၆၁၀

1.9K 247 1
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၆၁၀)

အခုလို လှပတဲ့ပျံသန်းမှုအပေါ်မှာ ဖော်ပြဖို့စကားလုံးတောင် မရှိတော့ပါဘူး။
ရှန်ယန်ရှောင်နဲ့ကနေတဲ့ ယန်းရှီဟာ အနည်းငယ်အံ့အားသင့်သွားသည်။အခုလို လှပနေတဲ့ ဖန်တီးထားသော ညအလှက သူနဲ့ဘာမှမသက်ဆိုင်ပါဘူး အနည်းဆုံးတော့ သူတို့အနေနဲ့ ကြယ်ကြွေညကို ပြီးစီးအောင်ဖန်တီးနိုင်ချိန်မရခဲ့ပါဘူး။
“ဒါ...က ငါတို့လုပ်ထားတာမဟုတ်ဘူး”လို့ ယန်းရှီက စိတ်ထဲအံ့ဩတကြီးဖြင့် ပြောလိုက်သည်။
ရှန်ယန်ရှောင်လည်း အံ့ဩသွားသည်။သူမ သို့လောသို့လော ဖြစ်နေဆဲမှာပဲ လေသံလေးကို သူမကြားလိုက်ရသည်။
“ပျော်ရွှင်ဖွယ်မွေးနေ့ပါ”
ရှူလား...
ရှန်ယန်ရှောင်လည်း ဘေးဘီအား ကိုးရိုးကားယားဖြင့် လှည့်ကြည့်လိုက်မိသည်။ သူမကြားလိုက်ရတဲ့ စကားသံက သူမရဲ့နားထဲကမဟုတ်ဘဲ နားထဲကို ရောက်လာတာဖြစ်သည်။ဆိုလိုချင်တာက ရှူက သူမရဲ့ကိုယ်ထဲမှာ မဟုတ်တော့ဘူးလို့ပါ။
သူမရဲ့မျက်လုံးတို့က နောက်ဆုံးမှာတော့ တောက်ပတဲ့လမင်းထဲမှာ ဝိုးတဝါးပုံရိပ်လေးကို မြင်လိုက်ပါသည်။
တစ်ကယ်ပဲ ရှူပါလား...
ရှန်ယန်ရှောင်ရဲ့ မျက်လုံးတွေက အပြုံးရိပ်တို့ဖြင့် တောက်ပနေသည်။ဒီဦးလေးကြီးက အခုလို ပွဲတော်မျိုးတွေကို ပါဝင်ချင်စိတ်မရှိလောက်ဘူးလို့ သူမ အမြဲတွေးနေခဲ့မိပြီး သူမရဲ့ မွေးနေ့ပွဲမှာ ပါဝင်ဆင်နွဲမယ်လို့ မထင်ထားခဲ့မိပါလေ။
အဆိုပါ ဝိုးတဝါးလူရိပ်အား ကြည့်ပြီးတော့ နှုတ်ခမ်းအစုံကို အသံတိတ်လှုပ်လိုက်သည်။
သူမက ကျေးဇူးတင်ပါတယ်လို့ပြောတာမှန်း ရှူသိပါသည်။
“လူတွေရဲ့စိတ်ကူးစိတ်သန်းကတော့ တစ်ကယ့်ကို မှန်းဆမရနိုင်ဆုံးကိစ္စပဲ ဒီလို ဖမ်းဆုတ်မရတဲ့ အလှအပမျိုးအတွက် သူမတူတဲ့တန်ကြေးကိုတောင် ပေးချင်စိတ်ရှိကြတာပဲ”
မြေအောက်ခန်းတစ်ခုလုံးကို ရှူ ကြည့်ရှုစစ်ဆေးလိုက်ပြီး အေးခဲလှတဲ့မျက်နှာမှာတော့ အထင်သေးရှုံ့ချဟန်မရှိပါချေ။ထို့နောက်မှာတော့ လူအုပ်ထဲမှာရှိသော ပြုံးနေတဲ့ကောင်မ လေးအားကြည့်ပြီး မျက်ခုံးအစုံအား ပင့်လိုက်မိသည်။
“ဒါပေမဲ့ ရလာဒ်ကတော့ တစ်ကယ်ကောင်းသားပဲ”
လှပသော ကြယ်ကြွေမှုအားကြည့်၍ ရှူက သူ့လက်ညှိုးအား မြှောက်လိုက်တော့ ညကောင်းကင်မှာရှိနေတဲ့ ထောင်ချီသော မီးလင်းကျောက်တွေက အတူစုစည်းသွားပြီးနောက် တစ်ဖြည်းဖြည်းချင်းနဲ့ လှပသော လူပုံလေးအဖြစ် ပြောင်းလဲသွားသည်။
ပရိသတ်တွေလည်း မော့ကြည့်လိုက်ပြီးတော့ ထူးဆန်းတဲ့ပုံရိပ်အား ဆန်းစစ်လိုက်တော့ မီးလင်းကျောက်တွေက ကနေသော မိန်းကလေးတစ်ယောက်အဖြစ်ပြောင်းသွားတာကို တွေ့လိုက်ရသည်။ဒီပုံရိပ်က ရှန်ယန်ရှောင်မှ ရှန်ယန်ရှောင်ပါပဲ။
