"ဟဲ့ ဦး!! နင်ရောလို့"
ရှေ့က ဆောင့်အောင့်ခေါ်လိုက်တဲ့အသံကြောင့် ရောင်နီ ခေါင်းအသာခါပြကာ
"ငါကတော့ အားပါတယ်... ထွေထွေထူးထူးမှမရှိတာ... နင်ကဘာလုပ်ချင်လို့လဲ"
"ငါက နင်တို့နဲ့ရုပ်ရှင်ကြည့်မလားလို့လေ... အခုရုံတင်နေတဲ့ကားက နိုင်ငံတစ်ကာမှာ လုံးဝဟိုးလေးတကျော်ကျော်ပဲဟ... အာ့ငါကြည့်ချင်လို့"
"အရင်ကလည်း ငါတို့မအားရင် နင့်ဘာသာနင် တစ်ယောက်တည်း သွားကြည့်နေကျကို အခုလည်း ကိုယ့်ဘာသာသွားကြည့်ပါလား"
"သရဲကားမို့ နင်တို့ကိုခေါ်နေတာပေါ့ဟဲ့"
နှောင်းစကားကြောင့် ရောင်နီရော လင်းပါ ရယ်လိုက်မိပြီး
"ဒါဆို နေ့လည် ၃ခွဲပွဲဆိုရင်ရော... ငါလည်းအားသွားပြီ ရောင်နီကလည်း ဆိုင်မှာ အဲ့အချိန်လောက်ကို ခွင့်ယူလိုက်ပေါ့... နော့်"
"ဟုတ်တယ် အဲ့လိုကအဆင်ပြေတယ်... ငါက တစ်နေ့လုံးအားနေမှာ ဘယ်အချိန်ကြည့်ရကြည့်ရ အိုခေတယ်... နော် ဦး... အဲ့ညနေပိုင်းတော့ ခဏနားလိုက်လေနော်"
မျှော်လင့် အသနားခံနေတဲ့ မျက်ဝန်းတွေနဲ့ကြည့်နေတဲ့ နှောင်းကြောင့် လိုက်ကြည့်ဖို့ဆုံးဖြတ်လိုက်ပေမယ့် စချင်တာကြောင့်
"နားဖို့က အဆင်မပြေလောက်ဘူးဟ... သိတဲ့အတိုင်း ဆိုင်က ဆန်းဒေးဆိုလူအရမ်းကျတာလေ... ဒီမှာရှိတဲ့ Chef က ငါပါမှ ၃ယောက်တည်းရယ်... မဖြစ်လောက်ပါဘူးဟာ"
"နင်ကလည်းဟာ... တရက်တစ်လေလေးပဲကို... နင် ဒီတစ်လလုံး နားရက်မယူရသေးတာ ငါသိတယ်နော်... လုပ်ပါဟာ နင်ကလည်း"
"ဘာတွေဖြစ်နေကြတာလဲ"
နှောင်းတို့စားပွဲဝိုင်းအနီးရောက်လာပြီး မေးတဲ့ တီမြိုင်။
နှောင်းဆိုင်ထဲဝေ့ကြည့်လိုက်တော့ ဧည့်သည်တစ်ယောက်မှ မရှိတော့ပေ။ ဒါကြောင့်လည်း တီမြိုင်က နှောင်းတို့ဝိုင်းဘက် ရောက်လာတာပေါ့။ နှောင်းဘေးမှာ မတ်တပ်ရပ်နေတဲ့ တီမြိုင့်ခါးကိုလှမ်းဖက်လိုက်ပြီး
"နှောင်းက ဆန်းဒေး သူငယ်ချင်းတွေနဲ့ ရုပ်ရှင်ကြည့်မလို့ကို တီမြိုင့်သားက မအားဘူးတဲ့လေ"
💕 Daily Routine💕
Start from the beginning
