ချွေးတိတ်သွားတာနဲ့ ရေချိုးလိုက်သည်။ ညဘက်သာ ဇိမ်နဲ့ရေချိုးနိုင်ပေမယ့် မနက်ကျရင် အချိန်မရတာကြောင့် အီလေးမဆွဲဖြစ်။ ရေချိုးပြီးတာနဲ့ မိတ်ကပ်ပြင်ဖို့ လုပ်ရသည်။ တိုနာကို လက်ဖဝါးထဲထည့်ပြီး
မျက်နှာပေါ်ကို တစ်ဖက်ဖက်နဲ့ အသာအယာပုတ်ပြီး လိမ်းလိုက်သည်။ လေရအောင် လက်ဖဝါးနဲ့ ၅ချက်လောက် ယပ်ခတ်လိုက်ပြီး Moisture လိမ်းရသည်။ ပြီးရင် Sun Cream လိမ်းကာ Cushion
ထုတ်ပြီး လိမ်းလိုက်သည်။ မက်မွန်သီးရောင်လေးကို ပါးမို့မို့လေးပေါ်တင်လိုက်ပြီး မျက်ခုံးမွှေးကို အနည်းငယ်အရောင်ဖြည့်ဆိုးကာ Eye Shadow ပါးပါးလေးလိမ်းပြီး မျက်တောင်ကော့လိုက်သည်။ နောက်ဆုံးနှုတ်ခမ်းနီလေးဆိုးလိုက်တော့ နှောင်းအတွက် မိတ်ကပ်လိမ်းခြင်းက ပြည့်စုံသွားပြီ။ မျက်နှာသုတ်ပုဝါပဲ
ပတ်ထားတုန်းဖြစ်တဲ့ ခန္ဓာကိုယ်အနှံ့ Lotion ကို အကျအနလိမ်းကာ အဝတ်အစားဝတ်ဖို့ပြင်ရသည်။
ရှပ်အဖြူရောင်လက်ရှည်ကို အသားရောင် High Waist Straight Trousers နဲ့ တွဲဖက်ဝတ်ဆင်လိုက်ပြီး ဖန်စီနားကပ် ဆွဲကြိုးနဲ့ လက်စွပ်တို့ကို ဝတ်လိုက်သည်။ ညာဘက်လက်ကောက်ဝတ်မှာ Pink Gold ကာလာနဲ့ ဟန်းချိန်းလေးဝတ်လိုက်ပြီး
ဘယ်ဘက်လက်မှာတော့ နာရီကို ဝတ်ဆင်လိုက်သည်။
ပြင်ဆင်ပြီးချိန်မှာ နာရီကြည့်တော့ ၈နာရီထိုးဖို့ ၁၅ မိနစ်သာလိုတော့တာကြောင့် Lock & Lock ထမင်းဘူးလေးထဲ ထမင်းနဲ့ဟင်းကို အစီအရီထည့်လိုက်သည်။ ထမင်းဘူးတွေကို ပိတ်ပြီး အိတ်ထဲထည့်ပြီးတာနဲ့ လက်ကိုင်အိတ်ကိုဆွဲယူပြီး ဖိနပ်စင်က ၁လက်မခွဲလောက် မြင့်တဲ့ဒေါက်ဖိနပ်အမည်းလေးကို ယူကာ
စီးလိုက်ပြီး အခန်းထဲကထွက်ကာ တံခါးကိုသေချာသော့ခတ်ပြီး သော့ကိုပိုက်ဆံအိတ်အတွင်းအိတ်ထဲထည့်ကာ ထွက်လာခဲ့သည်။
ဘတ်စ်ကားမှတ်တိုင်မှာ ကားစောင့်နေရင်း နာရီကြည့်တော့ ၈ နာရီအတိ ... နှောင်းအိမ်နဲ့အလုပ်နဲ့က အများဆုံး ၄၅ မိနစ်ဝန်းကျင်ကားစီးရတာမို့ စီးရမယ့်ကားကို မျှော်နေမိသည်။ ရောက်လာတော့လည်း ထုံးစံအတိုင်း ရုံးတက်ချိန်မို့ ကြပ်သိပ်နေတဲ့ကားပေါ်ကို မနည်းတိုးဝှေ့တက်လိုက်ရသည်။ ဆင်းရမယ့် မှတ်တိုင်ရောက်တော့လည်း မနည်းတိုးတိုက်ပြီး ဆင်းလာရသည်။ ကားပေါ်ကဆင်းမှ အသက်ရှုချောင်သွားကာ ရုံးကို ခပ်သွက်သွက်လေး လမ်းလျှောက်ရသည်။ ၅မိနစ်ခန့် လမ်းလျှောက်ပြီးနဲ့အခါမှာတော့ Aurora Chic ဆိုတဲ့ ရွှေရောင်ဖောင်းကြွစာလုံးများနဲ့ တင့်တယ်နေတဲ့ ဆိုင်ထဲကိုဝင်လိုက်သည်။
💕 Daily Routine💕
Start from the beginning
