Ep 11

589 55 6
                                    

Uni

Social Media တစ်ခုလုံးတွင် သမ္မတKimနှင့််ပတ်သတ်သော မကောင်းသတင်းများစွာဖူံးလွှမ်းနေလေသည်........။

*သမ္မတKim၏ အငယ်အနှောင်းနှင့် Hotelအတွင်းမှထွက်လာ..... *

*သမ္မတKim သည် လဘ်စားမူများလွန်းသော သမ္မတဖြစ်ကြောင်း သက်သေများစွာပေါ်ထွက် *

*နိုင်ငံပိုင်သိမ်းထားသော မြေတစ်ချို့မှာဘိန်းဖြူစိုက်ခင်းများဖြစ်နေ.....*

အစရှိသော သတင်းများသည် Social Media ပေါ်တွင်သာမက သတင်းစာများစွာ ဂျာနယ်များစွာ၏ခေါင်းစီးပိုင်းတွင်ပါလာခဲ့လေသည်......။

Mr.kim -တောက် ဘယ်ကောင်လဲကွာ ငါ့ကိုတိုက်ခိုက်နေတာ ဘယ်ကောင်လဲ

Jin -အဖေ စိတ်ထိန်းပါဦး

Mr.kim -ထိန်းလို့ရမလား Namjoon ငါ့ကိုစုံစမ်းပေးစမ်းပါ အဲ့ကောင်ကိုငါသတ်ရမှကျေနပ်မယ်

Joon -စိတ်ချပါ အဖေ ကျွန်တော်ကိုယ်တိုင် မရရအောင်စုံစမ်းပေးပါ့မယ်

သမ္မတkimအခန်းထဲမှထွက်လာပီးနောက် Seokjin မနေနိုင်တော့ပဲ namjoonအားမေးလေသည်.....။

Jin-ကိုကို

Joon -ဟင်

Jin -အဖေနဲ့ ဘယ်တုန်းကအဲ့လောက်တည့်သွားကြတာလဲ

Joon- ဘာလို့လဲ မကြိုက်လို့လား

Jin- မဟုတ်ပါဘူး အံ့သြလို့ပါ

Joon -အံ့သြစရာဘာရှိလဲကွာ မင်းအဖေကလဲကိုယ့်အဖေပဲကို တည့်အောင်ပေါင်းရမှာက ကိုယ့်တာဝန်ပေါ့

Jin -ကိုကိုက သိပ်စကားတတ်တာပဲ ဟွန်း

Joon- တတ်ရမယ်လေ ဘယ်သူ့ကိုကိုမို့လို့လဲ

*********************************
Joon -ဘာလို့ ငါ့ကိုတွေ့ချင်ရတာလဲ

Jk -ခင်ဗျားမလား

Joon -ဘာကို?

Jk- ခင်ဗျားက အရင်သမ္မတkimရဲ့သားမို့လို့ သံသယဖြစ်မိတယ်

Jungkook စကားကြောင့်ရုတ်တရက်namjoonမျက်နှာတည်သွားပီး ခဏအကြာမှဟက်ခနဲရယ်ချလေသည်.....။

Joon -မင်းက သိပ်ရုပ်ရှင်ရိုက်ချင်နေတာပဲ မဆိုးပါဘူး မင်းဇာတ်တွေက

Bring the Pain (Namjin)(Completed)Where stories live. Discover now