ကျေးဇူးတင်လွှာ(Z & U)

470 30 20
                                    

Zawgyi

ကျေးဇူးတင်စကားဆိုရမဲ့အချိန်လေးရောက်လာခဲ့ပါပြီ။ပထမဆုံးကျေးဇူးတင်ချင်တာကတော့ Ficရဲ့ အဓိကဇာတ်ကောင်လေးဖြစ်တဲ့''မြတ်''ကိုပါ။မြတ်ကြောင့်ပဲ ဒီficလေးဖြစ်လာခဲ့ရတာဖြစ်ပြီး မြတ်ကြောင့်သာပဲ လှလှလေးပုံဖော်နိုင်ခဲ့တာပါ။

တချို့က ထင်ကြလိမ့်မယ်။ါဒါဟာ ဇာတ်လမ်းတစ်ပုဒ်မို့ စာရေးသူက ကွန့်ပြီးရေးထားတာလို့လေ။တကယ့်တော့ အပြင်မှာအမှန်တကယ်ရှိတဲ့မြတ်ရဲ့ပုံစံအတိုင်း၊စိတ်ဓာတ်အတိုင်း တစ်ထပ်တည်းနီးပါးတူအောင် ကိုယ်ဖန်တီးခဲ့တာဖြစ်သလို ပါဝင်တဲ့အကြောင်းအရာများကလည်း အပြင်မှာတကယ်ဖြစ်ခဲ့တာတွေပါပဲ။

အိမ်ထောင်သည်ဘဝလေးတစ်ခုပဲ စိတ်ကူးဥာဏ်ကွန့်ခဲ့တာဆိုပါတော့။ဒါပေမဲ့လေ မြတ်ရဲ့ချစ်တတ်ပုံနဲ့က အိမ်ထောင်သည်ဘဝမှာဆိုလည်းကိုယ်ဖန်တီးထားသလိုပဲ ဖြတ်သန်းကြမှာထင်ပါရဲ့။နောက်ထပ်ကျေးဇူးတင်ချင်တာက အစအဆုံးကိုယ်နဲ့အတူလိုက်ပါပေးခဲ့တဲ့ ဒါဒါလေးတွေကိုပါ။

Blမဟုတ်လို့ဖတ်သူသိပ်မရှိနိုင်ဘူးဆိုတာသိရဲ့နဲ့ ကိုယ်မြတ်နိုးလွန်းလို့ကို အပင်ပန်းခံပြီးဖန်တီးခဲ့တဲ့ဒီficလေးကို ကိုယ်နဲ့ထပ်တူချစ်ပေးခဲ့လို့ကျေးဇူးအများကြီးတင်ပါတယ်။ပေးခဲ့တဲ့မန့်တွေ ကြယ်လေးတွေကလည်း ကိုယ်ရေးနေတဲ့တစ်လျှောက်လုံး အကြီးမားဆုံး အားဖြစ်ခဲ့ရပါတယ်။အထူးသဖြင့် အစလေးပဲဖတ်ပြီးလိုအပ်တာလေးပြောပေးပါလို့တောင်းဆိုမိရာကနေအဆုံးထိလိုက်ဖတ်ပေးခဲ့လို့ တကယ်ကျေးဇူးပါတီတီ။အဆုံးထိဖတ်လိမ့်မယ်လို့မထင်ခဲ့ရိုးအမှန်ပါ။

နောက်ထပ်ကိုယ်ပြောချင်တာတစ်ခုက ကိုယ် စာရေးတဲ့အလုပ်ကို အချိန်အကန့်အသတ်မရှိ နားချင်ပါတယ်။ဘာကြောင့်ရယ်မှမဟုတ်ဘဲ ဒီတိုင်းကိုယ်နားချင်တာပါ။ကိုယ် စိတ်အဆင်ပြေတဲ့တစ်နေ့၊ကိုယ့်ခေါင်းထဲဇာတ်လမ်းတစ်ခုဖန်တီးချင်လာတဲ့တစ်နေ့ကျမှပဲ ကိုယ်ပြန်လာပါတော့မယ်။စပြီးတည်ရှိခဲ့ချိန်မှ စလို့ ခုအချိန်ထိ ကိုယ့်ဘေးမှာအတူရှိပေးခဲ့သူတွေကို ကိုယ်အများကြီးကျေးဇူးတင်ပါတယ်နော်။

မြတ် (မြတ် )Où les histoires vivent. Découvrez maintenant