(11)

260 37 2
                                    

ဦးလေးကတော့ ကျွန်တော့်ကို နှမြောတဲ့အကြည့်နဲ့ ကြည့်နေတယ်။ သူလည်း ဒီကိစ္စကို သဘောတူချင်တဲ့ပုံမပေါ်ဘူး။ အမေရဲ့မောင် ကျွန်တော့်ဦးလေးနဲ့ သူ့မိန်းမက ဘယ်လောက်ပဲ ကျွန်တော့်ကိုချစ်ပါတယ်ဆိုအုံးတော့ ဒီလိုလုပ်ရပ်မျိုးကိုလက်ခံပေးနိုင်ကြမယ်မထင်ဘူး။

အဖေ့ကုမ္ပဏီက ရှယ်ယာတွေအကုန်ရောင်းထွက်သွားခဲ့ပြီ။ ကျွန်တော့်လက်ထဲကို​ေရာက်လာတဲ့ ငွေတွေကလည်း Hyungအတွက် အကြွေးဆပ်ပေးလိုက်လို့ကုန်သွားပြီ။ Hyungကတော့ အားနာလို့မယူဘူးချည်းပြောပေမယ့် ကျွန်တော်က မပေးဘဲမနေနိုင်။ ကိုယ်ချစ်ရတဲ့လူကို ကိုယ့်မျက်စိရှေ့မှာတင် သူများလက်ထဲထည့်ပေးလိုက်ရမဲ့အလုပ်မျိုး Park Jeongwooတို့လုံးဝလုပ်ဖို့ အစီအစဥ်မရှိဘူး။

ဒါကြောင့် ကျွန်တော့်အဖေရဲ့ရှယ်ယာတွေအကုန်လုံးကို ဦးလေးဆီမှာရောင်းလိုက်တယ်။ စတော့စျေးထက်ပိုပေးပြီး ဝယ်တဲ့ဦးလေးကြောင့် မှန်းထားတာထက် ထောင်ဂဏန်းလောက်အထိ အများကြီးပိုတယ်။

"မင်းသဘောပါပဲ ငါ့တူကြီးရာ ဦးလေးတို့ကဘာမှ ဝင်စွက်ဖက်နိုင်တာလည်းမဟုတ်ပါဘူး"

"နားလည်ပေးလို့ ကျေးဇူးပါ ဦးငယ်"

"ကျွန်...ကျွန်တော်လည်းပဲ ကျေးဇူးတင်ပါတယ် ဦးလေး"

ကျွန်တော်တို့အတူ ထွက်လာကြတော့ Hyungက ကျွန်တော့်လက်တွေကိုဆွဲထားတယ်။ ဒါက ငါမင်းကိုယုံကြည်ပါတယ်ဆိုတဲ့ သဘောတရား။ ကျွန်တော် အလေးထားရတဲ့ တစ်စုံတစ်ယောက်ရဲ့အားကိုးရာဖြစ်ရုံနဲ့တင် ပျော်မိပါတယ်။



**Zတက္ကသိုလ်မှ ပါမောက္ခတစ်ဦး အထက်တန်းကျောင်းသားတစ်ယောက်ဆီမှ လိင်ပိုင်းဆိုင်ရာ လိမ်လည်ခြင်းနဲ့ ငွေလိမ်စားခြင်းများပြုလုပ်ခဲ့**

SNSပေါ်မှာ ပြန့်နေတဲ့သတင်းနဲ့အတူ မျက်နှာပဲဝါးထားတဲ့ ကျွန်တော်နဲ့Hyungရဲ့ပုံတွေက ပလူပျံနေတယ်။Hyungကတော့ ဒါတွေကိုခံနိုင်ရည်မရှိတာကြောင့် အလုပ်ကလည်း နားလိုက်ကာ ကျွန်တော့်ကို စာလာမပြပေးတော့ဘူး။

သတင်းအတုလွတ်တဲ့သူတွေကို အရေးယူဖို့သက်ဆိုင်ရာကိုအကြောင်းကြားပေမယ့်လည်း အခုထိ ပြန်ဆက်သွယ်မလာသေးဘူး။

အိမ်ဘက်ကို ခြေဦးတောင်မချတော့တဲ့ Hyungဆီကို ကျွန်တော်ကပဲအမြဲသွားသွားလည်ရသည်။ တွေ့ရလိုက်တိုင်း ပိန်ကျနေတဲ့မျက်နှာက မျက်တွင်းတွေညိုနေပြီး ပုံမှန်မြင်ရနေကျကြည်လင်တဲ့အပြုံးလေးတွေဟာလည်း မရှိတော့ဘူး။

ကျွန်တော် သိပ်နှမြောတာပဲ ကိုကိုရာ...။

-tbc-



𝖨𝗇𝖿𝖺𝖼𝗍, 𝖤𝗏𝖾𝗋𝗒𝗍𝗁𝗂𝗇𝗀 𝗂𝗌 𝖲𝗁𝖺𝗆Where stories live. Discover now