ဆိုရိုးစကားဖြစ်တဲ့ ‘မိမိကိုယ်ကို တစ်ပါးသူတို့နှင့် အဆက်မပြတ်နှိုင်းယှဉ်မိနေပါက မိမိဖာသာ အမျက်ထွက်အောင်လုပ်နေခြင်းနှင့်မခြားပါလေ’ဟူသောစကားလိုပေါ့။

ကံကောင်းတာကတော့ သူမဟာ ရုပ်ရည်သွင်ပြင်တို့ကို ဂရုစိုက်သူမဟုတ်လို့ပါ။မဟုတ်ရင် သူမထက်ပိုပြည့်စုံချောမောနေတဲ့ ဒီလိုယောက်ျားတစ်ယောက်အား မြင်တွေ့နေရပါက စိတ်ကျရောဂါဝင်လာပါလိမ့်မယ်။

ရှူ့ရွှေမျက်လုံးတို့က မသိမသာကျဉ်းမြောင်းသွားပြီးနောက် တည်ငြိမ်ချင်ယောင်ဆောင်နေပြီး အမှန်တစ်ကယ်မှာတော့ အမူအယာပေါင်းစုံတို့မျက်နှာထက်မှာ ပေါ်လွင်နေသော ကောင်မလေးကိုကြည့်လိုက်ကာ လက်နှစ်ဖက်ကိုရင်အုံရှေ့တွင်ယှက်၍ “မင်းပြီးပြီလား”လို့ မေးလိုက်ပါသည်။

“အမ်”

ရှန်ယန်ရှောင်ဘာပြောရမှန်းမသိဖြစ်သွားခဲ့သည်။

“အာရုံစိုက်ထား ငါအခုစတော့မှာ ငါ့မှအချိန်အများကြီးမရှိဘူး”

ရှူ့အစွမ်းက ခန္ဓာကိုယ်ကိုအချိန်အကြာကြီး ဖန်တီးထားနိုင်စွမ်းမရှိသေးပါဘူး။ပဉ္စမမြောက် အမှတ်အသားကိုဖျက်ခြင်းက ပြီးခဲ့တဲ့အမှတ်အသားတွေထက် ပို၍ရှုပ်ထွေးခက်ခဲပါသည်။ သို့သော် သူနားမလည်နိုင်တဲ့ကိစ္စက ခန္ဓာကိုယ်နှင့်အတူသူပေါ်လာခဲ့တော့ ဒီကလေးမရဲ့ စိတ်အခြေအနေက နည်းနည်းထူးခြားဆန်းပြားလာခြင်းကိုပါ။သူမရဲ့ စိတ်အာရုံတို့က အရမ်းလျော့ရဲနေပြီး လှုပ်ခတ်မှုတွေလည်းအများကြီးဖြစ်နေပါသည်။

“အိုး ကျွန်တော်အသင့်ဖြစ်ပါပြီ”

ရှန်ယန်ရှောင်လည်း မြင်းရိုင်းတစ်ကောင်လိုကဆုန်ပေါက်ပြေးလွှားနေသော အတွေးတို့ကနေ ပြန်လည်ရုန်းထွက်လိုက်သည်။သူမရဲ့စိတ်နေစိတ်ထားတို့ ထူးထွေဆန်းပြားနေရတဲ့ အကြောင်းအရင်းဟာ တစ်ယောက်သောသူက ဝိညာဉ်အဖြစ်ကနေ ကိုယ်လုံးတွေဘာတွေနဲ့ ဖြစ်လာခဲ့တဲ့အတွက်ဆိုတာကိုတော့ သူမ သေသေချာချာသိပါသည်။ဒီခံစားမှုက တစ်ကယ့်ကို ထူးထွေလှတာအမှန်ပါပဲ။

မျက်စိမှိတ်လိုက်သောရှောင်လေးမျက်နှာက တည်ကြည်ပြီးခပ်မာမာဖြစ်နေသည်။

You've reached the end of published parts.

⏰ Last updated: Mar 07, 2022 ⏰

Add this story to your Library to get notified about new parts!

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4Where stories live. Discover now