1 (Zawgyi,Unicode)

2.3K 154 71
                                    

Zawgyi

'ချစ်တယ် ဂျင်ယောင်း' (Jin Hyung)

ပန်းနုသွေးရောင်စာအိတ်လေး၏ အတွင်းဘက်ခြမ်းတွင်နေရာယူထားသော ရေမွှေးစာရွက်လေးသည် သူ့အတွက်တော့အကျည်းတန်စရာကောင်းနေပေခဲ့သည်။

အထက်တန်းကျောင်းသားတစ်ယောက်အနေနဲ့ ရည်းစားပေးခံရတဲ့အခါ ငါ FA ဘဝကကျွတ်ပြီဆိုပြီး ထခုန်မတတ်ပျော်နေရမယ်ဆိုတာတော့ သူသိပါသည်။ အစတုန်းကလည်း သူအတော်လေးပျော်ခဲ့ပါတယ်။ ဘယ်မိန်းကလေးကများ သူ့ကိုစာလာပေးလဲဆိုတဲ့အတွေးလေးနဲ့ပေါ့။

သူရည်းစားစာပေးခံရတာ တစ်လလောက်နီးပါးရှိနေပြီ။ ပဲပင်ပေါက်ချီးကားတက်ကျိတ်ခံထားရတာထက် ဆိုးတဲ့လက်ရေးတွေနဲ့ ရည်းစားစာတွေသည် အစပိုင်းမှာရင်ဖိုစေခဲ့ပေမယ့် အခုအချိန်မှာတော့ ရည်းစားစာ လို့အသံကြားတာနဲ့ မာရသွန်ပြေးပွဲကလက်ရွေးစင်ကြီးတစ်ယောက်လို ပတ်ပြေးနေတော့သည်။

လွန်ခဲ့သည့်တစ်ပတ်လောက်က ကလေးတစ်ယောက် သူတို့အခန်းထဲဝင်လာခဲ့သည်။ အရပ်လေးပေတောက်မပြည့်ချင်သေးတဲ့ ကလေးက ငါးပေကျော်ခြောက်ပေနီးပါးအရပ်နဲ့သူ့ကို ချစ်စကားလာပြောတယ်လေ။ နောက်ပြီး သူ့ကိုစာပေးပေးနေတဲ့လူဟာ အဲ့ကလေးပါတဲ့။

ကင်ဆော့ဂျင်ဆိုတဲ့ သူ့ဘဝထဲအဲ့ဒီ့အချိန်လေးမှာတော့ ပထမဆုံး သွေးအန်ခဲ့ရသည်။ ပိတ်ကန်လိုက်ရင်တောင် ဂိုးချက်ချင်းသွင်းလောက်တဲ့ လက်တောက်လောက်အရွယ်ကလေးလေးက ချစ်တယ် ဂျင်ယောင်း ချစ်တယ်ဂျင်ယောင်းနဲ့ တဖွဖွပြောနေတာ။ သူစိတ်ထဲ ချစ်တယ်ဆိုတဲ့စကားက ယတြာချေတဲ့စကားများမှတ်နေလားမသိ။

အခုလည်း ပန်းသီးတစ်လုံးနဲ့ စာတစ်စောင်လာပေးတဲ့ အဲ့ကလေးရဲ့ဘော်ဒီဂါတ်။ သခင်ရောအစောင့်ရော အတူတူနဲ့အနူနူပဲ ဘာမှမကွာဘူး။ ကိုယ့်သခင်ပိစိလေးက ငယ်ငယ်လေးနဲ့ဟိုစိတ်ဒီစိတ်တွေရှိနေတာကို ဒင်းတို့က မြှောက်ထိုးပင့်ခေါ်။

ဆော့ဂျင် လက်ထဲကစာရွက်ပါးကို တစ်စစီဆုတ်ဖြဲကာ လုံးချေပစ်လိုက်ရင်း ဘေးမှာအဆင်သင့်ချပေးထားတဲ့ အမှိုက်ပုံးထဲပစ်ထည့်လိုက်တယ်။ ပန်းသီးလေးကိုတော့ နှမျောတာကြောင့် နောက်ကျစားဖို့ကြံလိုက်တယ်။

Idol ; Boy Snow White is mine (ရပျနား)Where stories live. Discover now