ရှုကျင်ထျန်းသည် လှိုဏ်ဂူသို့ ပြန်ရောက်သည်နှင့် တဆတ်ဆတ်တုန်ယင်နေပြီး တိရိစ္ဆာန်အရေခွံများကို အခြောက်လှန်းရန် အသုံးပြုသည့် သစ်သားစင်ပေါ်တွင် ချိတ်ဆွဲထားသည်။

“မိုးတွေ အရမ်းရွာနေတာပဲ...မိုးရွာနေတာ ရက်တော်တော်ကြာနေပြီ။ ဘယ်တော့မှပြီးမှာလဲ"

ရှုကျင်ထျန်းသည် အကုန်လုံးကိုချွတ်လိုက်ပြီး ခြေထောက်များကို ဆေးကြောရန် စုဆောင်းထားသော မိုးရေကို အသုံးပြုလိုက်သည်။ ထို့နောက် စိုစွတ်နေသော အဝတ်အစားများကို သစ်သားစင်ပေါ်တွင် ချိတ်ဆွဲကာ အိပ်ယာထဲသို့ မြန်မြန်ဆန်ဆန် တိုးဝင်လိုက်သည်။

တိရိစ္ဆာန်အရေခွံစောင်၏ အတွင်းပိုင်းသည် ပျော့ပျောင်းပြီး အရေပြားပေါ်တွင် ကပ်ထားသည့်အခါ အလွန်သက်တောင့်သက်သာခံစားရသည်။ ရှုကျင်ထျန်းသည် သူ့ကိုယ်သူ စောင်ထဲတွင် အတင်းအကြပ် ထုပ်ပိုးထားပြီး ခေါင်းကိုအပြင်သို့ ထုတ်ထားလိုက်သည်။ သူ၏အနက်ရောင် ဆံပင်တစ်ဝက်ခန့်ကမူ စိုစွတ်နေ၏။ အနည်းငယ်ပိုရှည်လာသောကြောင့် ယခင်ကဲ့သို့ တိုကပ်မနေတော့ဘဲ အနည်းငယ် ကောက်ကွေးနေ၏။ ထိုအရာကပင် သူ၏လှပမှုကို ပိုမိုမြှင့်တင်ပေးလေ၏။

ရှုဟန်ယွီသည် သားကောင်၏လည်ပင်းရှိ အပေါက်ငယ်တစ်ခုကို ကိုက်လိုက်ရာ သားကောင်၏ စိုစွတ်နေသောအမွေးများသည် ချက်ချင်းပင် သွေးနီရောင်ပြောင်းသွားလေ၏။

“မကြာပါဘူး။ ထျန်းထျန်း အခုတော့ ထင်းမရှိသေးဘူး။ အဲ့ဒါကြောင့် သွေးနည်းနည်းသောက်လိုက်နော်...မင်း အသားစားရင် စားကောင်းမှာမဟုတ်ဘူး။ ရာသီဥတုကောင်းရင် မင်းကြိုက်သလိုစားလို့ရပြီနော်”
ရှုဟန်ယွီသည် အိပ်ယာဘေးသို့ လမ်းလျှောက်လာကာ ညင်သာစွာပြောလိုက်သည်။

ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏လုပ်ရပ်ကို မြင်သောအခါ ထိုအရာများသည် ကောင်းမွန်မည်မဟုတ်ကြောင်း အလိုလိုခံစားမိပြီး  သူ၏ပင်ကိုယ်စိတ်က မျှော်လင့်ထားသည့်အတိုင်း ချက်ချင်းဖြစ်လာသည်။ ရှုဟန်ယွီက သွေးစွန်းနေသော သားကောင်ကို မြှောက်ကိုင်ထားပြီး အိပ်ယာဘေးသို့ လျှောက်လာသည်ကို မြင်လိုက်ရသဖြင့် ရှုကျင်ထျန်းမှာ သူ့တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။ သူ၏ ဆိုးရွားသော အတွေ့အကြုံများကြောင့် ယခုအခါတွင်  မြှားတံကိုထိတ်လန့်နေသော ငှက်တစ်ကောင်လို တုန်လှုပ်သွားကာ နောက်ပြန်ဆုတ်သွားပြီး ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်သည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now