14.

1.4K 113 9
                                    


''ဒါက ဘယ်လဲ!!! ''

ဆေးရုံအပြင်ဘက်ကိုထွက်ထွက်ချင်း လက်ကောက်ဝတ်ကို တစ်စုံတစ်ယောက်ကလာဆွဲ၍ ဟန့်တားပစ်တာမို့ ဆေး လှည့်ကြည့်လိုက်တော့ charmဖြစ်နေသည်။

''ကျစ်! ဘာလုပ်တာလဲ.....မင်းနဲ့စကားပြောဖို့အချိန်မရှိသေးဘူး....လွှတ်စမ်း!! ''

ဆေးက အလိုမကျစွာပြော၍ charmရဲ့လက်ထဲကရုန်းထွက်ပေမယ့် ဆေးလက်ကောက်ဝတ်ကိုတင်းတင်းဆုပ်ကိုင်ထားတဲ့ charmက လုံးဝမလွှတ်ပေးပေ ။

''ဘာလုပ်တာလဲ! လွှတ်လို့ပြောနေတယ်မလား! ''

ဆေးရုံရဲ့ အပြင်ဘက်မှာမို့လို့ လူအများအပြားက ဆေးရုံထဲသို့ဝင်ထွက်နေသောကြောင့် လူအနည်းငယ်ရှုပ်နေသည်။

ဆေးရဲ့အသံက အနည်းငယ်ကျယ်လောင်သွားသောကြောင့် လူအားလုံးရဲ့အကြည့်များကဆေးတို့ဆီကိုစုပုံလာပေမယ့်charmကတော့ ဂရုမစိုက်သလိုပင်။

''တစ်ယောက်ထဲဘယ်သွားမလို့လဲ! ကျွန်တော်လဲလိုက်မယ်....!''

''ဘာလိုက်လုပ်မှာလဲ! ငါ့ဘာသာငါ ဘယ်သွားသွားပေါ့ မင်းနဲ့ဆိုင်လား! ''

တစ်ယောက်တစ်ခွန်းနှင့် အကြည့်ချင်းစုံကာ အပြိုင်အော်နေကြတာက တကယ့်ရန်သူတော်တွေအတိုင်းပင် ။

''ခင်များတစ်ယောက်ထဲ ဘာတွေအရေးကြီးနေတာလဲ! သွားချင်ရင် ကျွန်တော့်ကိုပြောပြပြီးမှ သွား! ''

သူနဲ့ ဆေးက ဘာဆိုင်တာမှတ်လို့ သူ့ကိုသံတော်ဦးတင်ရမှာလဲ။

ဒီနေ့မှ တမင်တကာကိုလာရစ်နေတဲ့charmကြောင့် နဂိုထဲက စိတ်အလိုမကျဖြစ်လာတဲ့ ဆေးက စိတ်ပင်ညစ်သွားရသည်။

''အေး! လိုက်ချင်တယ်ဆိုရင်လဲလိုက်ခဲ့! ငါအလုပ်လုပ်နေရင်တော့ လာမရှုပ်နဲ့! ရှုပ်တာနဲ့ မင်းဘဝကိုမင်းတွေးထားလိုက်! ''

charmအား ခပ်တည်တည်နှင့်ပြောပစ်လိုက်ပြီး charmလက်ထဲမှ မိမိလက်ကိုအားကုန်သုံး၍ရုန်းပစ်လိုက်ကာ ဆေးရုံအပြင်ဘက်သို့ထွက်လာလိုက်သည်။

charmက ဆေးရိုးသည်လိုပဲ စိန်ကောင်းကျောက်ကောင်းရောင်းဝယ်တော့မယ်ဆို အမြဲကန့်လန့်ကန့်လန့်နဲ့ ။

Say-So(S2) Completed Where stories live. Discover now