Zawgyi
"ပါပါးးးး"
စူထူထူနှုတ်ခမ်းလေးနဲ့ ဂျွန်ပါပါး၏ညာခြေထောက်ကိုဖက်တွယ်နေသည့် ယုန်ပေါက်လေးသည်မဖြစ်နိုင်သည့်ကိစ္စကိုတောင်းဆိုနေပေသည်။
မဖြစ်နိုင်ဘူး!
မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။မဖြစ်သေးတာပဲရှိတာ။ ဂျင်ယောင်းကသူနဲ့ဖြစ်တော့မှာ။ 'မကြာမီလာပြီမျှော်' ဆိုင်းဘုတ်ကြီးက တိုကျိုမြို့လည်ခေါင်မှာ ချိတ်ဆွဲပြီးနေလောက်ပြီ။ ငယ်ငယ်တုန်းက ခြေတံတိုတိုလေတွေတောင်အရှည်ကြီးဖြစ်လာသေးတာပဲဟာ။ဆွဲဆန့်ထားတာလည်းမဟုတ်ဘူး။လုပ်ယူထားတာလည်း မဟုတ်တဲ့ ဂျောင်ကုခြေတံလေးတွေလိုပါပဲ။
မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။
ဒါကြောင့်ပဲ
"ယောက်ျားယူချင်တယ်လို့!! အဟီးဟီး ဗြဲ!!"
"တိတ်စမ်းကွာ လူကြားမကောင်းသူကြားမကောင်း"
ဂျွန်ပါပါးက ဂျောင်ကုလက်မောင်းကြားထဲရောက်နေတဲ့ သနားစရာခြေထောက်ကိုပြန်ဆွဲယူရှာသည်။ ဒါပေမယ့်လည်း လေးငါးနှစ်လောက် Gym ဆော့ထားတဲ့သူ့သားဖြစ်သူရဲ့လက်မောင်းကြားထဲကဘယ်လိုမှလွတ်နိုင်မည်မထင်ပါ။
တောင်းပန်ပါတယ်ကွာ.... ခွေးကောင်လေးလက်ထဲမင်းကျိုးတော့မယ်ထင်ပါရဲ့...
"မိန်းမရေမင်း သားကိုလာပြောဦးဟ! ယောက်ျားယူချင်လို့တဲ့!!!"
လုံးဝမတတ်နိုင်တော့သည့်အဆုံး မီးဖိုချောင်ထဲ တကုတ်ကုတ်ဖြစ်နေသည့်ဂျွန်မာမားကို လှမ်းအကူအညီတောင်းတော့ အကြည့်တစ်ချက်တောင် ပြန်မလာသည့်အဖြစ်ပင်။
"ပါပါးရယ်...ယောက်ျားယူချင်တာဘာမှားလို့လဲ။ ပါပါးလည်းယောက်ျားပဲလေဗျာ။ တကယ်လို့မာမားရဲ့မာမားက ပါပါးကိုယောက်ျားမို့လို့မယူနဲ့လို့ပြောရင်ပါပါးလက်ခံမလားပြော!"
အော်.. အော် ဖြစ်ရချည်ရဲ့။ဒါကျတော့တတ်တယ်။
"ဟေ့ကောင် မင်းမာမားရဲ့မာမားက မင်းမာမားကိုယောက်ျားမယူခိုင်းတော့ မင်းမာမားကမိန်းမယူပြီးမင်းမာမားရဲ့မာမားကို ဒါမာမားချွေးမပါဆိုပြီးမင်းမာမားကသွားပြောရမှာလား! မင်းမာမားရဲ့မာမားသွေးတိုးပြီး မင်းမာမားရဲ့မာမားကိုမြန်မြန်ဂန့်အောင်လုပ်နေတာလားကွ!!"
CITEȘTI
Idol ; Boy Snow White is mine (ရပျနား)
Alteleမင်းသားလေးရဲ့ စနှိုးဝှိုက်က အသားဖွေးဖွေး နူးနူးညံ့ညံ ကုကုရဲ့ စနှိုးဝှိုက်က နှုတ်ခမ်းဖူးဖူး ဂျစ်တူးတူး မင်းသားလေးရဲ့ စနှိုးဝှိုက်က အသားဖွေးဖွေး နူးနူးညံ့ညံ ကုကုရဲ့ စနှိုးဝှိုက်က နှုတ်ခမ်းဖူးဖူး ဂျစ်တူးတူး