၆၀၁

2.3K 295 4
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၆၀၁)

"ငါကပေါ့ပေါ့လေးပဲတွေးနေတာပဲလို့ နင်တို့ထင်ကောင်းထင်လိမ့်မယ် ဒါပေမယ့် တပ်နဲ့ဖိနှိပ်မယ့် ကိစ္စအပေါ်မှာတော့ အသုံးမဝင်ဘူးလို့ပဲ ငါမြင်တယ်။လောင်းရွှမ်ပြည်ရဲ့တပ်ကို ရင်ဆိုင်နိုင်တဲ့ အင်အားရှိလာပြီဆိုရင် ဧကရာဇ်လည်း ငါ့ကိုရင်ဆိုင်ရဲစရာ အကြောင်းမရှိပါဘူး။အခုကတော့ ငါ့အင်အားက မလုံလောက်သေးတော့ ပြင်ပအကူအညီယူနေရတာပဲ။အဲ ငါအင်အားကောင်းလာ ချိန်မှာတော့ ငါ့ကိုရင်ဆိုင်ဖို့တွေးမိသူတိုင်း သူတို့ရဲ့အစွမ်းကိုသူတို့ နားလည်သဘောပေါက်ထားဖို့ လိုလာမှာပဲ"
"ဒါက စွန့်ပစ်နယ်မြေထဲကို ငါရောက်ရောက်ချင်း လောင်းရွှမ်ပြည်ပိုင်နက်ဖြစ်တဲ့ အရှေ့ဖက်ဒေသ က သယံဇာတတွေကို လန်းယုမင်းဆက်ပြည်က လာတူးဖော်ယူနေတဲ့ အဖြစ်အတိုင်းပဲ။သူတို့ရဲ့ လုပ်ရပ်တွေအတွက် တစ်စက်လေးတောင် ရှက်ရွံ့ပုံမပေါက်တဲ့အပြင် ဒီလိုလုပ်တဲ့ကိစ္စက ဖြစ်ရိုးဖြစ်စဉ် ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စတစ်ခုလို့ပဲ သူတို့ယူဆထားကြပုံရှိတယ်ဟ။ ဘာလို့လဲဆို ရင် ဒီစွန့်ပစ်နယ်မြေထဲမှာ လောင်းရွှမ်ပြည်ဆိုတာ အားအနည်းဆုံးဖြစ်နေလို့ပဲ။လက်ရှိ လင်းလက်တိုက်ရဲ့ အခြေအနေကိုကြည့်ကြည့်လေ လောင်းရွှမ်ပြည်က အားနည်းတဲ့ ပျော့ညံ့တဲ့ အနေအထားကို တဖြည်းဖြည်းရောက်နေပြီ။စွန့်ပစ်နယ်မြေအတွင်းမှာ ဖိနှိပ်အနိုင်ကျင့်ခံရတဲ့ အကြောင်းတွေကိုလည်း ဧကရာဇ်မသိစရာအကြောင်းမရှိဘူးလို့ ငါထင်တယ်။သုံးနိုင်ငံက ငါတို့တိုင်းပြည်ရဲ့ သယံဇာတတွေကို လာတူးဖော်နေတဲ့ကိစ္စကို သည်းခံနေရတဲ့အကြောင်းက လက်ရှိလောင်းရွှမ်အင်ပါယာအနေနဲ့ သုံးနိုင်ငံကို ဖက်ပြိုင်တိုက်ခိုက်နိုင်တဲ့ အင်အားမရှိလို့ပဲပေါ့"
"အားကြီးသူရှေ့မှာ အားနည်းသူအနေနဲ့ ဘာအခွင့်အရေးမှ ပြောဆိုတောင်းပိုင်ခွင့် မရှိဘူး။ ဒါကြောင့်လည်း ငါ့ရဲ့ကိုယ်ပိုင်အင်အားတစ်ခုကို တည်ဆောက်ပြီး ဆက်လက်အင်အားကြီးအောင် လုပ်သွားမှာပဲ။ဒီတော့ မင်းသားကို ဖမ်းဆီးပြီး မင်းတိုင်ပင်ကို ခြိမ်းခြောက်ထားရင်တောင် ဧကရာဇ်က ငါနဲ့ပေါ်တင်တိုက်ရဲဦးမှာမဟုတ်ဘူး။ဆန့်ကျင်ဖက်အနေနဲ့ ငါ့ကို သူ့ဖက်ပါအောင် အစွမ်းကုန်ကြိုးစားစည်းရုံးဖို့တောင် လုပ်ချင်လုပ်နေဦးမှာ"ဟု ပြောလိုက်သော ရှန်ယန်ရှောင်တွင် ယုံကြည်မှုအပြည့်ရှိသော အပြုံးတစ်ခုဖြစ်တည်နေပါသည်။
လောကရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်ချင်ရင် ရပ်နိုင်မယ့်အစွမ်းအစရှိဖို့လိုပြီး ထိပ်သို့တက်လှမ်း ရာတွင်လည်း တစ်ပါးသူတွေအား နင်းပြီးတက်သွားရမယ်ဆိုတာကို သူမ ကောင်းကောင်းကြီး သဘောပေါက်ထားတာပေါ့။
ရှန်ယန်ရှောင်ပြောသွားတာတွေကို ကြားလိုက်ရတဲ့ ငနာငါးကောင်တို့ အံ့ဩသွားခဲ့ကြသည်။ ရှန်ယန်ရှောင်က စဉ်းစားဆင်ခြင်နိုင်စွမ်း နည်းနေတာမဟုတ်ဘဲ သူတို့ထက်ပိုပြီးတော့တောင် ရှေ့ကိုကြိုတွေးပြီး စဉ်းစားဆင်ခြင်ခဲ့တာကို နားလည်သွားကြပါပြီ။
