💕 Daily Routine💕

Start from the beginning
                                        

"လိုက်သွားလိုက်လေ သားရဲ့... တစ်ခါတစ်လေပဲကို... အချိန်တိုင်း မီးဖိုချောင်ထဲမှာ အချိန်ကုန်နေတာမျိုးတော့ အမေလည်း သဘောမကျဘူး"

အမေကပါ နှောင်းဘက်က ပြောနေတာကြောင့်

"ကျွန်တော် နှောင်းကိုစနေတာပါ... ကျွန်တော် အဲ့နေ့ညနေပိုင်း ခွင့်ယူမယ်အမေ"

"ရပါတယ် သားရယ်... သားအမိချင်းပြောနေစရာလိုလို့လား"

"ဒီလိုပါပဲ"

ရောင်နီ့စကားကြောင့် အမေဝမ်းနည်းသွားပေမယ့် မတတ်နိုင်။ အမေက ဆိုင်ပိုင်ရှင်ရဲ့ဇနီးဆိုပေမယ့် ဆိုင်ပိုင်ရှင်နဲ့ ရောင်နီနဲ့က ဘာမှတော်စပ်တာမဟုတ်တာကြောင့် ရောင်နီ့အတွက်နဲ့ အမေ့ကို တာဝန်မပိုစေချင်တာ အမှန်ပါ။

တိတ်ဆိတ်သွားတဲ့အနေအထားကြောင့် နှောင်းကပဲ

"ဟို... တီမြိုင် နှောင်းတို့လည်းစားပြီးပြီဆိုတော့ ပြန်တော့မယ်နော်... ဘာကူလုပ်ပေးရဦးမလဲ"

"မလိုပါဘူးကွယ် ရပါတယ်... စောနက သမီး ကူညီထားတာတွေအတွက်တောင် ကျေးဇူးမတင်ရသေးဘူးရယ်"

"ရပါတယ် တီမြိုင်ရဲ့"

"မိုးချုပ်နေပြီ ဂရုတစိုက်သွားကြနော်"

"ဟုတ်ကဲ့"

"ငါပြန်လိုက်ပို့ပေးမယ်လေ"

"ရပါတယ်ဟာ ဟိုနားဒီနားပဲကို လမ်းလျှောက်သွားလိုက်မယ်... လင်းလည်းပါတာပဲကို "

"ဟုတ်သားပဲ ငါတို့ဘာသာလမ်းလျှောက်ပြန်လိုက်မယ်... အစာကြေသွားအောင်ပေါ့... အာ့ဆို အန်တီမြိုင် သမီးတို့ပြန်မယ်နော်"

"အေးအေး သမီး"

"ဟဲ့ ဆန်းဒေး မမေ့နဲ့နော်"

ခေါင်းညိမ့်ပြတဲ့ ဦး ကို‌ ပြုံးပြကာ စားပွဲဝိုင်းကလှည့်ထွက်လာခဲ့သည်။ ကောင်တာနားအရောက်မှာ ထိုင်နေတဲ့ လေးနိုင်ကို နှုတ်ဆက်ပြီး နှောင်းနဲ့လင်း ဆိုင်ထဲက ထွက်လာခဲ့လိုက်သည်။

ဦး ဆိုင်က ထွက်လာတဲ့အချိန်ကတည်းက နှစ်ယောက်သား လမ်းသာလျှောက်နေတာ ၁၅မိနစ်လောက်ရှိပြီ။ ဘာစကားမှမပြောဖြစ်။ လင်းရဲ့အခြေအနေကို ကြည့်တော့လည်း စိတ်နဲ့ကိုယ်နဲ့မကပ်ဖြစ်နေတာကြောင့်

"စိတ်ညစ်စရာရှိနေရင် ငါ့ကိုရင်ဖွင့်လို့ရတယ်နော်"

နှောင်းစကားကြောင့် လင်းက နှောင်းကို ငဲ့ကြည့်ပြီး
အသက်မပါတဲ့အပြုံးဖြင့် ပြုံးပြကာ သက်ပြင်းချလိုက်ရင်း

"ဒီလိုပါပဲဟာ ရှေ့ဆက်ရမယ့်ငါ့ဘဝအကြောင်းတွေးပြီး စိတ်ရှုပ်လာလို့"

"နင့်ဘေးမှာ ငါတို့အမြဲတမ်းရှိတယ်... တစ်ခုခုဆို နင်တစ်ယောက်တည်းမဟုတ်ဘူး... ဘေးမှာငါတို့ရှိတယ်... နင့်မှာ ဘာစိတ်ညစ်စရာတွေရှိနေမှန်း မသိပေမယ့် အရာအားလုံး အချိန်တန်ရင် အဆင်ပြေသွားမှာပါဟာ"

"အင်းပါ ငါဒီကနေပဲ ကားစီးသွားလိုက်တော့မယ်... နင်ပြန်နှင့်တော့လေ"

"ရပါတယ် ငါလည်းထိုင်စောင့်ပေးမယ်"

နှောင်းအိမ်နားက ဘတ်စ်ကားမှတ်တိုင်မှာ နှစ်ယောက်သားထိုင်နေပြီး ၅မိနစ်လောက်နေတော့ ဘတ်စ်ကားလာတာကြောင့် လင်းကတက်သွားသည်။ ပြန်ရောက်ရင် စာပို့ဖို့မှာလိုက်ပြီး နှောင်းလည်းအိမ်ပြန်လာခဲ့လိုက်သည်။

💕💕💕💕💕💕💕💕💕💕

အပိုင်း ၂ မျှော်

See you next Sunday

#haru_rin

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now