" အစ်ကို… ဒီမှာကြည့်… ဒေါ်လေးပေးသွားတာ " ကျိုးရှီးသည် စကားပြောရင်း ဇီးချိုသီးအချို့ကို သူမ၏အစ်ကိုအား ဝေမျှပေးခဲ့သည်။ 

" မလိုပါဘူး။ ကိုယ့်ဘာသာပဲ စားလိုက်ပါ " ကျိုးတုန်းက ခေါင်းယမ်းလိုက်သည်။ 

ကျိုးရှီးက မှတ်ချက်ပေးသည်။ " ဒေါ်လေးက အရမ်းကောင်းတာပဲ " 

စောင်အသစ် ရှိနေသောကြောင့် ဒီနှစ် ဆောင်းရာသီက ပိုပြီးနွေးထွေးသည်။ ညသန်းခေါင်အချိန်မှာ အအေးဒဏ်ကြောင့် နိုးထစရာ မလိုတော့ပါဘူး။ 

ကျိုးတုန်းက ခေါင်းညိတ်သည်။ 

ဒေါ်လေးက သူတို့ကို ကြည့်ရှုစောင့်ရှောက်ပေးတယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ 

အိမ်ပြန်ရောက်လာသော လင်းချင်းဟယ်သည် ဝက်ဆားနယ်ခြောက် ပြုလုပ်ရန် စီစဉ်နေသည်။ 

အခုက ဒွါဒသမ စန္ဒြမာသ သို့ ဝင်ရောက်နေပြီး ဖြစ်ပြီး ဝက်ဆားနယ်ခြောက် ပြုလုပ်ရန် အကောင်းဆုံး အချိန် ဖြစ်သည်။ 

ထို့ကြောင့် နေ့လည်ခင်းတွင် သူမသည် အစ်မမိန်ကို သွားရှာခဲ့သည်။ 

အစ်မမိန်က သူမကို ကြိုဆိုသည်။ လင်းချင်းဟယ်သည် အနီးအနားတွင် ဘယ်သူမှ မရှိသည်ကို မြင်သောအခါ သူမအသံကို လျှော့ချပြီး သူမ ရရှိသောအသားများနှင့် ပတ်သက်၍ သူမ၏ အစီအစဉ်ကို အစ်မမိန်ကို ပြောပြသည်။ 

အစ်မမိန်သည် ခေါင်းကို ထပ်ခါတလဲလဲ ခါယမ်းပြီး " မဖြစ်ဘူး… အဲလို မလုပ်နိုင်ဘူး။ ဒါကို စုံစမ်းသိသွားရင် ငါတို့တွေ ဒုက္ခရောက်လိမ့်မယ် " 

" အစ်မမိန်… စိတ်မပူပါနဲ့။ တကယ်လို့ ကျွန်မကို ဖမ်းမိသွားရင် ချန်ကော ပါဝင်တယ်ဆိုတာ သေချာပေါက် မပြောပါဘူး။ ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် သိလာတာ ကြာပြီ၊ ကျွန်မက ဘယ်လိုလူလဲ ဆိုတာ သိတယ်မလား။ အရေးကြီးတဲ့ကိစ္စကို သတိလက်လွတ် မလုပ်ရဲပါဘူး။ ဒါ့အပြင် ကျွန်မမှာ ရွေးချယ်စရာ မရှိဘူး။ မိသားစုထဲမှာ ပြုစုပျိုးထောင်ရမယ့် ကလေး သုံးယောက် ရှိတယ်။ အခုဆိုရင် ကျွန်မရဲ့လူက အငြိမ်းစားယူသွားပြီ၊ မိသားစုရဲ့စရိတ်ကို ဖြည့်ဖို့ တခြားနည်းလမ်းတွေ ရှာမတွေ့ရင် ကျွန်မတို့မိသားစုတစ်ခုလုံး အသက်ဆက်ရှင်နိုင်မှာ မဟုတ်ဘူး။ " 

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now