လေးနိုင်စကားကြောင့် ဆိုင်ထဲကို မျက်လုံးကစားကြည့်လိုက်တော့ အဟုတ်ကို ဆိုင်ထဲမှာ လူကအပြည့်ပင်။နှောင်းလည်း စိတ်ဆုံးဖြတ်ပြီးတာနဲ့ လွယ်ထားတဲ့ ပိုက်ဆံအိတ်ကို လေးနိုင်ဆီပေးကာ
"ကဲ နှောင်းပါ အကြောလေးဘာလေးလျော့ပေးရတာပေါ့... လေးနိုင် နှောင်းအိတ်လေးသိမ်းထားပေးဦး"
"အေးပါအေးပါ... ဖြစ်ပါ့မလားဟ"
အားနာတဲ့သဘောနဲ့မေးနေတဲ့ လေးနိုင်ကို မျက်စိတစ်ဖက်မှိတ်ပြပြီး လက်ကောက်ဝတ်မှာဝတ်ထားတဲ့ခေါင်းစည်းကြိုးအနက်ရောင်လေးကိုယူပြီး ဂုတ်ကျော်ကျော်ဆံပင်တိုလေးကို မရမက စုစည်းလိုက်သည်။
လေးနိုင်ကမ်းပေးနေတဲ့ အေပရွန်ကို ခါးမှာချည်ကာ စားပွဲပေါ်မှာရှိတဲ့ Note စာအုပ်လေးနဲ့ဘောပင်ကိုယူပြီး စားသုံးသူတွေကြားထဲသွားလိုက်သည်။ နှောင်းနဲ့ရင်းနှီးနေတဲ့ ဆိုင်ဝန်ထမ်းတွေကလည်း နှောင်းကို ပြုံးပြရယ်ပြကြသေးသည်။
မှာဖို့လက်ဖဝါးတစ်ဖက်မြှောက်လိုက်တဲ့ ဧည့်သည်ဝိုင်းကို နှောင်းလျင်မြန်စွာသွားလိုက်ပြီး
"ဘာများသုံးဆောင်မလဲရှင်"
"ပါစတာတစ်ပွဲ မလေးရှားထမင်းကြော်ကို Seafood နဲ့တစ်ပွဲ နောက်ပြီး Orange Juice နဲ့ Blue Ocean တစ်ခွက်ပေးပါ"
"ဟုတ်ကဲ့ မှာထားတာတွေပြန်ပြောပေးပါ့မယ်ရှင်...ပါစတာ တစ်ပွဲ၊ မလေးရှားထမင်းကြော်ကို Seafood နဲ့တစ်ပွဲ၊ Orange Juice တစ်ခွက်နဲ့ Blue Ocean တစ်ခွက်နော်"
"ဟုတ်ပါတယ်"
"ဟုတ်ကဲ့ပါ... အခုချိန်က ဧည့်သည်ကျချိန်ဆိုတော့ လူကြီးမင်းတို့ဘက်က ခဏတော့စောင့်ပေးပါနော်"
"ရပါတယ်"
"ကျေးဇူးတင်ပါတယ်ရှင့်"
ဧည့်သည်ကို ခါးလေးကိုင်းကာအရိုအသေပေးပြီးနောက် အော်ဒါစာရွက်ပေးဖို့ Kitchen ဘက်ထွက်လာသည်။
Kitchen ကောင်တာပေါ် စာရွက်လေးတင်လိုက်ပြီး လက်ထောက်ကာ
"Table 16 Order"
ရင်းနှီးနေတဲ့ အသံကြောင့် ချက်ပြုတ်နေရင်း ရောင်နီ လှည့်ကြည့်လိုက်တော့ သူ့ရဲ့ချစ်ရပါသော သူငယ်ချင်း နှောင်းပင်။ ချက်လက်စဟင်းက မပြီးသေးတာကြောင့် နှောင်းကို ပြုံးသာပြလိုက်ပြီး လုပ်စရာရှိတာ ဆက်လုပ် နေရသည်။ အမေကတော့ နှောင်းကိုမြင်တာနဲ့
💕 Daily Routine💕
Start from the beginning
