7.

1.8K 133 9
                                    


Warning : ဒါက ကလေးတွေဖတ်ရမယ့်အပိုင်းမဟုတ်ဘူး

***************************************************

ဒုန်း!!!!

''အာ့!....အင့်..... ဟင်းးးးး ''

တံခါးဖွင့်ဖွင့်ချင်းပင် တံခါးနဲ့ဆွဲကပ်ချင်းခံလိုက်ရပြီး တဖြေးဖြေးနှင့် ပိုပိုပြီး သိပ်သည်းလာသော အနမ်းများကို ဆေးမှာ အလူးလူးအလဲလဲနှင့်ပင် အမှီလိုက်နေရသည် ။

ကြမ်းကြမ်းတမ်းတမ်းနမ်းနေရာမှ နှုတ်ခမ်းသားများကို ဖွဖွလေးငုံထွေးလာပြန်သော ကိုကိုကြောင့် အားမလိုအားမရဖြစ်ရပြန်တာလဲ ဆေးပါပဲ။

ဖွဖွလေးနမ်းနေပြန်ရာမှ ဖိကပ်လိုက်ပြန်ခွာလိုက်နှင့် ကလေးသေးသေးလေးတွေကို နမ်းသလိုနမ်းလာပြန်တဲ့ကိုကို့ကြောင့် ကိုကို့ဂုတ်ပိုးကိုဆွဲချ၍ ဆေးဘက်ကပင် ပြင်းပြင်းရှရှပြန်နမ်းတော့ ကိုကိုက နမ်းနေရင်းနဲ့မှ ခပ်ဟ,ဟရယ်တယ် ။

ဆေးဘက်က လိုလိုချင်ချင်နဲ့ ကိုကို့အပေါ်တပ်မက်နေတာကို ကိုကိုက သဘောကျတဲ့ပုံမျိုးနဲ့ ဆေးရဲ့ပြင်းရှရှစုပ်ယူမှုတွေနောက်ကို အားမစိုက်ဘဲ အသာလေးလိုက်နေတယ် ။

အင်း...ဘယ်လိုကနေ ဘယ်လို အခန်းထဲရောက်ပြီး နမ်းဖြစ်သွားတာလဲဆိုတော့ sushiဆိုင်ကနေ စတင်ခဲ့တာပဲ ။

သမ္မတ ခွန်လကျ်ာဆိုတဲ့စကားကြားတော့ ဆေးမှာ ကိုကို့ကို အလန့်တကြားပင်ပြန်ကြည့်မိရသည်အထိ ။

ဒီလိုစကားမျိုးက လက်လွတ်စပယ်ပြောလို့မရမှန်း လူတိုင်းသိတာ အထူးသဖြင့် ကိုကို့လို တရားသူကြီးချုပ်လဲဖြစ် သမ္မတရဲ့PAလဲဖြစ်တဲ့လူမျိုးကပိုသိရမှာကို ။

ကိုကိုက ဘယ်လိုတောင် ပြောရဲရတာလဲ ။

ကိုကို့ကိုကြည့်တော့လဲ နောက်နေတဲ့ပုံမပေါ်တာမို့ ဆေးမှာ ကိုကို့အတွက် စိုးရိမ်စိတ်တို့က တရိပ်ရိပ်နှင့်ပင်တက်လာရသည် ။

''လျှောက်ပြောမနေနဲ့ ကိုကို......ဒီလိုစကားမျိုးကို လက်လွတ်စပယ်ပြောစရာလား....အပြင်ကတစ်ယောက်ယောက်ကြားသွားရင် ဘယ်လိုလုပ်မလဲ ''

ဆေးက လေသံခပ်အုပ်အုပ်နဲ့ပြောတော့ ကိုကိုက တအားကိုမှသဘောကျနေတဲ့ပုံစံနဲ့ ဆေးကိုကြည့်ပြီး ရယ်နေတယ်။

Say-So(S2) Completed Where stories live. Discover now