Chapter - 45 (U+Z)

Start from the beginning
                                    

"ကျေးဇူးတင်ပါတယ်။"

ကုလီဟန် ​ခေါင်းလှည့်ပြီး သူ့ကို စိုက်ကြည့်လာသည်။

စုလင်း မျက်ခုံးလေး အနည်းငယ် ပင့်လိုက်ပြီး

"ကျွန်​တော့်ကို ဒီလိုမျိုးကြည့်​နေတာ ကျွန်​တော့်ရဲ့ ခံနိုင်ရည်ကို စမ်းသပ်နေတာလား? ဒါမှမဟုတ် ခင်ဗျား တစ်ခုခု ပြောစရာ ရှိလို့လား?"

ကုလီဟန် အံ့သြသွားပြီး ​မ​မေးခင် သူ့ကို စိုက်ကြည့်လာ​လေသည်။

"မင်းက ဘာလို့ မလာ​တော့တာလဲ?"

"ဟင်?"

စုလင်း ရုတ်တရက် ရှုပ်​ထွေးသွားပေမယ့် ဆိုလိုရင်းကို မြန်မြန်ပဲ နားလည်သွားသည်။

"ပန်းတွေပို့တာကို ဆိုလိုတာလား?"

ကုလီဟန်: "အမ်း"

သူ့မျက်လုံးများက စုလင်းဆီပဲ စူးစိုက်ကြည့်​နေလျက်

"မင်းရဲ့အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ် ကိုယ် အခုကစပြီး မင်းဆီ ပန်းတွေပို့ပေးလို့ရမလား?"

စုလင်း: "......."

ဒီတော့ နတ်ဘုရားတောင်မှ ကောင်းမွန်လှတဲ့ လှည့်ကွက်ဟောင်းတစ်ခုဖြစ်တဲ့ 'တစ်စုံတစ်ခုကို ဖမ်းဆုပ်ရယူနိုင်ဖို့၊ အရင်လွှတ်​ပေးရမယ်'ဆိုတဲ့ ဆိုရိုးက​နေ မလွတ်​မြောက်နိုင်ဘူး​ပေါ့

ခဏမျှ​တွေးကြည့်လိုက်တဲ့အခါ စုလင်း ထိုသို့သော ရည်ရွယ်ချက်မရှိသော်လည်း သူ့အပြုအမူက ထိုလမ်းကြောင်းဆီသို့ ဦးတည်သွားခဲ့ပုံရသည်။ မျှော်လင့်ထားသလိုပင် တစ်ယောက်ယောက်ကို လိုက်ဖို့ အလျင်စလို လုပ်မရ​ပေ။ စုလင်း ပြုံးလျက် ပြောလိုက်သည်။

"ကျွန်​တော် အဆင်ပြေပါတယ်၊ ဒါပေမယ့် ခင်ဗျား နေ့တိုင်းပို့ပေးရင် တစ်နေ့ ပန်းတစ်ပွင့် ပေးမှရမယ်။ မဟုတ်ရင် အခန်းက အဆင်မပြေဘူး"

အဲဒီနောက်မှာတော့ စုလင်း လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူဘာကြောင့် ပန်းမပို့တာလဲလို့ ရှင်းပြခဲ့သည်။

"အရင်က ခင်ဗျားရဲ့ အခြေအနေကလည်း မကောင်းဘူး။ ကျွန်​တော် ခင်ဗျားကို ဖိအားတွေအရမ်းပေးနေမိတယ်လို့ ခံစားမိလို့ ခင်ဗျားကို အရင်ဆုံး အနားယူစေချင်ခဲ့လို့။"

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now