၆၂၁

2K 282 8
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၆၂၁)

ထင်မထားစွာနဲ့ အိုးယန်ဟွမ်းယူတစ်ယောက် ကြာကြာဆက်မနေခဲ့ပါဘူး။ရှန်ယန်ရှောင်ရဲ့ ဧည့်နှင်စကားကြားပြီးတာနဲ့ ချက်ချင်းပဲထွက်သွားခဲ့သည်။
အိုးယန်ဟွမ်းယူကို ရိက္ခာခြောက်တွေပေးဖို့ ရှန်ယန်ရှောင်စေခိုင်းလိုက်သည်။မြို့တော်က တည်ဆောက်ဆဲကာလဖြစ်တာကြောင့် ဒီမှာရှိတဲ့စားစရာကိုပဲ ယူပြီးတော့သာ လစ်လိုက်တော့လို့ သဘောရပါသည်။
သူ့မြင်းဖြူကြီးကိုစီးနင်းပြီး ထွက်ခွာသွားတဲ့ အိုးယန်ဟွမ်းယူကိုကြည့်ပြီး ရှန်ယန်ရှောင် စိတ်သက်သာရစွာနဲ့ သက်ပြင်းချလိုက်သည်။အဲ့ဒီမြေခွေးအိုကြီးနဲ့ ပြောရဆိုရတာ အတော်လေးပင်ပန်းလှတဲ့ အလုပ်ဖြစ်သည်။ဒီအချိန်တိုလေးအတွင်း ကုန်ဆုံးလိုက်ရတဲ့ ဦးနှောက်ဆဲလ်တွေ မနည်းလှဘူးဟု သူမခံစားမိနေသည်။
ဒီနေ့ညတော့ ဝက်ဦးနှောက်စတူးလုပ်စားပြီး ပြန်လည်ဖြည့်တင်းရမယ်လို့ ဆုံးဖြတ်ချက်ချလိုက်သည်။
သို့သော် သူမမသိလိုက်တဲ့ကိစ္စကတော့ တက်သစ်နေမြို့တော်ကနေ ထွက်သွားတဲ့ အိုးယန်ဟွမ်းယူဟာ ပြန်ရမယ့်လမ်းအတိုင်းမသွားဘဲ တောင်ဖက်အရပ်မှာရှိတဲ့ တောင်တစ်လုံးဆီသို့ ဦးတည်သွားနေသော အဖြစ်ကိုပါ။
တက်သစ်နေမြို့နဲ့ဝေးကွာလာတာနဲ့အမျှ နတ်ဆိုးတွေကိုခပ်စိတ်စိတ် တွေ့မြင်လာရပါသည်။
လူနံ့က သူတို့ကို အရမ်းဆွဲဆောင်နေပါသည်။အမှောင်ထဲမှာ ပုန်းအောင်းပြီးတော့ အခွင့်အရေးချောင်းနေကြတဲ့ နတ်ဆိုးတွေဟာ အိုးယန်ဟွမ်းယူစိုင်းလာသော မြင်းဖြူဆီ ပြေးဝင်သွားလိုက်ကြသည်။
အိုးယန်ဟွမ်းယူက သူ့ထံခုန်အုပ်လာကြသော အနက်ရောင်အရိပ်တွေအား တစ်ချက်မော့ကြည့်ပြီးနောက် အိုမင်းနေပြီဖြစ်သော ညာဖက်လက်ကို အသာအယာယမ်းလိုက်တော့ နတ်ဆိုးတွေဟာ အနက်ရောင်အမှုန့်တွေအဖြစ် လေနှင့်အတူ မျောလွင့်ပျောက်ကွယ်သွားခဲ့ပါတော့သည်။
တစ်ယောက်ယောက်သာ ဒီမြင်ကွင်းကို မြင်တွေ့မိပါက ပါးစပ်အဟောင်းသားနဲ့ အံ့ဩတုန်လှုပ်သွားမှာ သေချာပါသည်။အကြောင်းကတော့ အိုးယန်ဟွမ်းယူလက်ထဲမှာ ဘာမှော်တုတ်တံမှ ရှိမနေခဲ့သလို သူ့လက်မှာလည်း မှော်စွမ်းအင်တို့ လှိုင်းထတာမျိုးလည်း ရှိမနေခဲ့လို့ဖြစ်သည်။သို့ပေမဲ့ အဆင့်နိမ့်နတ်ဆိုးအချို့ကတော့ အမှုန့်ဘဝသို့ ရောက်သွားခဲ့ပါပြီ။
“ဝိုး မင်းလှုပ်ရှားမှုလုပ်တိုင်း ကြောက်ဖို့အရမ်းကောင်းတာပဲ”ဟူသောစကားသံနှင့်အတူ အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသူတစ်ဦး ထွက်ပေါ်လာသည်။
သူက အိုးယန်ဟွမ်းယူရဲ့ ခြေဆယ်လှမ်းအကွာလောက်မှာ ရပ်နေတာဖြစ်ပြီး သူ့ခြေထောက်နားမှာတော့ ရက်စက်ကြမ်းတမ်းစွာ သတ်ဖြတ်ခံထားရတဲ့ တစ်စစီဖြစ်နေသော နတ်ဆိုးတစ်အုပ်ရှိနေပါသည်။
