Chapter - 43.1 ( U+Z)

Start from the beginning
                                    

စုလင်း သူ့စိတ်အားထက်သန်မှုကို မလျော့စေချင်တာကြောင့် သ​ဘောတူလိုက်ရသည်။

"အဲ့ဒါဆို ကျေးဇူးပါပဲ။ ငါ့ ဝတ်စုံနဲ့ ပတ်သတ်ပြီး မင်းနဲ့ပဲ စိတ်ချလိုက်ပြီ ဒါ​ပေမယ့်​နော် ငါကြို​ပြောမယ် ငါငှားပဲ ငှားမှာ၊ မဝယ်ဘူး​"

သန်းချီ​နေသည့် အဝတ်အစားများကို သူ မတတ်နိုင်ပါ။

လင်းမန်က ​လွယ်လွယ်ပဲ ​ပြောသည်။

"ငါ မင်းကို ဝယ်​ပေးမယ်​လေ"

​ပြောပြီးသည်နှင့် ချက်ချင်း လင်းမန် ​တောင့်တင်းသွားပြီး စုလင်းကို ထိတ်လန့်စွာ ကြည့်လာသည်။

ချမ်းသာသူများနှင့် ဆင်းရဲသူများကြား ကွာဟချက်ကို လေးလေးနက်နက် ခံစားခဲ့ရပြီး စုလင်းက

"မလုပ်နဲ့၊ ငွေအကြောင်းပြောရတာ ခံစားချက်ကို နာကျင်စေတယ်"

စုလင်း စောစောက သူ့စကားများကို သိပ်ပြီးမစဉ်းစားတာကို ​တွေ့မှ လင်းမန် စိတ်သက်သာရာရစွာ သက်ပြင်းချကာ

"အင်း စိတ်မပူပါနဲ့၊ ငါ ဝယ်လိုက်မယ်၊ ငါ မင်းကို ပြန်ငှားမယ်။ ဒစ်စ​ကောင့်ပါ ​ပေးဦးမယ်"

"အ​ကောင်းဆုံပဲ။"

စုလင်းရဲ့ မျက်လုံးများ တောက်ပပြီး လက်ခုပ်တီးရန် လက်ကို မြှောက်လိုက်သည်။ သိထားသင့်သည်က ငှားခတောင် ဈေးမသက်သာ​ပေ။

လင်းမန်ရဲ့ မျက်လုံးကြီးများ လခြမ်းကဲ့သို့ ကွေးညွှတ်သွားကာ ​ပျော်မြူး​နေ​လေသည်။ သူတို့အတွက် အဝတ်အစား​ရွေးရတာ အခုဆို ပို​တောင် ​ပျော်ဖို့​ကောင်းသွား​လေသည်။

လင်းမန် အခြားကျောင်းသို့ မပြောင်းမီ မူလက သူ့အဖိုးအဖွားနှင့် ဆင်ခြေဖုံးရပ်ကွက်တွင် နေထိုင်ခဲ့ပြီး သူငယ်ချင်းအနည်းငယ်ရှိ​လေသည်။ ကံမကောင်းစွာဖြင့်၊ မိသားစုနောက်ခံ ကွာခြားချက် ကြီးမား​သောကြောင့် သူ့သူငယ်ချင်းများနှင့် အမြဲလိုလို ပဋိပက္ခများ ပေါ်ပေါက်ခဲ့သည်။ လှပတဲ့အဝတ်အစားတွေကို သူငယ်ချင်းတွေနဲ့ မျှဝေပေးရင် သူက ကြွားတယ်လို့ သတ်မှတ်ခံရလိမ့်​ပေမည်။ သူ့သူငယ်ချင်းတွေ ကြိုက်ပေမယ့် မတတ်နိုင်တဲ့ လက်ဆောင်တွေ သူက ပေးပြန်ရင်လည်း သူ့သူငယ်ချင်းတွေက သူက သူတို့ကို နှိမ်တယ်လို့ ထင်လိမ့်​ပေမည်။ အဲဒါ​တွေက လင်းမန်ကို အချိန်တစ်ခုကြာသည်အထိ ဝမ်းနည်းစေခဲ့သည်။ နောက်ဆုံးတွင် ​တော့ သူ သူ့အဖွားရဲ့အကြံဉာဏ်ကို နားထောင်ပြီး သူ့သူငယ်ချင်းများကို ကျေနပ်​အောင်လည်း လိုက်မလုပ်​တော့သလို သူငယ်ချင်းအသစ်​တွေ ဖွဲ့ဖို့လည်း မကြိုးစားတော့​ပေ။ လင်းမန် စုလင်းရဲ့သ​ဘောထားစရိုက်ကို အရမ်းကြိုက်​ပေသည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now