6 (Zawgyi,Unicode)

593 93 7
                                    

Zawgyi

မိုးကုပ်စက်ဝိုင်းကြီးက အနီရောင်ပြောင်းနေပြီ။ အနီရောင်က ရဲရင့်တယ် စိတ်အားထက်သန်မှုနဲ့ သွေးပျစ်ပျစ်တွေရဲ့ အမှတ်အသားတစ်ခု။ ဝါဖျော့ရောင်သန်းနေတဲ့ နေမင်းကြီးကတော့ မျက်စိစူးရုံမျှလေး ငွေ့ရည်ဖွဲ့ရုံမျှလေး လင်းထင်းနေသည်။

တကျွီကျွီနှင့် အသံမြည်နေသော ကစားကွင်းတစ်ခု။ ထိုကစားကွင်းရှိသော ရက်ကွက်ရဲ့တစ်ဖက်အလွန် နောက်ထပ်ရက်ကွက်တစ်ခုမှာ အသိကလေးတစ်ယောက်နေထိုင်ခဲ့ဖူးတယ်။

ဒန်းစီးနေတဲ့အသံက ပိုပြီးကျယ်လောင်လာတယ်။

ခြေတံရှည်ရှည် ခါးသွယ်သွယ်နဲ့သူ့ရဲ့လက်နှစ်က ဒန်းကြိုးလေးကို ဆုပ်ကိုင်ထားသည်။ လပိုင်းအတွင်းလောက်မှာတင် အနည်းငယ်ဆိုရုံလောက်လေး ပိုရှည်လာသောအရပ် ၊ ပိုပိန်လာသောခန္ဓာကိုယ်နဲ့ ပိုပြီးဖြူဆုပ်ဆုပ်ဖြစ်လာတဲ့အသားအရည်။ နူးနူးညံ့ညံ့အသားစတွေပြည့်နေတဲ့ ပါးတစ်ဖက်ကတော့ နီရဲရောင်ကိုင်းလို့။ အခက်မသင့် ထိုဘယ်ဘက်ပါးကိုသွားသွားထိမိရင် စူးအောင့်လာသော နာကျင်မှုက အခုခံစားနေရတဲ့ဘယ်ဘက်ရင်အုံကနာကျင်မှုလောက် မဆိုးရွားပေ။

သူ ထိုနာကျင်မှုကိုအမည်မဖော်တတ်။ သူငယ်ချင်းတွေပြောကြတာတော့ အသဲကွဲနေတာ တဲ့။ အသဲကွဲရအောင် ကိုယ်ကတစ်စုံတစ်ယောက်ကို ချစ်ကြိုက်ခဲ့ဖူးတာလည်းမဟုတ်ဘူး ဘာကိုအသဲကွဲရမှာလဲ?။ အခုခံစားနေရတာက လူတွေပြောကြတဲ့အသဲကွတယ်ဆိုတာကြီးထက်ကို ပိုဆိုးရွားတဲ့နာကျင်မှုပဲ။

တစ်စုံတစ်ယောက်အပေါ် မျှော်လင့်ချက်တွေ ယုံကြည့်မှုတွေအားလုံးပုံအောပေးခဲ့ပါရက်နဲ့ ထိုသူကပဲ ခံစားချက်တွေအားလုံးကို အလွဲသုံးစားလုပ်သွားခဲ့သည်။

ခံစားချက်ကြီးကလည်း ခါးလိုက်တာ။

'ကျွီ' ဆိုတဲ့အသံတစ်ခု စူးစူးဟိန်းဟိန်းကြီးမြည်သွားပြီးတဲ့နောက် ပတ်ဝန်းကျင်ကလူတွေပြောကြတယ်။ 'တစ်လလောက်နီးပါး ထိုဒန်းလေးပေါ်မှာ ကောင်လေးတစ်ယောက် တစ်နေ့လုံးတစ်ညလုံးလာထိုင်နေတတ်တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့သုံးလေးရက်လောက်ကစပြီး သူ့ကိုမတွေ့ရတော့ဘူး' တဲ့။

Idol ; Boy Snow White is mine (ရပျနား)Where stories live. Discover now