၆၁၄

1.8K 239 0
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၆၁၄)

“ငါကြားသိခဲ့ရတာကတော့ ဧကရာဇ်က စွန့်ပစ်နယ်မြေကို အထူးတမန်တော်ကို စေလွှတ်ထားပြီး သူတို့က အခုတက်သစ်နေမြို့တော်မှာ ရှိကြတယ်တဲ့။တမန်တော် အဖွဲ့ထဲမှာ မင်းသားလောင်ယုနဲ့မင်းတိုင်ပင် ဖေးယွမ်တို့လည်းပါတယ် နောက်တော့ လွန်ခဲ့တဲ့ လအချို့က မင်းတိုင်ပင်ဖေးယွမ်နဲ့မင်းသားတို့က ဒီဆီမှာ အချိန်ခဏလောက် နေချင်သေးတယ်ဆိုပြီး စာတစ်စောင်ပို့လိုက်တာကို ဧကရာဇ်လက်ခံရရှိခဲ့တယ်။ဧကရာဇ်က ဒီအတွက် နေမထိထိုင်မ သာ ဖြစ်နေပုံပေါ်တယ်။ဒါကြောင့်လည်း ငါ့ကိုခင်ဗျားဆီ သွားလည်ခိုင်းတာပဲ။သူတွေးတာက ခင်ဗျားက တော်ဝင်ရိုလန်ကျောင်းတော်သားဖြစ်ပြီး ငါက ကျောင်းအုပ်ဖြစ်တော့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးရှိမှာပဲလို့ပေါ့”
အိုးယန်ဟွမ်းယူက စွန့်ပစ်နယ်မြေကို သူလာရတဲ့အကြောင်း မဖုံးကွယ်ဘဲ အမှန်အတိုင်း ပြောပြလိုက်သည်။သို့သော် သူ့စကားတွေက ဧကရာဇ်ရဲ့ စိုးရိမ်ပူပန်မှုကို ဖော်ပြနေသည်။
စွန့်ပစ်နယ်မြေထဲကို အထူးတမန်တော်အဖွဲ့ ရောက်ရှိတာ နှစ်လကျော်ခဲ့ပါပြီ။ဖေးယွမ်နဲ့ မင်းသားတို့လည်း တက်သစ်နေမြို့တော်မှာ လပိုင်းလောက်နေပြီးကြပြီ။တစ်ကယ် ရေးသားထားတဲ့ စာဖြစ်နေရင်တောင် နေပြည်တော်ရှိ ဧကရာဇ်အဖို့ တစ်နည်းနည်းတော့ သံသယဝင်မှာဖြစ်ပါသည်။
ဒါပေမယ့် သူက အရမ်းသတိထားစွာနဲ့ လူတွေထပ်မလွှတ်တော့ဘဲ အကောင်းဆုံး အကြံအဖြစ်နဲ့ ရှန်ယန်ရှောင်ရဲ့ ကျောင်းဟောင်းမှ ကျောင်းအုပ်ဖြစ်သူအား စေလွှတ်လိုက်တာ ဖြစ်ပါသည်။
အိုးယန်ဟွမ်းယူက သူမရဲ့ ကျောင်းအုပ်ဟောင်းဖြစ်ရုံတင်မကဘဲ နှစ်များစွာအတွင်း တော်ဝင်ရိုလန်ကျောင်းမှာ ပညာသင်ယူခဲ့ကြသော လက်ရွေးစင်များစွာတို့၏ လေးစားမှုကို ခံယူရရှိထားသော အစွမ်းကြီးမှော်ဆရာတစ်ဦးလည်းဖြစ်ပါသေးသည်။ဒါတင်မကဘဲ လောင်းရွှမ်ပြည်အတွင်းမှာလည်း လေးစားခံရသူဖြစ်ပြီး သူ၏ အပြုအမူအနေအထိုင်တို့က ဖြောင့်မတ်တာကြောင့် တစ်ပါးသူတို့၏ လေးစားခြင်းကို အမြဲခံယူရရှိနေသူဖြစ်လေသည်။
ဒီလိုပုဂ္ဂိုလ်မျိုးအား စွန့်ပစ်နယ်မြေသို့ စေလွှတ်တာကြောင့် ဧကရာဇ်ဟာ ပညာရှိသူတစ် ယောက်လို့ ပြောနိုင်ပါသည်။
