ကျွန်တော်ဘာမှမတွေးနိုင်တော့ဘူး...။
ဘယ်လိုလုပ်ရင် သူလမ်းခွဲဖို့အကြောင်းတွေဆက်မပြောမှာလည်း။ ဘယ်လိုတွေလုပ်ရင် သူကျွန်တော့်ကိုမထားခဲ့မှာလည်း။ ကြံရာမရစိတ်တွေနဲ့အတူ ပူပန်လာသောရင်အစုံ။
ကိုယ့်ကိုယ်ကိုယ်သတိထားမိချိန်မှာ ကျွန်တော်ဟာ
မြေပြင်ပေါ်ဒူးထောက်လျက်သား...။ထားခဲ့လို့မဖြစ်ဘူးလေအချစ်ရဲ့...။ မဟုတ်ရင် မင်းထားခဲ့လို့
သွက်သွက်ခါအောင်ရူးသွားတဲ့အရူးက ငါဖြစ်သွားလိမ့်မယ်။မြေပြင်ပေါ်ပုံလျက်သားကျနေတဲ့ကျွန်တော့်ကို လက်မောင်းရင်းကနေပြာပြာသလဲဆွဲထူတယ်..။ အထိအတွေ့တွေက
အရင်အတိုင်းနူးညံ့တုန်း။ မျက်ရည်ကြည်တွေသိုင်းနေတဲ့
မျက်ဝန်းတွေက အရင်အတိုင်းကြင်နာမှုတွေပြည့်နေတုန်း။
တဆတ်ဆတ်တုန်ယင်နေတဲ့နှုတ်ခမ်းလေးက ကျွန်တော့်ကို
ပူပန်မှုတွေရှိနေတုန်း...။ ချစ်နေရက်သားနဲ့Ohmရယ်..။" ကိုယ့်ကို အခက်တွေ့အောင်မလုပ်ဘူးမလား.."
ကျွန်တော့်အချစ်ဦးလေးက ကျွန်တော့်ကိုဒီလိုစကားမျိုးတွေနဲ့ချည်ပါတယ်။ အစစအရာရာ အလိုလိုက်ခဲ့သမျှဟာ သူကျွန်တော့်ဆီနေပျော်စေလိုတဲ့ ဆန္ဒတစ်ခုတည်းကြောင့်ပါ။
သေလောက်အောင်သူ့ကို အပိုင်ရချင်ပေမယ့်.. ရူးမတတ်ခံစားနေရပေမယ့် သူသာပျော်မယ်ဆိုရင် ကျွန်တော်လေ...." အင်း...မင်းစိတ်ပင်ပန်းအောင်ဘယ်နှခါများငါလုပ်ဖူးလို့လဲOhm ရယ်...သိရဲ့သားနဲ့များ"
"ဒါဆို ဘေဘီက ကိုယ့်ကိုလက်လွှတ်ပေးမှာလား"
"အကြောင်းပြချက်တစ်ခုခုလောက်ငါရသင့်တယ်မဟုတ်လား"
သက်ပြင်းကိုခိုးရှိုက်တယ်.. ချက်ချင်းနောက်လှည့်သွားပေမယ့် စီးကျသွားတဲ့မျက်ရည်တချို့ကိုတော့မြင်လိုက်ပါရဲ့..။
"အဲ့ဒါက"
"အင်း"
" အချိန်တန်ရင်ပေးသိမှာပါ..အခုကိုယ်ပြောလို့
အဆင်မပြေတာမို့..""အင်း... အဆင်မပြေရင်မပြောပါနဲ့ အဆင်မပြေဘူးထင်ရင်
ဘာမှမပြောနဲ့ "
YOU ARE READING
𝐍𝐨 𝐌𝐨𝐫𝐞 𝐓𝐞𝐚𝐫
Fanfictionကျန်တာတွေမလို... ဖဝါးမလပ်ခြေရာထပ်ဖို့ကသာ ကျွန်တော့်ရဲ့ဘဝအဆက်အဆက် တောင်းဆုတစ်ခု ဖြစ်ခဲ့၏။
Part 1
Start from the beginning