၆၀၄

2K 288 2
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၆၀၄)

“ဒီအတွက်တော့ ငါလည်း ဘာမှလုပ်မပေးနိုင်ဘူးဟေ့။အေး မင်းပျင်းနေတယ်ဆိုရင်တော့ ဖီးနစ်ပေါက်လေးက မင်းနဲ့အဖော်ပြုကစားပေးနိုင်တာပဲ”
ဇာမဏီနဲ့ရှန်ယန်ရှောင်တို့နှစ်ယောက်ရဲ့ စိတ်အခြေအနက ဆန့်ကျင့်ဖက်ဖြစ်နေခဲ့သည်။ သူ့သခင်အနားမှာ သူနဲ့ပြိုင်ပြီး အလေးပေးအလိုက်လိုက်ခံဖို့ ယှဉ်ပြိုင်မယ့်လူတွေ မရှိတော့တဲ့အ တွက် ဇာမဏီ့စိတ်ထဲမှာ အကျေနပ်ကြီးကျေနပ်နေပါပြီ။
ထူးထူးဆန်းဆန်းတွေ လုပ်နေကြသူတွေအတွက်တော့ ဆောတီးပဲ။ငါ့အာစရိအနား ဘယ်ကောင် မှ မလာလေကောင်းလေပဲ။
ဇာမဏီ့ရင်ခွင်ထဲမှာ ထွေးပိုက်ထားခံရတဲ့ ဖီးနစ်လေးကို သူမရဲ့ လက်ညှိုးလေးနဲ့ တို့ကြည့်မိတော့ နူးညံ့လှသောအထိအတွေ့ကြောင့် ထိချင်ကိုင်ချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာခဲ့သည်။
“ကျိ”
သဘောကျသွားတဲ့ ဖီးနစ်လေးပုံစံက ဖီးနစ်တစ်ကောင်နှင့်မတူဘဲ အိမ်မွေးပွေးလေးတစ်ကောင် လို ဖြစ်နေပါသည်။
နည်းလည်းမှန်ကန်စွာ ကျွေးမွေးမှုကြောင့် ဖီးနစ်လေးရဲ့ မူလ လုံးလုံးတုတ်တုတ်ကိုယ်လေးက ချပ်ချပ်ရပ်ရပ်ဖြစ်သွားခဲ့ပြီး အမွှေးအတောင်တို့လည်း ထွက်ရှိနေပြီဖြစ်ကာ ပို၍ ချစ်စရာ ကောင်းလာပါသည်။
“အား…”ဟု ရှန်ယန်ရှောင် သက်ပြင်းချလိုက်သည်။
အခုလို စိတ်ညစ်စိတ်ပျက်နေရတာ သူမရဲ့စတိုင်မဟုတ်လို့ ထရပ်လိုက်ပြီး သူမအခန်းသို့ သွားလိုက်သည်။
စွန့်ပစ်နယ်မြေရောက်ကတည်းက အတွင်းအားရော မှော်အားရောပါ ကျင့်ကြံချိန် မရှိခဲ့လို့ သူမရဲ့ အဆင့်က ကျောင်းပေါင်းစုံပြိုင်ပွဲတုန်းကအတိုင်းပဲ ရှိနေပါသေးသည်။
ကုတင်ပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်ပြီးနောက် စိတ်အာရုံကို စုစည်းကာ စိတ်နှလုံးကန်ဆီ အာရုံပို့လိုက်တော့ ပိန်ပိန်သွယ်သွယ်လူတစ်ယောက်ကို မြင်တွေ့လိုက်ရပါသည်။
“ရှူရေ နောက်ထပ် တားမြစ်အမှတ်ကို ဖျက်ဖို့အတွက် အချိန်ဘယ်လောက်လောက် လိုဦးမလဲ”
