(3)

321 40 0
                                    

အဖေနဲ့အမေဆုံးသွားတဲ့ တစ်ပတ်အကြာမှာတော့ ကျွန်တော်ပုံမှန်အတိုင်း အနားယူလို့ဝသွားတာမို့ ကျောင်းပြန်တက်ခဲ့တယ်။

အဆင့်မြင့်လူချမ်းသာတွေပဲ တက်နိုင်တဲ့ကျောင်းမှာ ကျွန်တော့်ရဲ့ကျော်ကြားမှုက မသေးခဲ့ဘူး။ ထိပ်ဆုံးငါးယောက်ထဲမှာဆို ကျွန်တော်က  နံပါတ်(2)နေရာမှာ ချိတ်တယ်။ဒါက အဖေတို့အမေတို့ချမ်းသာလို့ဆိုတဲ့ ပယောဂကြောင့်တော့ မဟုတ်ဘူး။ ကျွန်တော်ကိုယ်တိုင်က ေတာ်လွန်းနေတာ။စာမှာလား အားကစားမှာလား ရုပ်ရည်မှာလား ပေါင်းသင်းဆက်ဆံရေးမှာလား? ကျွန်တော်က (1)ရမနေရင်တောင် (1)နီးပါးလောက်တော့ ပြည့်စုံနေတဲ့လူလေ ဒါပေမယ့် တော်တာတွေ၊မတော်တာတွေကို ကျွန်တော့်ခေါင်းထဲအထိ ထည့်ထားဖို့ရာအတွက် အရေးတယူလုပ်မနေပါဘူး။ ဒါမဲ့ Hyungကတော့ လုပ်တယ်။ Hyungက ကျွန်တော့်ကိုဆို အမြဲတော်နေမှ သဘောကျသည်တဲ့။

"ဟေ့ကောင် မင်း နက်ဖြန်Campingလိုက်မှာလား"

"မသိဘူး ငါမေးရအုံးမယ်"

"ဘယ်သူ့ကိုသွားမေးမှာလဲ မင်းရည်းစားကိုလား"

Harutoရဲ့အမေးကို ကျွန်တော် မဖြေမိဘူး။ ကျွန်တော့်ရဲ့ကိုယ်ရေးကိုယ်တာတွေကို္ ဘယ်သူကမှသိနေဖို့လည်းမလိုအပ်ဘူး။ အဲ့တော့ ဘာမှမပြောပဲ အိမ်ကလွှတ်ပေးတဲ့ ကားပေါ်ကောက်တက်လာရုံပဲ ကျွန်တော်တတ်နိုင်တယ်။ မိဘတွေမရှိတော့လို့ Park Jeongwooဆိုတဲ့ ကျွန်တော်က အားပျော့ပြီးအာဏာမဲ့သွားလိမ့်မယ်လို့ ခင်ဗျားတို့ထင်နေတာတော့ မဟုတ်ဘူးမလား?

ကျွန်တော့်မိဘတွေမသေခင်တည်း​က မွေးရပ်မြေမှာ ကျွန်တော်ရသမျှမုန့်ဖိုးနဲ့ဝယ်ထားတဲ့ မြေကွက်တွေရှိတယ်။ အဖိုးကအမွေပေးခဲ့တဲ့ ကုမ္ဘဏီ(2)ခုလည်းရှိတယ်။ အဘွားပိုင်တဲ့ ဟောင်ကောင်က ကာစီနိုတချို့ကိုလည်း ကျွန်တော်က အပိုင်စားရထားသေးတယ်။နောက်ပြီး ကျွန်တော့်ကိုတုန်နေအောင် ချစ်တဲ ဦးလေးနဲ့ သူ့မိန်းမကလည်း သူတို့နဲ့အတူလိုက်နေဖို့ အမေတို့ဆုံးသွားပြီးတည်းက ခနခနလာပြောနေတယ်။ သူတို့က ကလေးမရနိုင်တာကြောင့် ကျွန်တော်သနားမိပေမယ့် ဘယ်သူကမှ ကျွန်တော့်Hyungလောက် အရေးမကြီးဘူး။

"Jeongwoo ပြန်လာပြီလား"

"အင်း"

"ခနနေ Hyungလာခဲ့မယ်နော် အခုအဝတ်လျှော်ရအုံးမှာမို့"

သူ့အိမ်ဝရံတာကနေ လှမ်းအော်နေတဲ့ Hyungကို ကျွန်တော် မော့ကြည့်ဖြစ်တယ်။Hyungစကားဆို အမြဲနားထောင်ချင်ပေမယ့် ဒီတစ်ခါတော့ ကျွန်တော်နားမထောင်ချင်တော့ဘူး။ အဲ့တော့ လွယ်အိတ်ကိုဧည့်ခန်းမှာပစ်ချပြီး ရေအမြန်ချိုးပြီးတာနဲ့ သူ့အိမ်ထဲဝင်လာလိုက်တယ်။

ကျွန်တော့်အခန်းလို ပွစာကြဲမနေဘဲ အားလုံးအစီအရီဖြစ်နေတဲ့ပုံကိုကြည့်တာနဲ့ Hyungက ဘယ်လောက်စည်းကမ်းကြီးလဲ ကျွန်တော် ခန့်မှန်းလို့ရတယ်။ကျွန်တော့်အခန်းကတော့ လမ်းဘေးရေဆိုးမြောင်းထဲက ကြွက်သိုက်အုံကြီးလိုပဲ မလျှော်ဖြစ်တဲ့အဝတ်တွေက အနံ့ဆိုးတွေတထောင်းထောင်းနဲ့။ ကုန်သွားတဲ့ စာအုပ်အဟောင်းတွေစုသိမ်းထားတဲ့နေရာကလည်း ဖုန်တွေပလဗွ။ဒါပေမယ့် တစ်ပတ်တစ်ခါတော့ အိမ်အကူမိန်းမကြီးက လာရှင်းလင်းပေးတာကြောင့် ကျွန်တော်က သူများတွေလိုလုပ်နေစရာမလိုဘူး။ ရခဲလှတဲ့ လူ့ဘဝကြီးကိုပျော်သလိုပဲ နေချင်တယ်။

-tbc-

𝖨𝗇𝖿𝖺𝖼𝗍, 𝖤𝗏𝖾𝗋𝗒𝗍𝗁𝗂𝗇𝗀 𝗂𝗌 𝖲𝗁𝖺𝗆Where stories live. Discover now