18(Z & U)

282 23 4
                                    

Zawgyi

''ငါ ပြန်မလာဖြစ်တော့ဘူး။ပြီးတော့ ဒီမှာ ငါသဘောကျတဲ့မိန်းကလေးတစ်ယောက်တွေ့နေပြီ။နင်လည်း နဂိုကတည်းက ငါ့ကိုလက်ထပ်ချင်ခဲ့တာမှ မဟုတ်ဘဲဆိုတော့ လူကြီးတွေကို သေချာပြောပြပြီး စေ့စပ်ထားတာ ဖျက်လိုက်ကြရအောင်''

ပြည်ပကနေ ရောက်လာခဲ့သော စာတစ်စောင်ဟာ ကိုယ့်အတွက် ဝမ်းသာရမလား၊ဝမ်းနည်းရမလားပင် မပြောတတ်ပေ။အနှောင်အဖွဲ့လွတ်တဲ့လူတစ်ယောက်ဖြစ်သွားပေမဲ့ စေ့စပ်ပြီးမှ လွဲချော်သွားသည့် မိန်းမတစ်ယောက်အနေနဲ့လည်း ပတ်ဝန်းကျင်ရဲ့ သို့လောသို့လောများစွာကို ခံစားရပေဦးမည်။တကယ်ကို ရူးချင်ချင်ဖြစ်လာသည့်စိတ်က တားမနိုင်ဆီးမရ။

ကိုယ့်အသက်ထက်ပို၍ ချစ်ခဲ့ရသူကိုလည်း ကိုယ်စွန့်လွှတ်လိုက်ရပြီးပြီ။ခုတစ်ဖန် ကိုယ်ရွေးချယ်ထားခဲ့သည့် လက်တွဲဖော်ကလည်း အချစ်ကိုရှာတွေ့သွားသည့်အခြေအနေ။ဒီတော့ တစ်သက်တာလုံးဖြစ်တည်လာသော အချစ်ဆုံးသူငယ်ချင်းဆိုသော အနှောင်အဖွဲ့သည်ပင် ကိုယ်တွေကြား မရှိတော့။ဒါကြောင့်သာ လူတွေကပြောကြတာဖြစ်မည်။သူငယ်ချင်းကနေ ချစ်သူဖြစ်နိုင်ပေမဲ့ လမ်းခွဲပြီးနောက် သူငယ်ချင်းဆက်ဆံရေးပြန်ရဖို့ဆိုတာ အတော်ကို ခက်ခဲသတဲ့လေ။

''နင်က သူ့ဆီမှ စိတ်မရှိတာ။အဲ့တော့ သူကလည်း သူ့ကိုချစ်တဲ့သူဆီသွားမှာပေါ့''

''ပြန်ပြီး ညိကြပါဦးလား''

''မောင်မြတ်နဲ့ဆက်သွယ်နေတာကို မကြိုက်တာဆိုလည်း ညည်းဘက်ကဆင်ခြင်ပေါ့အေ''

အိမ်ရှိလူကုန်၏ အမျိုးမျိုးသောစကားတို့ကိုလည်း ကိုယ်မကြားလို၍ နားသာပိတ်ထားလိုက်တော့သည်။ကိုယ့်ရင်ထဲ ပင်ပန်း၏၊မပင်ပန်း၏ကို ကိုယ့်ကိုယ်ကိုယ်တိုင်သာ အသိဆုံး။

''မအိပ်သေးဘူးလား..အာဂျီမား''

အချိန်က ၁၁နာရီထိုးလုလု။ဒီညလည်း မြတ်တစ်ယောက် ညဂျူတီကျပုံပါ။

''အင်း အိပ်မပျော်သေးလို့''

''လျှောက်တွေးမနေနဲ့လေ ကလေးမရယ်။ဘာတွေပင်ပန်းနေတာလဲ''

မြတ် (မြတ် )Where stories live. Discover now