"နန်းရေချယ်တို့ကတော့  ဆင်ဖြူတော်မှီပြီးကြံဆုပ်ရမဲ့သဘောရှိတယ်"

တစ်ယောက်နဲ့တစ်ယောက် မျက်စပစ်ကာ
သူမကိုစနေတာမို့စံ  မျက်စောင်းလေးထိုးကာ

"မိန်းမတွေနော်  ငထင်က ငါအတွက်သူငယ်ချင်းပဲ  အဲထက ်မပိုဘူးငါကိုမှီပြီးကြံစုပ်မယ်ပြောရအောင် အထင်ကရ  ကနင်တို့သူငယ်ချင်းမဟုတ်လားပြော"

"နင်ပါတော့  ပိုစားရတာပေါ့  သူငယ်ချင်းရယ်"

"အေးနင်တို့သူရှေ့မှာ  မစနဲ့နော်"

"အေးပါ  မစပါဘူး ခုကငါတို့ပဲရှိလို့စတာပါစံရယ်"

"ပြီးရော  "

သူမတို့အဖဲွ့ဲွ့ထဲမှာ တစ်ဉီးတည်းသောယောကျာ်းလေးတစ်ယောက်ဖြစ်တဲ့အထင်ကရဟာ သူမအပေါ် ဖွင့်ပြောထားသော်လဲ သူမကတော့ သူငယ်ချင်းအနေနဲ့သာ ခင်သည်။ဒါကို သူကလဲ သူမငြင်းတာကို သူဘက်ကချစ်နေရင်ရတယ်ဆိုပြီး  သူငယ်ချင်းအနေဖြစ်သာ ဆက်ခင်နေတာဖြစ်သည်။​

ညနေလာခေါ်မယ် ဆိုတာကြောင့် ၃ယောက်သား အလှပြင်နေကြသည်။နဂိုရုပ်ခံလေးတွေက လှတာမို့ပြင်ပြင်ဆင်ဆင်သပ်သပ်ရပ်ရပ်ဝတ်တာမို့ သူမတို့၃ယောက်ကအချောအလှစာရင်းဝင်တွေဖြစ်ပေမဲ့  အချစ်ရေးမှာတော့ တစ်ယောက်မှ ချစ်သူမထားသေးပါ။၃ယောက်လုံး ဂျင်းဘောင်းဘီနဲ့ဆွယ်တာအိင်္ကျီပွပွလေး ကိုဝတ်ကာ ငထင်ကားလာအောင်စောင့်နေလိုက်သည်။တစ်အောင့်နေတော့ ကားဝင်လာတာမို့  ထိုင်စောင့့်နေရာမှထကာ  ကားနားကိုသွားတော့  ကားထဲမှငထင်ကထွက်လာသည်။

"ငထင်ရယ်  နင့့်အသားတွေဖွေးလာတယ် နင့့်တောင်ကြီးသူရှာပြီး ဒီမှာပဲနေတော့"

"ဟုတ်လား ငါပိုချောလာတယ်မလားချယ်
ဆေးရုံစရောက်တုန်းကဆို ညိုချောဆိုလို့ငါတစ်ယောက်ပဲရှိတော့  ဆရာဝန်မလေးတွေ
သူနာပြုလေးတွေက သဲသဲလှုပ်ပဲဟ ငါကဖြူမှာတောင်ကြောက်နေတာ"

"​အေးပါ အမြှောက်ကြိုက်တဲ့ကိုယ်တော်ရယ်
ခုတော့  စောစောသွားရအောင် ဘယ်ဆိုင်သွားမှာလဲ"

"ဗီးနပ် bar"

"ဟဲ့ နင်ဟာက ဘားကြီး"

"bar  ဆိုပေမဲ့ လူသန့့်တယ် ခြံထွက်ဝိုင်တွေ မြည်းကြည့်စမ်းပါ  BBQ ဆို  ဆတ်သား ဂျီတို့ အစစ်ရတယ်  ငါကိုယုံလိုက်ပါ"

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now