(10)

250 39 4
                                    

"ဟိုးးမှာ ခုနှစ်စင်ကြယ်တန်းလေး တွေ့လား Hyung"

စိတ်ပင်ပန်းတာတွေဖြေဖျောက်ဖို့ ကျွန်တော်နဲ့ hyungရဲ့တစ်ခုတည်းသော အလုပ်က ညဘက်မှာကြယ်တွေထိုင်ကြည့်ပြီး ရေတွက်ရတာကိုပဲ။ အလုပ်မရှိ၊အလုပ်ရှာနေတဲ့သူဆိုပြီး ခင်ဗျားတို့သတ်မှတ်နိုင်ပေမယ့် ကျွန်တော်တို့အတွက် ဒါကတကယ်ပဲ စိတ်သက်သာရာ ရစေတယ်။

"ဘယ်မှာလဲ ဟိုတစ်ခုလား"

"နိုး! ဒီဘက်မှာ"

ပြာရီမှိုင်းနေသော နက်ပြာရောင်မိုးသားတိမ်တိုက်တို့အစုအဝေးဖြစ်နေတဲ့ကောင်းကင်ကြီးရဲ့တစ်နေရာကို ညွှန်ပြပေးနေတဲ့ Hyungရဲ့လက်တွေကိုဖမ်းဆုပ်ပြီး ကျွန်တော့်ရဲ့ဦးတည်ရာဖြစ်စေမယ်။

မိုးလေကင်းစင်နေတဲ့ ညဘက်ကောင်းကင်ယံကြီးက ကြယ်တွေနဲ့အပြည့်။ သူတို့ရဲ့အလယ်ဗလိုမှာတော့ လမင်းက နေရာယူထားတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ လမင်းထက် ကြယ်တွေကိုပိုကြိုက်တယ်။ သူများရဲ့အထောက်အပံ့ကိုယူပြီး မထွန်းလင်းချင်သလို တောက်ပချင်တဲ့စိတ်လည်းမရှိဘူး။

"ဒီနေ့ည လကြီးကလှလိုက်တာ ပြည့်နေရောပဲ"

"Hyungက ပိုလှတယ် ပိုကြည့်ကောင်းတယ် ကျွန်တော့်ဘက်ကိုလှည့်ပါအုံး"

"မင်းက​တော့ လူလည်ကောင်ပဲ Jeongwoo"

ပြုံးကြမိတယ်။ ကျွန်တော့်ပုခုံးကိုထုရိုက်နေတဲ့ သူကို ကြည့်ပြီးရယ်မိတော့ Hyungက ကျွန်တော့်ကိုမေးခွန်းတစ်ခုထပ်ထုတ်တယ်။ ဒါပေမယ့် ကျွန်တော်မထင်ထားတဲ့မေးခွန်းမျိုး။

"Jeongwoo....Hyungကို ချစ်လား?"

"........."

"ဘာလဲ မင်းက စကားအရမ်းတတ်တာမဟုတ်ဘူးလား အခုက ငအလေး ဖြစ်သွားပြီပဲ"

တကယ်ပဲ ကျွန်တော်ဟာ စကားအရမ်းပြောတတ်တဲ့ ငအတစ်ကောင်သာသာပါပဲ။ ဒီချစ်စကားကို ကျွန်တော် ဒီဘဝမှာဘယ်တော့မှထုတ်ပြောဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော်ဟာ မလွယ်ကူတဲ့အချစ်ရေးကို ထိုးနှင်ကြမဲ့စကားလုံးတွေကို ဦးဆောင်လမ်းပြလုပ်မပေးချင်သလို နာကျင်စွာကွဲကွာရပြီး ပြန်ဆက်လို့မရနိုင်တဲ့ ဆက်ဆံ​ေရးမျိုးကိုလည်း အစမချီချင်ခဲ့ပါဘူး။

"ချမ်းလာပြီ ကျွန်တော်Hyungကို အိမ်ထိလိုက်ပို့မယ် လာ!"

"Ummm"

-tbc-

𝖨𝗇𝖿𝖺𝖼𝗍, 𝖤𝗏𝖾𝗋𝗒𝗍𝗁𝗂𝗇𝗀 𝗂𝗌 𝖲𝗁𝖺𝗆Where stories live. Discover now