Chapter - 44.1 (U+Z)

Start from the beginning
                                    

စုလင်း ဘာကိုဆိုလိုသည်ကို နားလည်ပြီး ကုလီဟန်က မျက်ခုံးတွန့်ကာ

"မင်းလျှာ ခိုက်မိသွားတာလား?"

စုလင်း ခေါင်းညိတ်လိုက်သည်။ သူ့ပါးစပ်က သွေးနံ့က ပိုပြင်းထန်လာပြီး သွေးတွေ စုပုံလာတာကြောင့် စကားလည်း မပြောချင်တော့​ပေ။

ကုလီဟန်: "ကိုယ် နဲ့လိုက်ခဲ့။"

စုလင်း ခန်းမနဲ့ အနောက်ဘက်ရှိ အ​ဆောက်အဦး တစ်ခုနှင့် ဆက်သွယ်ထားသော စင်္ကြံမှတဆင့် သူ့နောက်သို့ လိုက်သွားခဲ့သည်။ ဒုတိယထပ်တွင် သူတို့ ဘယ်ဘက်ခြမ်းရှိ အခန်းဆီသို့ လှည့်ဝင်ခဲ့ကြသည်။ အခန်းက ကျယ်ဝန်းပြီး အခန်းရဲ့ အရောင်က အဓိကအားဖြင့် အနက်ရောင်၊ အဖြူရောင်နှင့် မီးခိုးရောင် ဖြစ်ပြီး သန့်ရှင်း သပ်ရပ်​နေသည်။

စုလင်း မျက်မှောင်ကြုတ်ပြီး ပါးစပ်ကို ညွှန်ပြသည်။ သူက နှုတ်ခမ်းတို့ကို တင်းတင်း​စေ့ရင်း ပါး​လေးကို ​ဖောင်းထားသည်။

ကုလီဟန် သူဘာကိုဆိုလိုသလဲဆိုတာကို ချက်ချင်း နားလည်လိုက်ပြီး ဘယ်ဘက်ခြမ်းက တံခါးကိုဖွင့်လိုက်ကာ

"ဒါ ရေချိုးခန်းပဲ"

စုလင်း အလျင်အမြန်လျှောက်သွားကာ ​ဘေစင်ထဲသို့ သွေးများနှင့် တံတွေးများကို ထွေးထုတ်လိုက်ပြီး ပါးစပ်ကို ရေဖြင့် အမြန်​ဆေး​ကြောလိုက်သည်။

သူ့လုပ်ရပ်တွေက မြန်ဆန်ပေမယ့် ကုလီဟန်က သူ့ဘေးမှာ ရပ်နေတာကြောင့် အားလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး သူ့အသား​ရောင်က ရုတ်တရက် ပြောင်းလဲသွားသည်။ စုလင်း အရာအားလုံးကို ထွေးထုတ်ပြီးနောက် ပါးစပ်ကို နှစ်ကြိမ် ထပ်ဆေးချလိုက်သည်။ သူ ထပ်​ဆေးရန် ပြင်လိုက်စဥ် ကုလီဟန်က သူ့ကို တစ်ရှူးတစ်ရွက် ကမ်းပေးကာ ​ပြောလာသည်။

"ဒါက ဒဏ်ရာအတွက် မကောင်းပါဘူး။ ကုသရေးကိရိယာ သွားယူလိုက်မယ်"

စုလင်း တစ်ရှူးကိုယူကာ လက်နှင့်ပါးစပ်ကို သုတ်လိုက်သည်။ တစ်ဖက်တွင် ကုလီဟန်က ကုသ​ရေးကိရိယာကိုယူဖို့ ထွက်သွားခဲ့သည်။ စုလင်း သူ့ရဲ့​နေရာလွတ်မှ ပန်းဝတ်ရည်ကို ယူကာ ​ဘေစင်​ပေါ် တင်လိုက်သည်။ ပုလင်းကိုဖွင့်ပြီး ပုလင်းအဖုံးထဲသို့ အနည်းငယ် လောင်းထည့်လိုက်သည်။ သူ့ရဲ့ပြင်ဆင်မှုတွေ ပြီးသွား​ချေပြီ။ ပါးစပ်ကိုဖွင့်ပြီး မှန်ကြည့်ကာ လျှာကို ထုတ်လိုက်သည်။ သူ့လျှာရဲ့ ညာဘက်ခြမ်းတစ်ခုလုံးမှာ နီရဲနေသည်။ ဒဏ်ရာက ညို့မည်း​နေပြီး သွေးအနည်းငယ်ထွက်​နေသည်။ သူသည် တစ်ရှူးတစ်ရွက်ကိုယူကာ သွေး​ စုပ်​အောင် ဒဏ်ရာ​ပေါ် ညင်သာစွာ ပွတ်လိုက်သည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now