ပြောရင်ကျွန်တော်လွန်တယ်ထင်ကြဦးမယ် သူလုပ်တာလူပျိုဘဝကနေ အိမ်ထောင်သည်ဖြစ်လိုဖြစ် ညားခါကအိမ်သူသက်ထားဖြစ်လိုဖြစ် ဟွန့် .....မုန်းစရာလူ...

Flash back in ကုန်တိုက်...😁
ကားပေါ်ကဆင်းတာနဲ့ ရောက်ယက်ခတ်နေတာတအားပဲ...
နောက်ကနေတကောက်ကောက်နဲ့ လူကိုစိတ်တိုပြီးသေအောင်လုပ်နေတယ်...

"ပေးပေး....ခြင်းထဲထည့် ဒီဟာယူမွာ..
ဟိုဟာကိုယူမွာမလား ကိုယ်ထည့်လိုက်ပြီနော်...မသယ်နဲ့ မသယ်ပါနဲ့လေးတယ်လေကွာ ကိုယ်ပဲသယ်မယ်...."

အေနာက္ကေန ဟိုဟာဒီဟာလက်လှမ်းတာနဲ့ အကုန်ခြင်းထဲထည့်နေတာ ပြီးတော့လည်း တကိုယ်ထဲကိုယ်နေ ရူးနေလားမသိဘူး....

"ဘယ်လိုဖြစ်နေတာလဲ!!!!"

"မင်းပင်ပန်းမှာစိုးလို့လေကွာ စေသနာကို..."

"တော် ပါးစပ္ပိတ္ထား ပေးအဲ့ခြင်း ကိုယ့်ဘာသာအကုန်လုပ်နိုင်တယ် ငါယောင်္ကျားလေး...ok..."

"သိတယ် သိသားပဲအကုန်လုပ်နိုင်တာ ကိုယ်ကလုပ်ပေးချင်တာလေ မင်းကိုချွေးတစ်စက်တောင် မထွက်စေချင်လို့လေ...."

"မင်းနော် လူကြားထဲမှာ ပါးစပ္ပိတ္ထား..."

"ကိုယ်ငွေရှင်းလိုက်မယ် မင်းနောက်ကလိုက်ခဲ့တော့..."

"ကြွ...."

လိုတာတွေဝယ်ပြီး ကောင်တာကိုရောက်တော့ ငွေရှင်းပြီးပြီထင်ပါရဲ့ ကောင်တာကိုမှီပြီးမတ်တပ်ရပ်နေတာ တခြားသူတွေအတွက်ကို မှင်သက်စရာရုပ်ရည်နဲ့ မြင့်မားတဲ့အရပ်ကိုပိုင်ဆိုင်ထားတဲ့သူ ကိုယ့်အတွက်အမြင်ကပ်စရာကောင်းတဲ့သူ....

"ကိုယ့်ကိုပေး..."

ခြင်းယူပြီး အပိုတွေလုပ်ပြပြန်ပြီး လေးတာလည်းမဟုတ်ဘဲနဲ့ကို သက်သက်...

"မင်းငြိမ်ငြိမ်နေ ငါနိုင်တယ်.."

"နိုင်တာသိပါတယ် အကြာကြီးဆွဲလာရတော့ လက်ကလေးနာနေမှာဆိုးလို့ပါကွာ..."

"မနာဘူး နာလည်းငါ့လက်မင်းနဲ့ဆိုင်လား..."

"ဟောဗျာ မင်းလေးကလက်ပဲနာတာ ဒီကောင်ကရင်ဘတ်ကြီးထဲကိုနာမှာ သိရဲ့လား..."

မောင့်အရိပ်Where stories live. Discover now