ဒီလိုသေးသေးကွေးကွေးကိုယ်လေးထဲမှာ ဘယ်လိုစွမ်းအားကြီးရှိနေလို့ အခုလိုမျိုး နက်နဲလှတဲ့ အတွေးအခေါ်အကြံအစည်မျိုး ရှိနေရတာများလဲ...
စွန့်ပစ်နယ်မြေထဲက တိုင်းပြည်လေးခု၏ အခြေအနေကို ကြည့်ရှု၍ လောင်းရွှမ်အင်ပါယာ လက်ရှိဧကရာဇ်ရဲ့ လုပ်ပုံကိုင်ပုံတို့ကို တိုက်ရိုက်အကဲဖြတ်သွားခဲ့တာပါ။ထို့အပြင်လည်း နောင်တစ်ချိန်မှာ မိုးမြေကို လှန်ပစ်နိုင်စွမ်း သူမမှာ ရှိလာမယ်ဆိုတာကိုလည်း လုံးဝယုံကြည်ချက် အပြည့်ရှိနေပါသေးသည်။ဒီလိုမျိုး ရဲတင်းမှုကြောင့် သူမလောက်တောင် အစွမ်းအစမရှိတဲ့ ယောကျ်ားတွေဖြစ်နေလို့ ရှက်သွားကြပါသည်။
"နင်...ငါ့ကို အရမ်းအံ့ဩအောင် လုပ်ပြသွားခဲ့တာပဲဟ။ရှေ့လျှောက် နင့်ဆီမှာ ဘာအစီအစဉ်ပဲရှိရှိ နင့်ရဲဘော်ရဲဘက်တစ်ယောက်အနေနဲ့ ငါကူညီပေးမယ်ကွာ"လို့ စိတ်ထဲက တုန်လှုပ်အံ့ဩမှုအား ထိန်းလိုက်ပြီးတော့ ယန်းရှီက စိတ်ရင်းဖြင့် ပြောချလိုက်သည်။
"နောင်မှာ ဘယ်လိုအခက်အခဲမျိုးကို နင်ရင်ဆိုင်တွေ့ကြုံရပါစေ ငါတို့ အရိပ်မဲ့အဖွဲ့သားတွေက နင့်ကို ဘယ်တော့မှ တစ်ယောက်တည်းချန်ထားခဲ့ ပစ်ထားခဲ့မှာမဟုတ်ဘူးနော်။နင် လုပ်ချင်တာ သာ လုပ်ပစ်"ဟူပြီး ပြုံးရွှင်စွာဖြင့် ယန်ယုကပြောလိုက်သည်။ရှန်ယန်ရှောင်စကားကို ကြားပြီးတဲ့နောက် သူရဲ့စိုးရိမ်ပူပန်မှုတွေ ပျောက်ကွယ်သွားခဲ့ပါပြီ။
မိန်းကလေးငယ်တစ်ယောက်ကတောင် ဒီလို အံ့ချီးဖွယ်စကားတွေ ပြောနိုင်သေးတာပဲ သူတို့လို ယောကျ်ားတွေလည်း မျက်နှာအပျက်ခံလို့ ဘယ်ဖြစ်ပါ့မလဲလေ...
"ရှောင်လေးရေ ငါတွေးနေတာကလေ နင်သာ ယောကျ်ားတစ်ယောက်ဆိုရင် ဒီတစ်ကမ္ဘာလုံးကို နင့်ခြေဖဝါးအောက်မှာ နင်းထားမှာပဲလို့ပေါ့။နင်သာ ယောကျ်ားတစ်ယောက်ဆိုရင် လင်းလက် တိုက်လည်း ပုဂ္ဂိုလ်ကြီးတစ်ဦး ပြန်လည်ထွန်းပေါက်လာတဲ့အတွက် တုန်ဟီးသွားမှာ သေချာ တယ်"ဟု ပြောလိုက်တဲ့ ကြူရှီယာဟာ ရှန်ယန်ရှောင်ရဲ့ သတ္တိနဲ့ဗျတ္တိတို့အတွက် သက်ပြင်းချလိုက်ရလေသည်။သူမရဲ့ အမြင်က အဝေးအဝေးကြီးကို ရောက်နေပြီး သူမရဲ့ အတွေးအခေါ်တို့ကလည်း ရှေ့အဝေးကြီးမှာ ရောက်ရှိနေသလို ယုံကြည်မှုတို့လည်း အပြည့်ရှိနေ ပါသေးသည်။
"ယောကျ်ားတစ်ယောက်ဖြစ်တော့ ဘာဖြစ်လဲ မိန်းမဖြစ်တော့ရော ဘာဖြစ်လဲ။ယောကျ်ားတစ် ယောက် လုပ်နိုင်တဲ့ကိစ္စကို ငါမလုပ်နိုင်ဘူးလား။ငါမလုပ်ချင်တာပဲရှိတယ် မလုပ်နိုင်တာ မဟုတ် ဘူး။ဒီလောကထဲ ငါစိတ်ဝင်စားတဲ့အရာမရှိသလို ငါ့ရှေ့မှာ လူတွေက အပုတ်ချတာမျိုး ကဲ့ရဲ့ပြော ဆိုတာမျိုးတွေ မခံချင်ပါဘူးကွာ။ငါ လွတ်လပ်စွာပဲ ရှင်သန်နေထိုင်ချင်တာ"လို့ ရယ်သံတိုးတိုး စွက်၍ ရှန်ယန်ရှောင်ပြောလိုက်သည်။မိန်းမတွေဟာ ယောကျ်ားတွေထက် ညံ့တယ်လို့ သူမ ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူး။

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4Where stories live. Discover now