ရှုဟန်ယွီသည် အနည်းငယ် မြှင့်တက်နေသော မျဥ်းကွေးလေးကို မြင်လိုက်ရပြီး ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏မြစိမ်းရောင်မျက်လုံးများမှတဆင့် ရွှင်လန်းမှုအငွေ့အသက်များ တောက်ပလာကာ မိန်းမပျိုလေး၏ဝမ်းဗိုက်ကို ဂရုတစိုက်ထိလိုက်မိသည်။

နူးညံ့သိမ်မွေ့သော ခွန်အားနှင့် ချောမွေ့သော လက်ချောင်းထိပ်များက ရှုကျင်ထျန်းအား နူးညံ့ပျော့ပျောင်းသော အဖြူရောင်အမွေးအမျှင်များဖြင့် ဖြည်းညှင်းစွာ ပွတ်တိုက်ခံလိုက်ရသလို ယားယံပြီး ပြတ်သားသော အထိအတွေ့ကို ခံစားလိုက်ရသည်။

ရှုကျင်ထျန်းမှာ သူ့အား ယုတ်ညံ့သည်ဟု ခံစားရစေသောအချက်မှာ သူ၏အားနည်းချက်အား တိုက်ရိုက်လေ့လာခြင်းပင်ဖြစ်သည်။ ရှုကျင်ထျန်းက ရှက်သွားပြီး ရှုဟန်ယွီကို ဒေါသတကြီး တွန်းထုတ်လိုက်၏။ 
"မင်း မလုပ်ဘူးဆိုလည်း မေ့လိုက်တော့! ဘာလို့ အဲ့ဒါကို လာထိနေတာလဲ!"

ရှုကျင်ထျန်းက ရှုဟန်ယွီကို လွယ်လွယ်နဲ့ တွန်းထုတ်လို့ရမယ်လို့ မမျှော်လင့်ထားပေမယ့် အခု သူအရမ်းရှက်နေတာမို့ သူ့မှာ စဉ်းစားဖို့ အချိန်မရှိတော့ဘူး။ စောင်ကို ကောက်ကိုင်လိုက်ပြီး တစ်ကိုယ်လုံး ခြုံလိုက်ကာ စောင်ထဲမှ ကြမ်းကြမ်းတမ်းတမ်းအသံ ထွက်လာ၏။

"အဲဒါ ဗိုက်ပဲမဟုတ်လား...ဘာလို့ ကြီးကြီးမားမား အလေးအနက်ထားနေတာလဲ၊ မင်း ရွံရှာနေလို့ မလုပ်နိုင်ဘူးဆိုလည်း မလုပ်နဲ့...နောက်တစ်ခါ လောင်ဇီကိုလာမထိနဲ့!"

ရှုဟန်ယွီက သတိဝင်သွားပြီး စောင်နဲ့ထွေးလုံးနေသည့် မိန်းမပျိုလေးကို အမြန်ပွေ့ဖက်ကာ ဆွဲလှည့်လိုက်သည်။

ရှုကျင်ထျန်းမှာ လိပ်တစ်ကောင်၏ကျောကို လှည့်ခံလိုက်ရသကဲ့သို့ဖြစ်နေပြီး သူ့မျက်နှာမှာ နီရဲနေလေ၏။

"မင်းဘာလုပ်နေတာလဲ ငါမလုပ်တော့ဘူး!"

ရှုကျင်ထျန်း နားမလည်နိုင်သော စိတ်တိုမှုများခံစားလိုက်ရပြီး သူ၏ အကြောက်တရားကိုပင် လျစ်လျူရှုကာ ရှုဟန်ယွီကို အော်ပြောလိုက်သည်။

ရှုဟန်ယွီသည် စိတ်မဆိုးသော်လည်း ရှုကျင်ထျန်း၏ဝမ်းဗိုက်ကို ပွတ်သပ်ပေးရန် လက်ကို ဆန့်တန်းကာ နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now