"တွေ့လား! ကျွန်တော်ကြိုက်တာကို ခင်ဗျားမကြိုက်ဘူး၊ ခင်ဗျားရဲ့အလုပ်ကိုလည်း ကျွန်တော်မကူညီနိုင်ဘူး။ ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် လုံးဝမသင့်တော်ဘူး"

ဇုချီရဲ့လေသံက တဖြည်းဖြည်း လေးနက်လာပြီး မှုန်မိုင်းတဲ့အမူရာရှိ‌နေတဲ့ ရွှယ့်ကျွယ် ကို စိုက်ကြည့်ပြီး လေးလေးနက်နက် ပြောလာတယ်

"လမ်းခွဲတဲ့ကိစ္စကြောင့် ခင်‌ဗျားနဲ့ ရွှယ့်မိသားစုနာမည်ပျက်မှာ စိုးရိမ်‌နေရင် ကျွန်တော်က ပိုက်ဆံယူပြီးထွက်ပြေးတယ်လို့ ပြောပြီး ကျွန်တော့်အပေါ် အပြစ်တင်ရင်တောင် ကျွန်တော်စိတ်ထဲမထားဘူး"

'ငါက မကြာခင် အသက် ဆုံးရှုံးရတော့မှာ နာမည်နဲ့အရှက်ကို ဘယ်လိုလုပ် ဂရုစိုက်နိုင်အုံးမှာလဲ'

သူအသက်ရှင်နေသရွေ့ ပိုက်ဆံတဖြည်းဖြည်းရှာနိုင်သလို ဂုဏ်သတင်းကိုလည်း ဖြည်းဖြည်းချင်းတည်ဆောက်လို့ရတယ်။ သူနဲ့သူ့ဗိုက်ထဲမှာရှိတဲ့ကလေးလေး တစ်သက်လုံး တဖြည်းဖြည်း အချိန်ဖြုန်းဖို့ နေ့ရက်ရှည်တွေရှိလာနိုင်သေးတယ်။

ဇုချီ က ရွှယ့်ကျွယ်ကို သိမ်းသွင်းနိုင်ပြီလို့ ထင်နေပေမယ့် ရွှယ့်ကျွယ်က

"ဟုတ်တယ် အဲ့ဒါတွေကို မင်း ဂရုမစိုက်ဘူး။ မင်းသာ ဂရုစိုက်ရင် ငါ့ကို ဆေးခတ်ခဲ့မှာ မဟုတ်ဘူး"

ဇုချီ : "......."

အိုး သူက အဲဒါကို မှတ်မိနေတဲ့ပုံပဲ။ ဝတ္ထုထဲမှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး စာလုံးအနည်းငယ်ပဲ ရေးခဲ့တာ။ပွဲမှာ "ဇုချီ" က အရမ်းပြင်းတဲ့ဆေးတစ်မျိုးကို ရွှယ့်ကျွယ်ရဲ့ဖန်ခွက်ထဲထည့်လိုက်တယ်။ ရွှယ့်ကျွယ် အပေါ်ထပ်မှာ အနားယူဖို့ အကူညီပေးပြီးနောက် သူတို့နှစ်ယောက်နွေဦးညတစ်ညကို အတူတူဖြတ်သန်းခဲ့ကြတယ်။

ဒါက တိုက်​ရိုက် စော်ကားခဲ့တာပဲ......

ဟူး ဒီလို အဓိပ္ပါယ်မဲ့တဲ့ အရာတွေအားလုံး လုပ်ခဲ့တဲ့ မူလပိုင်ရှင်ကိုပဲ သူအပြစ်တင်ရမှာပေါ့။ အခုမူလပိုင်ရှင်ရဲ့ ကိုယ်ထဲရောက်နေတော့ သူပြောတဲ့လမ်းခွဲ‌စကားက အကျိုးကြောင်းမရှိတဲ့လုပ်ရပ် ဒါမှမဟုတ် တခြားသူရဲ့ မျက်လုံးထဲမှာ ဝုန်းဒိုင်းကြဲနေတဲ့ပုံပဲ ပေါက်နေမှာပေါ့

လူချမ်းသာကြီးရဲ့ကလေးကို ငါလွယ်ထားရတယ် [BL]Where stories live. Discover now