💕 Daily Routine💕

Start from the beginning
                                        

"အစ်မသူဇာပေါ့... သားတော်မောင် အိမ်မှာမရှိတော့ လွတ်လပ်ရေးရနေတယ်ဆိုလို့လေ... မမမြတ်"

သီရိစကားကို ခေါင်းတညိတ်ညိတ်နဲ့နားထောင်ပြီး မမမြတ်က

"ကလေးက ဘယ်သွားလို့လဲ သူဇာ"

"အဘွားအိမ်အလည်သွားတာလေ မြတ်ရဲ့"

"ဟွန့်... အာ့ဆို သူဇာတော့ တကယ့်လွတ်လပ်ရေးပဲပေါ့"

မြတ်ရဲ့ရယ်သွေးလွှမ်းကာ ပြောလိုက်တဲ့စကားကြောင့် ပထမထပ်မှာရှိတဲ့ တစ်ဖွဲ့လုံးရယ်မိကြသည်။

"ကဲကဲ... ဒါဆို မြတ်အပေါ်တက်တော့မယ်"

"ဟုတ်ကဲ့"

တစ်ညီတစ်ညာတည်းပြန်‌ဖြေကြတဲ့ဝန်ထမ်းတွေကို
ကြည့်ပြီး မြတ်ပြုံးပြကာ မိမိရုံးခန်းရှိရာ ဒုတိယထပ်
(အပေါ်ဆုံးထပ်) သို့တက်လာလိုက်သည်။ Aurora Chic ဆိုတဲ့ Brand တစ်ခုကို အောင်အောင်မြင်မြင်
နဲ့ အကောင်အထည်ဖော်နိုင်ခဲ့တာဟာ မိမိအစွမ်းအစအပြင် ဒီကဝန်ထမ်းတွေအားလုံးရဲ့ ကြိုးစားမှုကြောင့်
လည်း ပါတယ်လို့ပြောလို့ရပါတယ်။ မြတ်နဲ့အိမ်မက်တွေ အကောင်အထည်ဖော်လာတာနဲ့အညီ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးကိုပါ ပိုင်ဆိုင်ထားတာမို့ မြတ်ဘဝက အပူအပင်မရှိပေ။

💕💕💕💕💕💕💕💕💕💕

ညနေရုံးဆင်းတော့ ဒီည လင်းကလည်း ဂျူတီမရှိဆိုတော့ ဦး ဆိုင်မှာပဲ ဆုံဖို့ ချိန်းထားလိုက်သည်။ နှောင်းရုံးကနေဆို ဦး ဆိုင်က နာရီဝက်လောက် ကားစီးရတာမို့ ကားဂိတ်ကို ခပ်သွက်သွက်လေး လျှောက်လာလိုက်သည်။ ရုံးဆင်းချိန်မို့ ကြပ်ညပ်နေတဲ့ ဘတ်စ်ကားကို အတင်းတိုးဝှေ့စီးလာပြီးချိန်မှာတော့ ဦးရဲ့ဆိုင်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်။

Home Dining ဆိုတဲ့ ဆိုင်ကို မှန်တံခါး တွန်းဖွင့်ကာ ဝင်လိုက်တယ်ဆိုရင်ပဲ ကောင်တာမှာထိုင်နေတဲ့ လေးနိုင်က နှောင်းကို ပြုံးပြကာ

"ဟော... နှောင်းတောင် ရောက်လာပြီလား... ဒီညနေဆိုင်မှာ လူကျနေတာနဲ့ သားကြီးကအခုထိ Kitchen ထဲမှာပဲ သမီးရေ..."

"တီမြိုင်ရောလား လေးနိုင်"

"ဟုတ်တယ် သမီးရေ... ဒီနေ့လူတော်တော်ကျနေတာ"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now