“အလွန်ဆုံးနှစ်လပေါ့”လို့ ရှူက ဖြေးဖြေးမှန်မှန်ပဲ ပြောလိုက်သည်။ရေခဲလို အေးစက်သော အသံဖြစ်ပေမယ့် ရှန်ယန်ရှောင်ရင်ထဲမှာတော့ နွေးကနဲဖြစ်သွားပါသည်။
“နှစ်လလား အဲ့လိုဆို တက်သစ်နေမြို့တည်ဆောက်ရေးလုပ်ငန်းတွေ ပြီးမယ့်အချိန်နဲ့ အတူတူပဲပေါ့။ဒီလိုဆိုရင် အောင်ပွဲခံပျော်ရွှင်စရာ အဖြစ်နှစ်ခုဖြစ်နေမှာဆိုတဲ့သဘောပေါ့”လို့ ရှန်ယန်ရှောင်က ပြုံး၍ခေါင်းညိတ်ရင်း‌ပြောလိုက်သည်။
“ဟုတ်မှာပေါ့”လို့ ရှူကပြောသည်။
“ဒီလိုဆိုရင် ကျနော်လည်း ပျင်းနေလို့မဖြစ်တော့ဘူး။ဒီအချိန်အတွင်းမှာ ကျနော့်ရဲ့ အတွင်းအားနဲ့ မှော်အားတို့တိုးတက်အောင် လုပ်ထားလိုက်မယ်။မဟုတ်ရင် တားမြစ်အမှတ် ဖျက်ပြီးလည်း ကျနော့်ရဲ့ အစွမ်းက နဂိုအတိုင်းပဲရှိနေတယ်ဆိုရင် ဘာမှထူးခြားမှာလည်း မဟုတ်ဘူး”
တည်ဆောက်ရေးအတွက် သူမရဲ့အချိန်နဲ့စွမ်းအင်တွေကို ပေးဆပ်ခဲ့ရပါသည်။လက်ရှိ သူမဆီမှာ ဒဏ္ဍာရီသတ္တဝါရှစ်ကောင် ရှိနေပေမယ့် လောကကြီးက ခန့်မှန်းဖို့မလွယ်တာကြောင့် ပိုပြီး စွမ်းအားကြီးတဲ့ ရန်သူရှိမနေဘူးလို့ ပြောလို့မရပါဘူး။သူမရဲ့ ကိုယ်ပိုင်စွမ်းအားကို မြှင့်တင်မှသာ ကြုံတွေ့မှုတိုင်းအတွက် အဆင်သင့်ဖြစ်နေမှာလည်း ဖြစ်လေသည်။
“အင်း”လို့ ရှူပြောသည်။
ရှန်ယန်ရှောင်လည်း စကားထပ်မဆိုတော့ဘဲ ကျင့်ကြံမှုပြုလုပ်လိုက်သည်။
သူမရဲ့ စိတ်နှလုံးကန်ထဲမှာ ရှိနေတဲ့ ရှူဟာ စိတ်နှလုံးကန်မှာ ထင်ဟပ်နေသော ရှန်ယန်ရှောင်ပုံရိပ်ဆီကို သွားလိုက်သည်။
အစကတော့ ဒီကောင်မလေးက အသုံးမကျဘူးလို့ ထင်ခဲ့မိပြီး သူ့စွမ်းအားတွေ ပြန်လည်ရရှိရေးကိုတောင် လက်လျှော့လုနီးနီးဖြစ်ခဲ့မိသည်။ဒါပေမယ့် ရှန်ယန်ရှောင်ဟာ စိတ်ကူးယဉ်ပုံပြင်ဆန်ဆန်နဲ့ နေ့ချင်းညချင်းကို ပြောင်းလဲသွားခဲ့ပြီး ဆန်ကုန်မြေလေးဘဝကနေ တစ်လှမ်းချင်းတစ်ဆင့်ချင်း ကြိုးစားလာခဲ့ရာကနေ ယခုအခြေအနေထိ ရောက်ရှိနေပါပြီ။ဒါတွေ အားလုံးက တစ်ကယ့်ကို အထင်ကြီးလေးစားစရာကောင်းလှပေသည်။

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4Where stories live. Discover now