Yoongi -အာ အချိန်ဆွဲနေလို့ရတဲ့အရာမဟုတ်ဘူးလေ ဟို.... Namjoon ပြန်လာရင် သခင်လေးကျန်းကျန်းမာမာနဲ့ တွေ့ရတော့ပိုကောင်းတာပေါ့

Jin -အင်းပါ ဒါပေမဲ့ ငါခွဲခန်းမဝင်ခင် ကိုကို့ကိုဖုန်းပြောချင်တယ်

Yoongi -...................

Jin- နော် လုပ်ပါ ငါ ကိုကို့အသံနားထောင်ပီး အားမွေးရမှာ

Yoongi -အင်း ခေါ်ကြည့်လေ

Jin- အွန်း

ပြုံးရယ်ပီး Namjoonဆီသို့ ဖုန်းခေါ်နေရှာသော seokjin ကိုကြည့်ကာ Yoongiရင်တွေနာလာသည်........ ။ ဘယ်လောက်ပဲဆက်ဆက် ဖုန်းပိုင်ရှင်က ကိုင်နိုင်တော့မှာမှ  မဟုတ်တာပဲ.........။

*Hello jinnie *

တစ်ဖက်မှဖြေသော ဖုန်းဖြေသံကြောင့် yoongi တအံ့တသြလှည့်ကြည့်မိသည်....။

Yoongi -*Kim Namjoon ခင်ဗျားကတကယ့်လူ...... နောက်ဆုံးအချိန်ထိကို သခင်လေးအတွက်ကြီးပဲတွေးပေးခဲ့ရတယ်လို့ဗျာ......*

Namjoon အတွက်ယူကြုံးမရစိတ်များအပြင် ဘာမှမသိရှာပဲ ပျော်ရွင်စွာဖုန်းပြောနေသော seokjinကိုကြည့်ကာမျက်ရည်တို့စီးကျလာသဖြင့် အခန်းထဲမှ Yoongi ပြေးထွက်ခဲ့လေသည်.....။

Jin- ကိုကို Jinnie အတွက်လေ နှလုံးအလှူရှင်ရပီ

*အွန်း ဟုတ်လား ကောင်းတာပေါ့ Jinnieရယ် *

Jin -ကိုကို

*ဟင် *

Jin -ကိုကို့အသံက ဘာလို့တုန်နေတာလဲ

* ကိုယ် ကိုယ်ဝမ်းသာလွန်းလို့ပါ jinnie *

Jin- ဟင်

*သေချာကြိုးစားပီး ခွဲစိတ်မူကိုလုပ်နော် ပီးရင် ကိုကိုတို့အိမ်လေးမှာ အကြာကြီးတူတူနေသွားကြမယ် *

Jin- အင်း Jinnie ကြိုးစားမယ် ကိုကိုလဲမြန်မြန်ပြန်လာရမယ်နော်

*အင်း အင်းပါ ပြန်လာမှာပေါ့ jinnie ချစ်တယ်နော် အကြာကြီးအသက်ရှင်နေပေးရမယ်......*

Jin -စိတ်ချ ကိုကို့နားမှာအကြာကြီးအတူတူနေလို့ရအောင် ကြိုးစားပီး အားတင်းထားမယ်

*အွန်း ကိုကိုမြန်မြန်ပြန်လာလို့ရအောင် ဒီကအလုပ်တွေမြန်မြန်လူပ်ပေးလိုက်ဦးမယ် တာ့တာ Jinnie *

Bring the Pain (Namjin)(Completed)Where stories live. Discover now