8.

1.8K 149 5
                                    

''ဘယ်သူ့မှမလာပြန်ဘူးလား ရန်ရှင်း ''

ဆေး မေးလိုက်တော့ အခန်းထဲမှာ တံမြက်စည်းလှဲနေတဲ့ရန်ရှင်းက တံမြက်စည်းကိုဘေး၌ ချပြီး စိတ်ပျက်လက်ပျက်ငြီးငြူလာသည်။

''မလာပါဘူး ကိုဆေးရာ.... လူမပြောနဲ့ ကြွက်တစ်ကောင်တောင် ကျွန်တော့်ရှေ့ကဖြတ်မပြေးဘူး ''

ဆေးကိုပြောပြီး တံမြက်စည်းဆက်လှဲနေတဲ့ရန်ရှင်းကြောင့် ဆေးပြုံးလိုက်မိသည်။

ရန်ရှင်းဆိုတဲ့ကောင်က 'လူမလာရင် နားလို့ရတယ်'လို့ပြောထားတာတောင် 'အလုပ်မလုပ်ရရင် ကျွန်တော်မနေတတ်လို့'ပါဆိုပြီး တစ်နေ့လုံးတံမြက်စည်းလှဲနေတာ ရုံးခန်းထဲက ဖုန်တွေကို မှန်ဘီလူးနဲ့ရှာကြည့်ရင်တောင်မြင်ရပါတော့မလားပဲ။

ရုံးခန်းဆိုလို့ ကြီးကြီးမားမားလို့လဲမထင်စေချင်ဘူး။

ဆေးရဲ့အမားပိုင်ဆိုင်တဲ့တစ်ခုထဲသော တိုက်ခန်းလေးကို သေချာပြန်ပြင်ဆင်ပြီး ဥပဒေရုံးခန်းအသေးစားလေး ဖွင့်ထားခြင်းပင်။

ဘာလို့ ဥပဒေရုံးဖွင့်ဖြစ်သွားလဲဆိုတော့ ကိုကိုနဲ့လုပ်ထားတဲ့အပေးအယူတစ်ခုကြောင့်ပင်ဖြစ်သည် ။

ကိုကိုကပြောတယ် အရေးကြီးတဲ့ အမှုတစ်ခုကိုနိုင်အောင်လုပ်ပေးရင် ဆေး တောင်းဆိုတဲ့ လိင်တူလက်ထပ်ခွင့်ဥပဒေကို ခွင့်ပြုမိန့်ကျအောင်လုပ်ပေးမယ်တဲ့။

အစကတော့ ဆေး သိပ်သဘောမကျပေ။

လွတ်လပ်ခွင့်ဆိုတာ တောင်းယူလို့မရရင် တိုက်ယူရမယ်လို့တွေးထားတဲ့ဆေးက ညှိနှိုင်းတာတွေ အပေးအယူတွေမလုပ်ချင်ပေ။

အမှုလေးတစ်ခုနိုင်တာနဲ့ ဆေးတို့အနှစ်,နှစ် အလ,လတောင်းဆိုထားတဲ့ဥပဒေကို တရားဝင်ပြဌာန်းပေးမယ်ဆိုတာကတကြောင်း ၊ ရန်ရှင်းအပါအဝင် ကျန်တဲ့ရဲဘော်ရဲဘက်တွေကိုမေးကြည့်တော့လဲ အကုန်လုံးက 'ကိုဆေးကိုယုံတယ်'လို့ပြောလာတာမို့ ဆေးအတွက် စဥ်းစားရအတော်ကြပ်ခဲ့သည်။

တကယ်ဆို ကိုကို့ကိုဘယ်လိုနည်းနဲ့ယုံရမယ်မှန်းတောင် ဆေးမသိဘူး။

ဆေးကိုတောင် သူကိုယ်တိုင်အပြစ်ဒဏ်ချမှတ်ခဲ့တဲ့သူကို ဆေး မယုံရဲသေးတာ အပြစ်တော့မဟုတ်ဘူးမလား ။

Say-So(S2) Completed Where stories live. Discover now