Chapter - 40 (U+Z)

Start from the beginning
                                    

"မင်းတို့​တွေက ဘားလာတာလား အစည်းအ​ဝေး လာတက်တာလား?"

လူတိုင်းက သူတို့ရဲ့ သာမာန် ပေါ့ပေါ့ပါးပါး အသွင်အပြင်နှင့် ဝေးကွာလှစွာ​သော ၀တ်စားဆင်ယင်မှုမျိုးဖြင့် သပ်ရပ်စွာ ၀တ်ဆင်ထားသည်။ ရဲ့​ရှောက်က မျက်လုံးလှန်လိုက်ပြီး

"ငါတို့အခု​ပြော​နေတာ ဥက္ကဋ္ဌကု​နော်။ ငါ့အ​ဖေ​တောင် သူနဲ့​တွေ့ရင် ယဥ်​ယဥ်ကျေး​ကျေး ဆက်ဆံရတာ ဘယ်လိုလုပ် ငါက ရိုင်းပြရဲပါ့မလဲ?"

ကျန်တဲ့လူအားလုံးကလည်း ထိုစကားကို ​ထောက်ခံ​ကြောင်း ထုတ်ဖော်ပြောဆိုကြသည်။ ​ရှောင်းရွိ သူတို့ကို ​စိတ်သက်သာရာရ​အောင် ပြော​ပေးရ​တော့သည်။

"ဥက္ကဋ္ဌကုက ​လေးနက်တဲ့လူဆို​ပေမယ့် ​ပေါင်းရသင်းရ အရမ်းလွယ်တဲ့သူပါကွ"

ရဲ့​ရှောက်က သိသိသာသာကို မယုံကြည်ဟန်ဖြင့် သူ​ပြောတာကို လက်မခံ​ပေ။

"ငါတို့ဒီမှာပဲ ​စောင့်မှာလား? သီးသန့်ခန်းကို သွားမလား?"

​ရှောင်းရွိ: "အပြင်မှပဲ ​စောင့်ရ​အောင်။ ဥက္ကဋ္ဌကုက သီးသန့်ခန်းငှားဖို့ မလိုဘူးတဲ့"

​ရဲ့​ရှောက်ရဲ့ အမူအရာက အနည်းငယ် ထူးဆန်းလျက်

"သူက သာမန်လူတွေရဲ့ နေထိုင်ပုံကို စစ်ကြည့်ချင်လို့လား။"

​ရှောင်းရွိ ပခုံးတွန့်လိုက်ပြီး

"မသိဘူး​လေ"

ထို့ကြောင့် သူတို့အဖွဲ့ဟာ ဘားရဲ့ ဘယ်ဘက်မျက်နှာစာရှိ n ပုံသဏ္ဍာန် ဆိုဖာတွင် ​နေရာယူလိုက်ကြသည်။ ရှောင်းရွိ ကုလီဟန်ကို တည်နေရာကို ပို့ပြီးနောက် သူငယ်ချင်းများနှင့် စကားစမြည် ပြော​နေလိုက်သည်။ သူတို့စကားပြောနေစဉ်တွင် အရပ်ရှည်သောလူတစ်ယောက် ချဉ်းကပ်လာသဖြင့် ရဲ့​ရှောက်က ထိုသူအား တားရန် လက်ကို မြှောက်ကာ

"ဒီက ညီလေး၊ စိတ်မကောင်းပါဘူး၊ ဒါပေမယ့် ငါတို့က ဒီနေရာကို ကြိုမှာထားလိုက်ပြီ"

ထိုစကားကိုကြားသောအခါ ​ရှောင်းရွိလှမ်းကြည့်လိုက်ပြီး ချက်ချင်း ထရပ်လိုက်သည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now