🎶Maybe we're perfect strangers
Maybe it's not forever
Maybe the night will change us
Maybe we'll stay together🎶
ဖုန်းထဲက ကြည့်လက်စဇာတ်ကားတစ်ခုကို ဆက်ကြည့်ရင်း ထမင်းစားနေတဲ့နှောင်း ဖုန်းဝင်လာတာကြောင့် ကြည့်နေရင်း အရှိန်ပျက်သွားသည်။ Screen မှာ ပေါ်လာတဲ့နာမည်ကြောင့် တစ်ချက်ရယ်လိုက်ရင်း Answer Call ကို နှိပ်လိုက်ပြီး
"ပြော ဦး"
"နှောင်း နင် ညစာစားပြီးပြီလား"
"အွန်း.. အခုစားနေတာ"
"ဘာလဲ ခေါက်ဆွဲပြုတ်ပဲလား"
"အံမယ် ငါ့ကိုများ အထင်သေးလို့.. ထမင်းကြော် စားနေတာနော် ထမင်းကြော်.. ကောင်းလွန်းလို့ နင့်ဆိုင်မှာ တင်ရောင်းရင်တောင် ရောင်းမလောက်ဖြစ်သွားမှာ"
"ညနေဘက်ကို ထမင်းကြော်စားရလား နှောင်းရဲ့.. အစာမကြေဖြစ်တော့မှာပဲ"
"ရပါတယ် ငါပူပူလေးစားချင်နေလို့.. ဒါနဲ့ဘာပြောမလို့လဲ ငါ့ဆီဖုန်းဆက်တာ"
"နင် ထမင်းစားပြီးပြီလားမေးမလို့ပါ.. မစားရသေးရင် ငါဆိုင်က ဘာယူခဲ့ရမလဲလို့မေးမလို့.. ခေါက်ဆွဲပြုတ်တွေပဲစားနေမှာစိုးလို့လေ"
"ဟွန့်.. ငါ့မှာ နင့်လိုစိတ်ပူပေးတဲ့သူငယ်ချင်း တစ်ယောက်ရှိတာ သိပ်ကိုကံကောင်းတာပဲ.. ဘာမှမယူလာနဲ့တော့ ငါစားပြီးပြီ.. ခဏနေ လုပ်စရာရှိတာလုပ်ပြီး အိပ်တော့မှာ..."
"အေးပါ အာ့ဆိုဒါပဲနော် Good Night "
"အွန်း Good Night"
ဦးနဲ့ဖုန်းပြောပြီးတာနဲ့ စားလက်စကို အမြန်လက်စသက်ကာ ဆေးကြောစရာရှိတာအကုန် ဆေးကြောလိုက်ပြီး နာရီကြည့်လိုက်တော့ ည ၈နာရီတောင် ထိုးတော့မည်။ ဖန်ခွက်ထဲကို ဝိုင်အနည်းငယ်ထည့်လိုက်ပြီး ဝရံတာဘက်ကိုထွက်လိုက်ပြီး လေညှင်းခံရင်း ဝိုင်အနည်းငယ် သောက်နေမိသည်။ အနည်းငယ်အေးလာသလိုခံစားရတာကြောင့် အခန်းထဲပြန်ဝင်ပြီး မနက်ဖြန်လုပ်ရမယ့်အလုပ်နဲ့ပတ်သက်ပြီး မှတ်စုစာအုပ်ထဲမှာ Schedule ဆွဲထားလိုက်သည်။ ကြည့်လို့မပြီးသေးတဲ့ ကိုရီးယားကားကို ဆက်ကြည့်လိုက်ပြီး နာရီကြည့်တော့ ၁၀နာရီကျော်နေပြီမို့ ကုတင်ပေါ်တက်ကာ စောင်ကိုအကျအနခြုံပြီး ကျောနောက်မှာ ခေါင်းအုံးခံထားပြီး Instagram ကို ဖွင့်ကာ Update အနည်းငယ်ကြည့်၊ ကုမ္ပဏီရဲ့ပို့စ် အခြေအနေတွေဝင်ကြည့်ပြီး ဖုန်းကိုပိတ်ကာ အားသွင်းပြီး အိပ်ဖို့ပြင်လိုက်သည်။ အချိန်ကတော့ ၁၁နာရီ၄၅ မိနစ်.. ဒါဟာ နှောင်းရိပ်ငယ်ဆိုတဲ့သူမရဲ့ တစ်နေ့တာပါပဲ။
💕 Daily Routine💕
Start from the beginning
