Ep 20

560 50 13
                                    

Uni

ဝမ်းသာစရာသတင်းကြောင့် သူပျော်ရမည်လား ဝမ်းနည်းစရာသတင်းကြောင့် သူငိုရမည်လားမတွေးတတ်တော့......။ သခင်လေးအတွက် နှလုံးအလှူရှင်ပေါ်လာပီဆိုသောသတင်းကြောင့် အရေးပေါ်ခန်းရှိအသက်မဲ့နေသော လူနာထံသို့ သူအပြေးသွားကြည့်မိသည်.....။ ပထမသူရောက်လာရသော ရည်ရွယ်ချက်မှာ ထိုအသက်မဲ့နေသော လူနာမသိနိုင်တော့သော်လည်း ကျေးဇူးတင်စကားလေးတစ်ခွန်းဖြစ်ဖြစ်ဆိုချင်မိသောစိတ်သက်သက်ဖြင့်လာခဲ့ခြင်းပင်......။

ဆေးရုံကုတင်ထက်ပေါ်တွင် တဈစုံတဈရာကိုဈိတျခသြှားဟနျဖွငျ့ ရှင်းသန့်ကြည်လင်စွာမှေးစက်နားနေရှာသော Kim Namjoonကိုမြင်မှ သူ့ပျော်ရွင်မူတွေဟာ အဝေးသို့လွှင့်စင်ထွက်ကုန်ရသည်......။ ယာဥ်တိုက်မူကြောင့်သေဆုံးလူနာဟုသိရသော်လည်း ကိုယ့်ကိုယ်ကို တမင်တကာကြံစည်ကာ သတ်သေခဲ့သောလူနာဖြစ်နေမှန်းသူအခုမှသိလိုက်ရပြန်သည်........။

Yoongi -မိုက်မဲလိုက်တာ Kim Namjoonရယ် ခင်ဗျားသိပ်မိုက်မဲလိုက်တာ

စောင်အဖြူပါးလေးကို အသာပင့်မကာ Yoongi မျက်ရည်စက်တွေဖြင့်အသာအုပ်ပေးလိုက်သည်.......။

Yoongi -သခင်လေးကို စိတ်ချပီး ကောင်းကောင်းအနားယူပါ......

သွေးအလိမ်းလိမ်းကပ်ညှိနေသော်လည်း Joon မျက်နှာလေးဟာ ပြုံးရိပ်သန်းနေသယောင်ရှိပီး ရှင်းသန့်နေတုန်းပင်.....။သူတကယ်ကို သခင်လေးအတွက် စိတ်ချသွားခဲ့တာပဲ......။

****************************************
ခလွမ်း

Seokjin ဆေးရုံကုတင်လေးပေါ်တွင်ထိုင်နေရင်း စာအုပ်ဖတ်နေတုန်း ဘေးစားပွဲခုံပေါ်ရှိရေခွက်လေး ကျကွဲခဲ့သည်.....။ စိတ်ထဲထင့်ခနဲဖြစ်ပီးလှည့်ကြည့်လိုက်တော့ သူနာပြုမလေးက အနူးအညွှတ်တောင်းပန်နေသည်မို့   မေ့မေ့ပျောက်ပျောက်ထားလိုက်မိပြန်သည်........။

Yoongi -သခင်လေး

Jin-ဟင်

Yoongi- နှလုံးအလှူရှင်ပေါ်လာပီ

ပြုံးရွှင်ပီးပြောနေသော yoongiမျက်နှာကိုကြည့်နေရင်း seokjinစိတ်ထဲအရမ်းလေးပင်လာသည်......။

Yoongi -အဲ့ဒါ ခွဲခန်းအမြန်ဝင်ရမယ်

Jin -ဟင် ရုတ်တရက်ကြီးလား ငါ ကိုကို့ကိုစောင့်ချင်သေးတယ်

Bring the Pain (Namjin)(Completed)Where stories live. Discover now