"မင်္ဂလာပါ အစ်မနှောင်း"
"မင်္ဂလာပါ"
"အိ ကော်ဖီဖျော်ပေးရမလား"
"ရတယ် ရတယ် နှောင်းဘာသာ ဖျော်လိုက်ပါ့မယ်... ဆိုင်ဖွင့်ဖို့သာ ပြင်ဆင်နေလိုက်ပါ"
"ဟုတ်ကဲ့"
အရောင်းဝန်ထမ်းကောင်မလေးကို ပြောပြီးတာနဲ့
နှောင်း အပေါ်ထပ်သို့တက်လာခဲ့သည်။ နှောင်းက Aurora Chic ဆိုတဲ့ အမျိုးသမီးဝတ် အဝတ်အထည်တွေကို နိုင်ငံတကာအဆင့်မှီ ကိုယ်တိုင်ဒီဇိုင်းဆွဲပြီး ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီတစ်ခုမှာ Brand Manager အနေနဲ့ တာဝန်ယူအလုပ်လုပ်နေပါတယ်။ သုံးထပ်တိုက်မှာ မြေညီထပ်က အရောင်းဆိုင်ခန်းနဲ့ အပေါ်နှစ်ထပ်ကတော့ နှောင်းတို့လို ရုံးပိုင်းဆိုင်ရာနဲ့ ဒီဇိုင်းနာအခန်းတွေရှိပါတယ်။ နှောင်းအလုပ်လုပ်တဲ့ ပထမထပ်ကိုရောက်တော့ အရင်ရောက်နေတဲ့သူတွေက
"ဟော... နှောင်းတောင်ရောက်လာပြီ"
"ဟုတ် အစ်မသူဇာ... ဒီနေ့စောလှချည်လား"
"သားတော်မောင်က မနေ့က သူ့အဘွားအိမ်သွားအိပ်တယ်လေ... သူ့အတွက် ပြင်ဆင်ချိန်လျော့သွားတော့ အစ်မက စောစောရောက်နေတာပေါ့ ဟင်း... ဟင်း"
"အစ်မသူဇာတို့ လွတ်လပ်ရေးပေါ့"
"ဒါပေါ့ ဒါပေါ့..."
အစ်မသူဇာအပြောကြောင့် အခန်းထဲမှာရှိတဲ့သူတွေအားလုံး ရယ်မိလိုက်ကြသည်။ အိမ်ထောင်ရှင်မမိန်းမတစ်ယောက်အနေနဲ့ အပြင်ထွက်အလုပ်လုပ်ရဝာာ ဘယ်လောက်ပင်ပန်းလဲဆိုတာ အစ်မသူဇာကို ကြည့်ပြီး နှောင်းတို့တွေ ကိုယ်ချင်းစာမိသား။
"မမမြတ် ရောက်လာပြီ... မင်္ဂလာပါ"
သီရိစကားကြောင့် နှောင်းတို့ရယ်နေရာမှ အခန်းတံခါးဝကို လှည့်ကြည့်လိုက်မိတော့ Aurora Chic ရဲ့ ပဲ့ကိုင်ရှင် မမမြတ်။
"မြတ်ရောက်လာတာနဲ့ အားလုံးက ကိုယ်ရှိန်သပ်သွားပါလား... ပြောပါဦး ဘာအကြောင်းတွေပြောနေလို့ ရယ်သံက လှေကားနားထိပါကြားနေရတာလဲဆိုတာ"
အပြုံးနဲ့မေးတဲ့ မမမြတ်စကားကို အဖွဲ့ထဲမှာ အသက်အငယ်ဆုံးဖြစ်တဲ့ သီရိကပဲ
💕 Daily Routine💕
Beginne am Anfang
