13.

1.4K 113 11
                                    


''အဲ့ဒီ အနက်ရောင်တိုက်ကြီးလား ကိုကို ''

ခန့်နိုင်မင်းယံရဲ့စကားကို ရန်ရှင်းခေါင်းညိတ်ပြရင်း ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်ကြည့်နေသည်။

အမှုဖြစ်ထားတဲ့အိမ်အခြေအနေကိုအကဲခတ်ပြီး သက်သေရသလောက်ရှာခဲ့ဆိုတဲ့ ကိုဆေးရဲ့စကားကြောင့် သေဆုံးသူ ဗိုလ်ချုပ်ကြီးနေတဲ့ အိမ်ကို လာကြည့်ရခြင်းပင်။

ထီသည်အယောင်ဆောင်ပြီး လမ်းထဲမှာမယောင်မလည်နဲ့ ရန်ရှင်းတစ်ယောက်ထဲ အကဲခတ်နေတာကို ဘယ်ကနေဘယ်လို ရောက်ချလာလဲမသိတဲ့ ခန့်နိုင်မင်းယံက ထီလာဝယ်တဲ့ပုံစံနဲ့ ရောက်လာခြင်းပင်။

ရန်ရှင်းတစ်ယောက်ထဲသာဆို အခြေအနေမဟန်ရင်တောင် ထွက်ပြေးလို့လွတ်နိုင်ပေမယ့် ဒီကလေးကရောက်ချလာတော့ ဒီကလေးကိုကာကွယ်ဖို့က အလုပ်တစ်လုပ်ပိုသွားပြီဖြစ်သည်။

''နိုင်....ဘယ်ကနေဘယ်လိုရောက်လာတာလဲ....ဒီနေရာက ကလေးတွေလာရမယ့်နေရာ မဟုတ်ဘူး....အန္တရာယ်များတယ် ပြန်တော့! ''

လေသံခပ်အုပ်အုပ်နဲ့ ရန်ရှင်းက ဆူသလိုပြောလိုက်တော့ နိုင်က အလိုမကျဟန် နှုတ်ခမ်းကိုဆူပစ်သည်။

''ကျွန်တော် ရုပ်ဖျက်ပြီးလာတာပါ ကိုကိုရဲ့.... ဘာမှမဖြစ်ပါဘူး..... ''

ရုပ်ဖျက်ပြီးလာတယ်သာပြောတယ် ဝတ်နေကျအတိုင်း hoodieအပွကို ဘောင်းဘီအတိုနဲ့ဝတ်ထားတာကိုများ ။

ခန့်နိုင်မင်းယံကိုယ်ပေါ်မှာ အရင်နဲ့မတူပဲ ပိုလာတာဆိုလို့ maskအမဲရောင်တစ်ခုပဲရှိတယ်။

ရန်ရှင်းကတော့ ထုံးစံအတိုင်း ပုဆိုးကို တီရှပ်နဲ့တွဲဝတ်ထားပြီး ဆံပင်ကိုမသေမသပ်အနည်းငယ်ဖွထားသည်။

''နိုင်..! မင်း မျက်နှာလာမပြောင်နေနဲ့ အရင်လိုပဲဝတ်ထားတာကို ဘာရုပ်ဖျက်တာလဲ....အခုပြန်တော့! မင်းရဲ့အခုပုံစံက သတိထားမိဖို့လွယ်တယ်ကွ...''

''ကိုကို ဘာသိလို့လဲ!...ဒီလို သူဌေးရပ်ကွက်မှာ ကျွန်တော့်လို သူဌေးသားပုံစံပေါက်တဲ့သူက လမ်းသလားယုံမကဘူး ဂျွမ်းပဲထိုးထိုး ဘယ်သူမှ သံသယမဝင်ဘူး...ကိုကို့လို စျေးသည်ကမှ ဒီရပ်ကွက်နဲ့လုံးဝမအပ်စပ်နေတာ....ဘယ့်နှယ်! အမှုအကြောင်းလာစုံစမ်းပါတယ်ဆို ထီသည်အယောင်ဆောင်ပြီး long long agoက အကွက်တွေထုတ်သုံးနေတယ်....ဒီလို ပေါတောနေတဲ့အကြံက ယာယာ့ယောင်္ကျားရဲ့အကြံပဲဖြစ်ရမယ်....ကျွန်တော်ပြောတာဟုတ်တယ်မလား...''

Say-So(S2) Completed Onde as histórias ganham vida. Descobre agora