Ep 19

477 51 27
                                    

Uni

Seokjin မျက်လုံးလေးပွင့်လာတော့ အရင်လိုကိုကို့ရင်ခွင်ထဲတွင် ဟုတ်မနေတော့........။သူ့အပေါ်တည့်တည့်မှာလဲသူ ရင်းနှီးနေသော မျက်နှာကျက်ရှိမနေခဲ့.....။သူကျောခင်းထားရသော နေရာသည်လဲ ကိုကို့အငွေ့အသက်တွေလုံးဝရှိမနေ.....။သူမကြိုက်တဲ့ ဆေးနံ့တွေသာ ရှိနေခဲ့လေသည်........။

Yoongi -သခင်လေး သတိရလာပီလား

Jin- ဟင် yoongi မင်းဘယ်လိုရောက်နေတာလဲ

Yoongi- ကျွန်တော်ရောက်လာတာမဟုတ်ဘူး သခင်လေးရောက်လာတာလေ ဆေးရုံကို

Jin -ဟမ် ငါကဘယ်လိုဖြစ်ပီး

Yoongi -မနက်က သခင်လေးအိပ်မောကျနေတာနဲ့ Kim Namjoonကိုယ်တိုင်ချီပီးခေါ်လာတာ

Jin -ဟမ် အဲ့ဒါဆိုကိုကိုကရော ဘယ်မှာလဲ ပီးတော့ ငါ့ကိုဘာလို့ဒိီပို့ရတာလဲ

Yoongi -သူကအရေးတကြီးလုပ်စရာပေါ်လာလို့ ခဏ ခရီးထွက်စရာရှိလို့တဲ့

Jin- ရုတ်တရက်ကြီး?  ငါ့ကိုလဲဘာမှမပြောသွားပဲနဲ့

Yoongi -သူပြောတာ သခင်လေးကသောက်ရတဲ့ ဆေးအရှိန်ကြောင့်အရမ်းအိပ်မောကျနေတာ မနိူးရက်လို့တဲ့

Jin -ဟုတ်လို့လား ငါ ငါတစ်ခါမှအဲ့လောက်အိပ်မောမကျဖူးဘူး ထူးဆန်းတာဒီနေ့မှ........

Yoongi ကိုကြည့်ရင်း ပြောပြနေသော seokjinမျက်ဝန်းတို့တွင် စိုးရိမ်စိတ်များပေါ်လာသည်.....။တစ်ချိန်ထဲမှာပဲ ညကအဖြစ်အပျက်များကိုပါအစီအရင်ပြန်မြင်ယောင်လာသည်.....။

Jin -ကိုကို ဘာတွေဖြစ်နေတာလဲ

ထို့နောက်ဆက်ပီး မနက်ထဲက ဆက်တိုက်မက်နေသော အိမ်မက်လိုလို တကယ့်အဖြစ်အပျက်များလိုလိုအရာများကိုခပ်ရေးရေးလေးမြင်ယောင်လာသည်.....။

အိပ်စက်နေသော သူ့နဖူးလေးကိုခပ်ဖွဖွအနမ်းလေးပေးရင်း သူ့လက်ကလေးကိုဆုပ်ကိုင်ထားရှာသော joon...... ။ သူအိပ်ပျော်နေတယ်ဆိုပေမဲ့ သေချာကိုသိနေခဲ့တာ.....ကိုကိုငိုနေတယ်ဆိုတာကို......။တကယ်ပဲ ကိုကိုသူ့ကိုတစ်ခုခုဖုံးကွယ်ပီးဘာမဟုတ်တာတွေလုပ်နေတာလဲ.....။

Jin -yoongi yoongi

Yoongi -ဟင်

Jin- ငါ့ ငါ့ကိုဖုန်းခဏငှားပါကွာ ကိုကို့မျက်နှာ ငါမြင်ရမှဖြစ်မယ်

Bring the Pain (Namjin)(Completed)Where stories live. Discover now