မွေးနေ့ပွဲက ညနေခင်းရောက်မှသာ ပြီးဆုံးသွားခဲ့တာဖြစ်သည်။နောက်ရက်ကစလို့ အားလုံး ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့ပါပြီ။
သို့သော်လည်း တက်သစ်နေမြို့တော်ကတော့ မျှော်လင့်မထားတဲ့ ဧည့်သည်တစ်ဦးကို လက်ခံကြိုဆိုလိုက်ရပါသည်။
ကြမ်းကြုတ်ဝံပုလွေရဲ့ သတင်းပို့မှုကို နားထောင်နေတဲ့ ရှန်ယန်ရှောင်မျက်လုံးထဲမှာ အံ့ဩမှုတို့အပြည့်ဖြစ်နေပါသည်။
“ဘယ်သူတဲ့လဲသူက”
“အိုး သူပြောတာတော့ သူက တော်ဝင်ရိုလန်ကျောင်းရဲ့ ကျောင်းအုပ်ကြီး အိုးယန်ဟွမ်းယူတဲ့” ဟုဆိုကာ ကြမ်းကြုတ်ဝံပုလွေက ပြန်ဖြေလိုက်သည်။
ရှန်ယန်ရှောင် ထိုင်ခုံကနေ ထရပ်လိုက်မိသည်။
တော်ဝင်ရိုလန်ကျောင်းတော်မှာ အိုးယန်ဟွမ်းယူက သူမအတွက် ခေါင်းအခဲရဆုံးသူဖြစ်သည်။ ဒီကျော်ကြားလှပြီး သိက္ခာသမဓိအပြည့်နဲ့ ကျောင်းအုပ်ကြီးက တစ်ကယ်တန်းတော့ ကြောင်သူတော်ကြီးဖြစ်နေပါသည်။အိုးယန်ဟွမ်းယူက စွန့်ပစ်နယ်မြေထဲကို ဘာလို့ ရုတ်တရက် ရောက်ချလာရသလဲဆိုတာကို သူမ နည်းနည်းလေးတောင် သဲလွန်စ မရှိဘူးဖြစ် နေပါသည်။
စွန့်ပစ်နယ်မြေဟာ မသွားရကန့်သတ်နယ်မြေတစ်ခုဖြစ်ပြီး ဒီမှာရှိတဲ့ နယ်မြေတွေကို တိုင်းပြည်လေးခုအကြား ခွဲဝေပိုင်းခြားထားပြီး လေးနိုင်ငံလုံးနဲ့ ထိစပ်နေတာလည်း ဖြစ်ပါသည်။တိုင်းပြည်တိုင်းမှာ စွန့်ပစ်နယ်မြေနှင့် ထိစပ်နေသော နယ်ခြားတစ်လျှောက်မှာ စစ်စခန်းတွေထားရှိကြပါသည်။မိမိနိုင်ငံအတွက် စွန့်ပစ်နယ်မြေထဲက မြို့တစ်မြို့အား ပြန်လည်သိမ်းပိုက်နိုင်ခြင်းမရှိသေးရင် စွန့်ပစ်နယ်မြေထဲသို့ ဝင်ရောက်ချင်သူအားလုံး ဘုရင် သို့မဟုတ် အမြင့်ဆုံးအာဏာပိုင်က ထုတ်ပေးသော အထူးခွင့်ပြုချက်ရှိဖို့ လိုအပ်ပါသည်။သူမ စွန့်ပစ်နယ်မြေထဲ မဝင်ခင်မှာလည်း သူမဆီက အဆိုပါခွင့်ပြုချက်ကို နယ်ခြားစောင့်စခန်းကို ပြသခဲ့ရပါသည်။လန်းယူပြည်နဲ့တစ်ခြားနှစ်နိုင်ငံတို့ကတော့ အခုလိုမျိုး ဒုက္ခခံနေစရာ မလိုအပ်ပါဘူး။
အကြောင်းကတော့ စွန့်ပစ်နယ်မြေဆိုတာ အရမ်းအန္တရာယ်ကြီးသော နေရာတစ်ခုဖြစ်လို့ပါ။ သာမန်လူတစ်ယောက်က ဒီနေရာကို ဝင်ရောက်တာနဲ့ ပြန်သွားနိုင်ဖို့ဆိုတာ မရှိသလောက် ရှားပါသည်။သတ္တိအရှိဆုံးဆိုသော ကြေးစားသမားတောင် ဒီနယ်မြေမှာ ခြေချဖို့ကို ကြောက်ကြပါသည်။

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4حيث تعيش القصص. اكتشف الآن