ရှန်ယန်ရှောင်မှာ မကောင်းတဲ့အကြံရှိရင်တောင် အိုးယန်ဟွမ်းယူအပေါ်မှာတော့ စတင်လုပ်ဆောင်မှာ မဟုတ်ဘူးလေ...
တော်ဝင်ရိုလန်ကျောင်းတည်ထောင်တာ နှစ်တစ်ထောင်လောက် ရှိခဲ့ပြီဖြစ်ကာ အိုးယန်ဟွမ်းယူ ကျောင်းအုပ်ဖြစ်တာက နှစ်တစ်ရာနီးနီးရှိပါပြီ။သူ့လို အစွမ်းရှိသူတစ်ယောက် အဖို့ နှစ်တစ်ရာလောက်နဲ့ စာမဖွဲ့လောက်ပါဘူး။သူ့သက်တမ်းကြောင့် နှစ်များစွာအတွင်းမှာ အရည်အချင်းရှိသူမြောက်များစွာကို ပြုစုပျိုးထောင်ပေးနိုင်ခဲ့သည်။တော်ဝင်ရိုလန်ကျောင်းရဲ့ ဒီလူစွမ်းကောင်းတွေဟာ လောင်းရွှမ်ပြည်အနှံ့မှာ နေထိုင်နေကြတာဖြစ်ပြီး သူတို့အားလုံးက အိုးယန်ဟွမ်းယူကို လေးစားချစ်ခင်ကြပါသည်။
ရှန်ယန်ရှောင်သာ အိုးယန်ဟွမ်းယူကို ဆန့်ကျင်ပြီးလှုပ်ရှားခဲ့ပါက အဆိုပါ လူစွမ်းကောင်းတွေ ရဲ့ ပြင်းပြင်းထန်ထန်တုံ့ပြန်မှုကို ခံယူရမှာဖြစ်သည်။
တစ်ဖက်မှာလည်း ရှန်ယန်ရှောင်က အဲ့ဒီလူတွေလိုပဲ အိုးယန်ဟွမ်းယူအပေါ်မှာ လေးစားချစ်ခင်တယ်လို့ ဧကရာဇ်ကယူဆပြီးတော့ အိုးယန်ဟွမ်းယူကို စေလွှတ်တာလည်း ဖြစ်ပါသည်။
ကံမကောင်းတာကတော့ ရှန်ယန်ရှောင်က ခြွင်းချက်ဖြစ်နေပါသည်။
ဒါပေါ့ အိုးယန်ဟွမ်းယူကိုတော့ သူမ ရန်သွားစမှာမဟုတ်ပါဘူး။ဘယ်လိုပဲဖြစ်ဖြစ် ဒီလူရဲ့ နောက်ကြောင်းရာဇဝင်က အရမ်းပဲလျှို့ဝှက်ဆန်းကြယ်နေပါသည်။ဒီလူ့ရဲ့ ကိုယ်ရေးရာဇဝင် က အပြင်ပန်းမှာမြင်တွေ့ရသလောက် ရိုးရှင်းတယ်ဆိုတာကို သူမ လက်သင့်ခံဖို့ အလွန်ခက်ခဲ နေပါသည်။
ကျောင်းတစ်ကျောင်းရဲ့ ကျောင်းအုပ်လောက်က သူ့ဩဇာကို လန်ယူမင်းဆက်ပြည်ထိ ရောက်ရှိအောင်စွမ်းနိုင်ပါ့မလားလေ...ဒါကြီးက ယုံချင်စရာမှ မရှိတာ...
“မင်းတိုင်ပင်ဖေးယွမ်နဲ့ မင်းသာလောင်ယုတို့က ကျွန်မရဲ့ တက်သစ်နေမြို့တော်ထဲမှာ အထူးဧည့်သည်တော်တွေအဖြစ် ရှိနေပါတယ်။ဧကရာဇ်က ကျောင်းအုပ်ကြီးကနေ ဘာအမှာစကားပါးလိုက်တာလဲ မသိဘူးနော်”လို့ အတွင်းကျိတ်ရယ်လိုက်မိတဲ့ ရှန်ယန်ရှောင်က အပြင်ပန်းမှာတော့ အေးဆေးတဲ့ပုံစံနဲ့ ပြောလိုက်သည်။

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4Where stories live. Discover now