29.

1.2K 74 0
                                    

''လွှတ်ဦးလေ...''

ဖက်ထားတာ အချိန်ဘယ်လောက်ကြာသွားလဲမသိ ၊
ဆေးရဲ့ ခပ်တိုးတိုးအသံနှင့်အတူ အနည်းငယ်ရုန်းလာသော ခန္ဓာကိုယ်လေးကြောင့်သာ charmက သတိပြန်ဝင်လာခဲ့သည်။

ထို့နောက်ဖက်ထားတဲ့ခန္ဓာကိုယ်လေးအား မလွှတ်ချင်လွှတ်ချင်နှင့် လွှတ်ပေးလိုက်ပြီး ချစ်ရသူရဲ့မျက်နှာလေးအား တစိမ့်စိမ့် စိုက်ကြည့်နေလိုက်သည်။

''ဟို....ငါအရင်သွားနှင့်တော့မယ်နော် ၊ ဆေးရုံမှာ အမကိုတစ်ယောက်ထဲ ထားခဲ့ရတာမို့လို့ ''

မိမိအားတစိမ့်စိမ့်စိုက်ကြည့်နေတဲ့charmကြောင့် ဆေးကအနေရခက်လာတာမို့ charmအား အမြန်နှုတ်ဆက်ကာ ကားပေါ်မှဆင်းလာခဲ့လိုက်သည်။

''ဟင်....ကိုကို! ''

ကားပေါ်မှာဆင်းလာပြီးနောက် မပြန်ခင် charmရဲ့မိဘများအားနှုတ်ဆက်မည်ကြံရွယ်၍ အိမ်ထဲသို့အဝင် အိမ်ထဲကထွက်လာသောကိုကို့ကြောင့် ဆေးရဲ့နှုတ်ခမ်းလေးများပင်ပွင့်ဟကာ တအံ့တသြဖြစ်သွားရသည်။

''ဆေး....ဘယ်ကနေဘယ်လိုရောက်လာတာလဲ ''

''အဲ့ဒီစကားက ကျွန်တော်မေးရမှာ ၊ ကိုကိုကဘယ်ကနေဘယ်လိုရောက်လာတာလဲ ''

ဆေးကိုမြင်တာတောင် အံ့သြဟန်သိပ်မရှိတဲ့ ကိုကို့အား ဆေးကပြန်၍မေးခွန်းထုတ်လိုက်သည်။

ကိုကိုကရော ဘယ်လိုအစပ်အဆက်နဲ့ ဘယ်လိုသတင်းကြားပြီးရောက်လာရပြန်တာလဲ ။

ကိုကိုနဲ့ အပါးတို့ပေါင်းပြီးတစ်ခုခုကြံစည်နေတာလားလို့စိတ်ထဲမှာတွေးမိလိုက်တော့ စိုးရိမ်စိတ်တို့နှင့်အတူ ကိုကို့အား အလန့်တကြားကြည့်လိုက်မိသည်။

''ကားပေါ်ရောက်မှ သေချာပြောကြတာပေါ့ ၊ လာ... သွားရအောင် ''

ဆေးရဲ့အဖြေကိုမစောင့်ဘဲ ဆေးရဲ့လက်ကိုဆွဲကာ ကားရှိရာသို့သွားသော ကိုကို့ကြောင့် ဆေးလည်း သိချင်စိတ်တို့နှင့်အတူ ကိုကို့နောက်သို့ ငြိမ်ငြိမ်လေးလိုက်လာခဲ့လိုက်သည်။

Driverနှင့်လာသော ကိုကိုက ကားအနောက်ခန်း၌ ဆေးကိုဝင်ထိုင်စေပြီး ကိုကိုကပါ ကားအနောက်ခန်းထဲသို့ဝင်ထိုင်လာသည်။

Say-So(S2) Completed Where stories live. Discover now