Chapter(51-1) - ကိစ္စအသစ်

Start from the beginning
                                    

ရှန်ကျစ်ရှန်း, "????? "

ဘာတွေဖြစ်နေတာလဲ?

လွန်ခဲ့တဲ့ ခြောက်လလုံးလုံး သူတို့တွေ လျှို့ဝှက်နယ်မြေထဲမှာပဲ ကျင့်ကြံလိုက် စားလိုက်သောက်လိုက် လုပ်နေကြတာလေ, သူတို့က ဘယ်သူ့ကို ရန်သွားစလို့လဲ?

သူက ရန်ကျင်းဘက်သို့ မေးငေ့ါပြလိုက်ပြီး လူငယ်လေးရဲ့ စကားအား ချောမွေ့စွာပင် ကြားဖြတ်လိုက်ကာ သံသယအပြည့်ဖြင့် မေးလိုက်သည်

"သူလား? သေချာလို့လား?"

ထိုလူငယ်အုပ်စုက ဆယ့်ခြောက် ဆယ့်ခုနှစ်ထက် ပိုကြီးပုံမပေါ်ပေ။ ဒါသည် နာမည်ဆိုးထွက်နေသည့် ကွင်းဆက် လူသတ်သမားနဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ကြရတာဖြစ်သည်။ ၇လဒ်ကတော့ သူတို့ဟာ သဘာဝကျကျပင် ကြောက်ရွံ့နေကြသည်။

ထိုအတွက်ကြောင့် အပြာဝတ်နဲ့ လူငယ်လေးမှာ ရှန်ကျစ်ရှန်းရဲ့ တည်ငြိမ်မှုဖြင့် တစ်နည်းနည်းနဲ့ ဖိနှိပ်ခံလိုက်ရ၏။ ရှန်ကျစ်ရှန်းက ထိုမေးခွန်းကို မေးလိုက်တဲ့အချိန်မှာ သူက ရပ်တန့်သွားမိပြီး သေချာစေရန်အတွက် ရန်ကျင်းအား သတိလက်လွတ်ဖြင့် နောက်တစ်ဖန် ကြည့်မိသည်။

"သူဟုတ်တယ်"

သူက အသက်ကို ပြင်းပြင်း ရှုလိုက်ပြီး ရန်ကျင်းကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအား ရပ်တန့်မှုမရှိ ရွတ်ပြလာသည်။

"လွန်ခဲ့တဲ့ ငါးလတုန်းက အနောက်မြောက်ခရိုင်က ရွာသားတစ်ယောက်နဲ့ ဖင်းဟယ်မြို့က မိန်းကလေးတစ်ယောက်ကို သတ်ခဲ့တယ်... လွန်ခဲ့တဲ့ သုံးလလောက်က ယွင်ရှောင်းဂိုဏ်းက က ယီမင်းဆိုတဲ့ အငယ်တန်း တပည့်လေးတစ်ယောက်ကို သတ်ပစ်လိုက်တယ်..."

နောက်ဆုံးတော့ ဒါဇင်နဲ့ချီတဲ့ အသက်တွေ သတ်ခံခဲ့ရပြီး အများစုက ဂိုဏ်းပေါင်းစုံက တပည့်တွေ ဖြစ်နေသည်။

လူငယ်လေးရဲ့ စကားဆုံးသွားတဲ့အချိန်မှာ အားလုံးတစ်ယောက်နဲ့တစ်ယောက် ကြည့်မိကြပြီး သူတို့ပတ်ဝန်းကျင်မှာ တိတ်ဆိတ်မှုတစ်ခု ကြီးစိုးသွားသည်။ ရှန်ကျစ်ရှန်းက သတိပြန်ဝင်လာပြီး ဖြည်းညှင်းစွာ မေးလိုက်၏။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now