"နင်တို့နှစ်ယောက်က သောကြာနေ့တိုင်း ညစာကို ငါ့ဆိုင်မှာပဲ အမြဲတမ်းလာစားနေတော့မှာလား"
နှောင်းတို့အနောက်ဘက်က ကြားလိုက်ရတဲ့အသံကြောင့်
နှောင်းတို့လှည့်ကြည့်လိုက်တော့ ဗန်းတစ်ခုကိုင်ပြီး
လျှောက်လာတဲ့ ဦး ကိုတွေ့လိုက်ရသည်။ စားပွဲပေါ်မှာ ပန်းကန်တွေချပေးနေတဲ့ ဦး ကို ကြည့်ပြီး
"ငါတို့မှာ ဒီလောက်အချက်အပြုတ်တော်နေတဲ့ စားဖိုမှူး သူငယ်ချင်းတစ်ယောက်လုံးရှိနေတာ ငါတို့က ချက်ပြုတ်နေရမှာလားဟဲ့"
"အေးပါ အခုတော့ပြောထားဦးပေါ့... နောက်မှယောကျာ်းဆီမှာ အဆူခံနေရမယ့်ဇာတာပိုင်ရှင်တွေ"
"အံမယ်နော် နှောင်းတဲ့ တနှောင်းထဲရှိတယ်... ကြည့်ထား ဟင်းချက်တတ်တဲ့ယောကျာ်းမျိုးပဲရှာယူမှာ"
"ရည်းစားသာအရင်ထားစမ်းပါ နှောင်းရယ်... အသက်လည်း ငယ်တော့တာမဟုတ်ဘူး"
"တော်စမ်းပါ နင်သာအဖြစ်ရှိအောင်လုပ်"
"ဒါနဲ့ ဟိုတစ်ယောက် ရောက်လာကတည်းက မျက်နှာက မသာမယာနဲ့ ဘာဖြစ်နေတာလဲ"
"အလုပ်မှာ စိတ်ရှုပ်စရာလေးတွေရှိလို့ပါဟာ... ဒီလိုပါပဲ"
စိတ်မပါတစ်ပါဖြစ်နေတဲ့ လင်း ကိုကြည့်ကာ ရောင်နီ ဘာမှဆက်မပြောတော့ပဲ ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ နှောင်းကိုသာ ကြည့်လိုက်တော့ မယ်မင်းကြီးမက သူချက်ကျွေးတဲ့ ကင်ချီဟင်းရည်နဲ့ အသားကင်ကို ထမင်းနဲ့အားရပါးရစားနေလိုက်တာများ။
"ဖြည်းဖြည်းစား နင်နေမယ်"
ဦးလှမ်းပေးတဲ့ရေခွက်ကို ယူကာ တစ်ငုံသောက်လိုက်ပြီး နှောင်းက
"ငါ ဗိုက်ဆာနေလို့ဟ... ဒါနဲ့ နင်တို့ ဒီဆန်းဒေး ဘာလုပ်ဖို့ရှိလဲ"
"ငါက ဟိုတယ်မှာမနက်ပိုင်းဂျူတီရှိတယ်ဟ... ၂နာရီမှ အလုပ်ဆင်းရမှာ"
"ဟင်းးးးး ဦး နင်ရော"
သူ့နာမည် ရောင်နီဦးကို စသိကတည်းက ဦး ဆိုပြီး ခေါ်တဲ့နှောင်း။ မခေါ်ပါနဲ့လို့ပြောလည်း မရတာကြောင့်
ဒီအတိုင်းသာလွှတ်ပေးထားလိုက်သည်။ ကြာလာတော့လည်း နားယဉ်လာသား။
💕 Daily Routine💕
Start from the beginning
