💕 Daily Routine💕

Comenzar desde el principio
                                        

💕💕💕💕💕💕💕💕💕💕

မနက် ၆ နာရီ

တီတီတီတီ... တီတီတီတီ... တီတီတီတီ...

နှိုးစက်သံမြည်လာတဲ့ဖုန်းသံကြောင့် မျက်လုံးမဖွင့်နိုင်သေးပဲ ညကအားသွင်းထားတဲ့ဖုန်းကို လက်နဲ့စမ်းပြီး အိပ်ချင်နေတဲ့မျက်လုံးများကို အတင်းဖွင့်ကာ နှိုးစက်ကိုပိတ်လိုက်ရသည်။ နှောင်းက အအိပ်မက်တဲ့သူမို့ ဆက်လှဲနေရင် ပြန်အိပ်ပျော်သွားမှာစိုးလို့ ကုတင်ပေါ်မှာ အကျောဆန့်ပြီး ငုတ်တုတ်ထထိုင်လိုက်သည်။ ၅မိနစ်လောက် စိတ်နဲ့ကိုယ်နဲ့မကပ်ဖြစ်နေပြီးမှ ရုံးသွားဖို့ပြင်ဆင်ဖို့သတိရကာ ကုတင်ပေါ်ကဆင်းပြီး ၃မိနစ်ရေ‌နွေးအိုးနဲ့ ရေနွေးတည်လိုက်သည်။ ရေနွေးစောင့်ရင်း ဆန်ဆေးကာ ထမင်းကလည်း တည်ထားရသေးသည်။ ထမင်းပေါင်းအိုးခလုတ်နှိပ်ပြီးတာနဲ့ ရေနွေးရတာနဲ့ ကွက်တိမို့ ရေခဲသေတ္တာထဲက သံပုရာသီးကိုထုတ်ပြီး အကွင်းလေးတွေလှီးကာ ရေနွေးကို ခွက်ထဲထည့်ပြီး သံပုရာသီးပါထည့်လိုက်သည်။ ပျားရည်တစ်ဇွန်းလောက်ထည့်ထားပြီး အဖုံးခဏအုပ်ကာ မျက်နှာသစ် သွားတိုက်ဖို့ ပြင်ရသည်။ မျက်နှာသစ် သွားတိုက်ပြီးတာနဲ့ ရေနွေးခွက်ကိုယူကာ ဝရံတာထွက်ပြီး လေကောင်းလေသန့်ရှုရင်း ဇိမ်ဆွဲသောက်နေလိုက်သည်။

၁၅မိနစ်လောက်နေတော့ အခန်းထဲပြန်ဝင်လာပြီး
ဟင်းချက်ဖို့လုပ်ရသည်။ တစ်ယောက်တည်းနေပေမယ့် ထမင်းဟင်း ဝယ်စားလည်း ခံတွင်း‌မတွေ့တာ မေမေ့လက်ရာကို ၂၃ နှစ်နီးပါးစားခဲ့ရလို့လားမသိ အဆင်မပြေပေ။ ဒါကြောင့် ပင်ပန်းပေမယ့်လည်း ချက်ရတာလွယ်ကူတဲ့ဟင်းမျိုးတော့ ချက်ဖြစ်သည်။ ဝက်သားနဲ့ကြက်အူချောင်းပဲတွေ့တာကြောင့် ဝက်သားနီချက်ဖို့ ဝက်သားကို ခပ်သေ‌သေးအရွယ်တုံးကာ အရသာနယ်ထားလိုက်သည်။ ပြီးတာနဲ့ ကြက်သွန်နီ ခပ်ကြီးကြီး ၂ လုံးကို ၄စိတ်ဆီ စိတ်ကာ ၃လုံးကို ခပ်ပါးပါးလှီးထားလိုက်သည်။ ဒယ်အိုးကို အပူပေးပြီး ထန်းလျက်နဲ့သကြားထည့်ကာ အရည်ပျော်လာတဲ့အထိစောင့်ပြီး ဝက်သားတွေထည့်လိုက်သည်။ ခဏအဖုံးအုပ်ကာ ပြန်ဖွင့်ပြီး ရေနည်းနည်းထည့်ပြီး ၄စိတ်စိတ်ထားတဲ့ကြက်သွန်နီကို ထည့်ကာ နည်းနည်းမွှေလိုက်ပြီး အဖုံးပြန်အုပ်ထားလိုက်သည်။ သရက်ချဉ်ထုပ်ရှိတာကြောင့် ဖောက်ကာ တစ်၀က်ကို ရေနိုင်နိုင်ဆေးပြီး ကြက်သွန် ငရုတ်သီးစိမ်း အကျက်မှုန့် ဆီနဲ့အရသာမှုန့်တွေထည့်ကာနယ်လိုက်သည်။ ဝက်သားနီချက်ကလည်း ကျက်ပြီမို့
မီးပိတ်ကာ ရေမိုးချိုးဖို့ပြင်ရသည်။ နာရီကြည့်တော့ ၇နာရီ ၁၅ ဆိုတော့ ချွေးတွေလည်းထွက်နေတာမို့
ခဏနားရင်း ပိုက်ဆံအိတ်ထဲ ယူသွားရမှာတွေကို စစ်ပြီးထည့်နေလိုက်သည်။

💕 Feeling of Love 💕 (Unicode Ver)Donde viven las historias. Descúbrelo ahora