzt