"သမီးကရောက်နေပြီလား... အားနာစရာကြီးကွယ် လေးနိုင်နားမှာ ထိုင်နေတာမဟုတ်ဘူး"
"လေးနိုင်နားမှာထိုင်နေရင် တီမြိုင့်ကိုချစ်တဲ့အကြောင်းတွေ ပြောပြနေဦးမှာစိုးလို့ အလုပ်ပဲဝင်လုပ်လိုက်တာ"
နှောင်းစကားကို တီမြိုင်က ရယ်ပြီး
"အဲ့လူကြီးကအခုထိ အဲ့လိုပဲ... တီမြိုင်က သမီးပင်ပန်းမှာစိုးလို့ပါ"
"ရပါတယ် တီမြိုင်ကလည်း ဒါတွေက နှောင်းလုပ်ဖူးတဲ့အလုပ်တွေပါ... အာ့ဆို နှောင်းသွားမယ်တီမြိုင် ဒီမှာ အော်ဒါစာရွက်... ဒီအော်ဒါက နှောင်းယူသွားလိုက်မယ်နော် Table နံပါတ်က"
"4 နှောင်းရေ..."
စားဖိုမှူးတစ်ယောက်က လှမ်းပြောလိုက်တာကြောင့်
ရနေပြီဖြစ်နဲ့ ဟင်းပွဲတွေကို ဗန်းလေးထဲထည့်ကာ ဧည့်သည်ဆီသို့ယူသွားလိုက်သည်။ ဟုတ်တယ်လေ... ဆယ်တန်းပြီးတဲ့အချိန်ကတည်းက ဘွဲ့ရပြီး အခုကုမ္ပဏီမှာ အလုပ်မဝင်ခင်အချိန်ထိ Home Dining ဆိုတဲ့ ဆိုင်လေးဟာ နှောင်းဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့တာပဲလေ။
အချိန် ၂နာရီလောက် ကြာမြင့်သွားချိန်မှာတော့ ဆိုင်မှာ စားသုံးသူဧည့်သည်က တစ်ဝိုင်းစ နှစ်ဝိုင်းစသာ ကျန်တော့တာကြောင့် နှောင်းလည်း ခါးစည်းထားတဲ့ အေပရွန်ကို ဖြုတ်ကာ စားပွဲအလွတ်တစ်လုံးမှာ ထိုင်နေတဲ့ လင်းဆီ လျှောက်သွားလိုက်သည်။ ခုနကမှ ရောက်လာပြီး မှိုင်နေတဲ့လင်းကြောင့် လင်းဘေးကခုံကို ဆွဲယူပြီး ထိုင်လိုက်သည်။
"ဘာဖြစ်နေတာလဲ လင်း... နေမကောင်းလို့လား
အလုပ်ပင်ပန်းလို့လား"
"ဟင့်အင်း ဘာမှမဖြစ်ပါဘူး နှောင်းရယ်...
ဒီအတိုင်းပါပဲ"
ရွှင်ရွှင်ပြပြမရှိတဲ့ လင်းပုံစံကြောင့် ကြည့်လိုက်တာနဲ့ ရည်းစားပူမိနေတယ်ဆိုတာ ရိပ်မိလိုက်သည်။ လင်း မပြောချင်သေးလို့ ရင်မဖွင့်ချင်သေးလို့ နှောင်းအမေးကို ရှောင်တယ်ဆိုတာသိလိုက်တာကြောင့် နှောင်းလည်း ဆက်မမေးတော့ပါ။ ဒါပေမယ့် သူငယ်ချင်းဆိုတာက အမြဲတမ်း ဘေးမှာ ရှိနေပေးရမယ်မလား။
💕 Daily Routine💕
Start from the beginning
