" ကိုယ်ပြန်ကြိုးစားပါ့မယ် နုငယ်ရယ် ၊ ကိုယ် မင်းတို့မောင်နှမကို အရင်လိုဘဝမျိုးနဲ့ပြန်ထားပေးနိုင်အောင် အလုပ်ကိုကြိုးစားပါ့မယ် ၊ ခဏတော့ အားတင်းထားပါနော် "

မချိတင်ကဲထွက်လာတဲ့ ယောက်ဖဖြစ်သူရဲ့စကားသံအဆုံးမှာ ကိုယ့်မျက်ဝန်းကနေ မျက်ရည်တွေရစ်ဝဲလာမိပါ၏ ။ ကိုယ့်ကို ညီအရင်းတစ်ယောက်လို
ချစ်ပေးတဲ့ တစ်ဦးတည်းသော သူစိမ်းမို့လား ။

ရပ်ကွက်ထဲက ကိုယ့်မိဘတွေရဲ့အမွေဖြစ်တဲ့ ပျဉ်
ထောင်အိမ်လေးဆီရောက်တဲ့အချိန်မှာတော့ ပတ်ဝန်းကျင်က ကွက်ကြည့်ကွက်ကြည့် ။ တစ်ချို့သော
လူတွေရဲ့မျက်ဝန်းတွေထဲမှာတော့ မနာလိုစိတ်နဲ့
အားရကျေနပ်မှုတွေကအထင်းသား ။ ဒီလိုပါပဲလေ
လူတော်တော်များများဟာ အခြားသူဒုက္ခရောက်
တာမျိုးကို ကျိတ်ပြီးကျေနပ်ကျတာမျိုးပေါ့ ။ မဖိတ်ခေါ်ရပါပဲ လာပြီးကူညီသလိုနဲ့ ---

" နုငယ်! ရွှေတောင်ကြားထဲက အိမ်က အကြွေးနဲ့
ပေးခဲ့ရတာဆို ဟုတ်လား! တော်သေးတာပေါ့ ဒီအိမ်လေး မရောင်းခဲ့လို့ ၊ နို့မိုဆိုရင် နေစရာမရှိဖြစ်မှာ "

စကားသွက်သွက်အမျိုးသမီးရဲ့စကားကြောင့် ဒေါသကထောင်းကနဲထွက်လာမိပြီး ---

" ဒီမှာ ခင်ဗျား စောက်ကြောင်းဘာပါလို့လဲ ၊ ကျုပ်တို့နေစရာမရှိရင်ရော ခင်ဗျားက အိမ်ပေါ်ခေါ်တင်ထားမှာမို့လား ၊ ကိုယ်နဲ့မဆိုင်တဲ့ သူများမိသားစုအကြောင်းကို နေရာတကာဝင်မပါနဲ့ ၊ ပါးစပ်ဖွာတာက ဓားထိုးခံရနီးတယ်နော် ။ စောက်ပြောတွေကို ဆင်ခြင်လိုက် "

" ရာဇ်! !! တော်လိုက်တော့ မောင်လေး ၊ မအေးလေးတို့လဲ ပြန်လိုက်ပါတော့ ၊ တော်ကြာဘာမဟုတ် တာနဲ့ ပြဿနာဖြစ်ရင် လူကြားမကောင်းဖြစ်မယ် "

မမရဲ့ ဟန့်တားတဲ့စကားသံအဆုံးမှာ ---

" ပြန်မှာပါအေ ၊ ကျုပ်တို့က ကိုယ့်ရပ်ကွက်သားတွေမို့ သတင်းလာမေးမိတာပါ ၊ အစကတော့ သူဌေးယောက်ျားကို အမိယူလို့ရတယ်ဆိုပြီး ရပ်ကွက် ထဲကနေ ကျောကော့ထွက်သွားပြီး စီးပွားပျက် ကာမှ ရပ်ကွက်ထဲပြန်ဝင်လာတဲ့သူတွေကို ကျုပ် တို့ ကလဲ မပတ်သက်ချင်ပါဘူး ၊ ရပ်ကွက်နာတယ် "

My Oleander Hubby ( Completed ) Where stories live. Discover now