၆၂၄

1.7K 220 0
                                    

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၆၂၄)

လေးနိုင်ငံစာချုပ်အရ ရှန်ယန်ရှောင်အနေဖြင့် မှော်ဆန်းကြယ်မြို့အား တစ်ကယ်မတိုက်မှန်း သူသိထားပေမယ့် ဒဏ္ဍာရီသတ္တဝါရှစ်ကောင်တို့က သူ့အတွက်အိပ်မက်ဆိုးတစ်ခုလို ဖြစ်နေသည်။

ကုန်လွန်ပြီးသောလပိုင်းအတွင်း လန်းယုပြည်က သူ့ဖခင်ဖြစ်သော နယ်စားအမတ်ကြီးထံသို့ အသနားခံစာများစွာရေးသားပေးပို့ခဲ့ပြီး မှော်ဆန်းကြယ်မြို့သို့ အစွမ်းထက်လူများများ လွှတ်ပေးရန်တောင်းဆိုခဲ့သည်။

စာများစွာရောက်ရှိသွားခဲ့သလို လူများစွာလည်း မြို့ထဲသို့ရောက်ရှိလာခဲ့ပေမယ့် ကန်းတီကတော့ စိတ်အေးလက်အေးမရှိသေးပါဘူး။

“မြို့တော်သခင် လောင်းမိသားစုရဲ့သခင်လေး လောင်းဖန်က သူ့ဆရာနှင့်အတူ ရောက်ရှိနေပါတယ်”ဟူ၍ အစောင့်တစ်ဦးက ခပ်သုတ်သုတ်ပြေးဝင်လာပြီး သတင်းပို့သည်။

“လောင်းမိသားစုဝင်”ဟုရေရွတ်လိုက်တဲ့ ကန်းတီမျက်ခုံးတို့က မြင့်တက်သွားသည်။

လောင်းမိသားစုရဲ့အဆင့်အတန်းက လန်းယုပြည်အတွင်းမှာ နိမ့်ကျသူတွေမဟုတ်ပါဘူး သူတို့ဟာ သူကောင်းဘွဲ့ချီးမြှင့်ခံထားရသူတွေမဟုတ်သော်လည်း လန်းယုပြည်ရဲ့ အကျော်ကြားဆုံးသော သမားတော်မိသားစုဖြစ်သည်။လန်းယုပြည် တော်ဝင်မိသားစုရဲ့ များလှစွာသောဆေးဝါးတို့နှင့် ဆေးရည်တို့ဟာ လောင်းမိသားစုကဖြစ်ကြသည်။ လောင်းမျိုးနွယ်ခေါင်းဆောင်နှင့်ကန်းတီတို့ ဆက်ဆံရေးရှိရခြင်းမှာ အကြောင်းရင်းတို့ရှိလို့ ဖြစ်ပြီး အဆိုပါအဖိုးကြီးက နက်နက်ရှိုင်းရှိုင်းဖုံးကွယ်လျှို့ဝှက်ထားသူတစ်ဦိးပါ။

ဒီလောင်းဖန်ကတော့...

လောင်းဖန်ဟာ လောင်းမိသားစုဝင် လူငယ်မျိုးဆက်ထဲက အမျှော်လင့်အခံရဆုံးဖြစ်ပြီး ဆေးနယ်ပယ်မှာ သူ့အရည်အချင်းက ပြိုင်ဖက်မရှိပေ။သို့သော်လည်း လောင်းရွှမ်ပြည်မှာ ပညာဆည်းပူးနေစဉ်အတွင်း လောင်းဖန်ဟာ အဆိပ်ခတ်ခံခဲ့ရပြီး လက်ပါဖြတ်လိုက်ရကာ သမားတော်ဖြစ်နိုင်စွမ်းမရှိတော့ဘူးဆိုတဲ့အကြောင်းကို ကန်းတီကြားသိထားပြီးဖြစ်သည်။

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4Where stories live. Discover now