ဝတ်ရုံနက်ရဲ့အနောက်မှာတော့ အဆင့်နိမ့်နတ်ဆိုးထောင်ချီ၏ သက်မဲ့ခန္ဓာတွေကို တွေ့မြင်နိုင်မှာဖြစ်ပြီး သူတို့တွေဟာ အသေဆိုးနဲ့သေဆုံးခဲ့ကြတာမှန်း မြင်တာနဲ့သိနိုင်သည်။
မြေပေါ်ရှိအလောင်းတို့ကိုကြည့်၍ အိုးယန်ဟွမ်းယူမျက်မှောင်ကြုတ်တော့မလို ဖြစ်သွားသည်။
“မင်းက တက်သစ်နေမြို့ထဲမှာ တော်တော်ကြာကြာနေနေတော့ ဒီနတ်ဆိုးတွေ ငါ့အနံ့ကိုရပြီး ငါ့နောက်လိုက်ကြတော့တာပဲ မင်းလည်းသိပါတယ် ငါက မင်းကိုစောင့်နေရဦးမယ်ဆိုတာ ဒါနဲ့ ငါလည်းသူတို့ကိုရှင်းပစ်ရတော့တာပဲ”လို့ အိုးယန်ဟွမ်းယူရဲ့ သဘောမတွေ့မှုကို သိမြင်ဟန်ရှိသော အဝတ်နက်ကခပ်သွက်သွက်လေး ရှင်းပြလိုက်သည်။
“မင်းက ဒီလိုမျိုးလှုပ်ရှားလိုက်တော့ မင်းကိုတွေ့သွားကြရင် မင်းထိုက်နဲ့မင်းကံပဲနော်”လို့ မျက်မှောင်ကြုတ်တာမပျောက်သေးတဲ့ အိုးယန်ဟွမ်းယူက အေးစက်စက်ပြောလိုက်သည်။
“စွန့်ပစ်နယ်မြေရဲ့ အရှေ့ဖက်ဒေသမှာ တက်သစ်နေမြို့ကလွဲပြီး ဘယ်နေရာမှာလူနေလို့လဲ။ ဒါနဲ့ မင်းဖက်ကရော တိုးတက်မှုရှိလား ဆင့်ခေါ်သူလေးက ငါတို့နဲ့အတူ ပူးပေါင်းချင်စိတ် ရှိသလား”လို့မေးလိုက်သောအဝတ်နက်ဟာ ရှန်ယန်ရှောင်ထိုညတုန်းက တွေ့မြင်ခဲ့သော အဝတ်နက်ပဲဖြစ်သည်။
“ယန်းချီရဲ့တပည့်က သူ့ထက်တောင် ပိုခေါင်းမာနေသေးတယ်။ငါက စိတ်ခံစားချက်တွေ ဖြစ်လာအောင်  အတော်ကြာကြာပြောဆိုဆွေးနွေးခဲ့တာတောင် ကောင်မလေးကတော့ ငါ့ကိုခါထုတ်လိုက်တာပဲ”လို့ အိုးယန်ဟွမ်းယူက ခေါင်းကိုရမ်းကာပြောလိုက်သည်။
“အိုး အကျိုးအကြောင်းပြောပြလို့မရတဲ့နောက်တစ်လူပေါ့”လို့ အနက်ဝတ်က မဲ့ကာပြောပြီး သူ့မျက်လုံးတွေထဲမှာတော့ လူသတ်လိုစိတ်တွေယှက်သန်းသွားခဲ့သည်။
“ငါတို့သုံးမရနိုင်မှတော့ ပိုကောင်းတာက...”
“အလျင်မလိုနဲ့ဦး”ဟူ၍ ထိုလူ့ကိုကြည့်ကာ ပြောလိုက်ပြီးနောက် အိုးယန်ဟွမ်းယူက တက်သစ်နေမြို့ရှိရာသို့ ကြည့်လိုက်သည်။
“ဒီကောင်မလေးရဲ့နောက်ခံက လောင်းရွှမ်ပြည်ထဲမှာ ပေါ့သေးသေးမဟုတ်ဘူး ဒီ့အပြင် အခုလိုငယ်ငယ်လေးနဲ့ အကြီးတန်းဆင့်ခေါ်သူတစ်ယောက်ဖြစ်နေပြီ။မင်းလိုလူ သုံးယောက် ပေါင်းတောင် ကောင်မလေးလောက်အဖိုးမတန်ဘူး။ဒီတစ်ခေါက် ကောင်မလေးက ငြင်းလိုက် ပေမယ့် နှဲ့မရတာမျိုးတော့ မဟုတ်ပါဘူး။ယန်းချီကို မရရင်တောင် မင်းနဲ့သူနဲ့ရှိသေးတယ်။ ဒီကောင်မလေးရဲ့ ဆင့်ခေါ်သူအတတ်မှာရှိတဲ့ အရည်အချင်းက သူမတူအောင်ပဲ သေချာပျိုးထောင်ပေးမယ်ဆိုရင် အချိန်ကြာလာတာနဲ့ မင်းတို့တစ်တွေကို ကျော်တက်သွားမှာ ပဲ”ဟု အိုးယန်ဟွမ်းယူကဆက်ပြောလိုက်သည်။

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4Where stories live. Discover now