Ep 17

489 51 9
                                    

Uni

နာကျင်မူတွေထဲမှာမှ အနာကျင်ရဆုံးခံစားချက်ကဘာလဲလို့မေးလာရင် တစ်စုံတစ်ယောက်ကကိုယ့်ဘဝထဲကထွက်သွားတော့မဲ့အချိန်ကိုသိနေတာတဲ့လေ........။ကျွန်တော်ကျတော့ရော.......ကျွန်တော်ကတော့ သူ့အနားကနေထွက်သွားရမဲ့ကျွန်တော့်အချိန်ကိုကျွန်တော်သိနေတာမျိုးလေ........။

ပြတင်းပေါက်လေးရှေ့တွင်ထိုင်ကာ seokjinခပ်ဆွေးဆွေးလေးတိမ်တွေကိုငေးကြည့်နေသည်......။

Joon -ကိုယ့် Jinnie

Jin- ဟင်

Joon -ကိုယ်နဲ့အပြင်သွားရအောင်

Jin -ဘယ်လဲ

Joon -အိမ်မှာဒီတိုင်းနေနေရတာ ပျင်းဖို့မကောင်းဘူးလား အဲ့အစားဘယ်ပဲဖြစ်ဖြစ် တစ်နေရာရာပေါ့

Jin -အင်း သွားကြရအောင်

ဆွယ်တာအနွေးထည်လေးတစ်ထည် Seokjinအတွက် ထုတ်လာပီးပုခုံးပေါ်သို့တင်ပေးလိုက်သည်.....။လက်ကလေးကိုဖွဖွဆွဲကာ တံခါးပေါက်သို့ ခေါ်လာပီး ဖိနပ်စီးပေးကာ ကြိုးပါတစ်ခါတည်းချည်ပေးသည်.......။

Jin -ကိုယ့်ဟာကို လုပ်တတ်ပါတယ်

Joon- လုပ်ပေးချင်လို့ပါ

ပြုံးပြုံးလေးပြောလာသော namjoonနဖူးလေးကို ခါးလေးကုန်းကာ seokjinအနမ်းပေးလိုက်သည်......။

Joon -အာ ဒီနေ့သိပ်သာယာသွားပီ

Jin -ဟားဟား သွားကြရအောင်

လက်ကလေးကိုကျစ်ကျစ်ဆုပ်ကိုင်ထားပီး အိမ်နဲ့မနီးမဝေးကပန်းခြံလေးကို အတူလမ်းလျှောက်ထွက်လာကြသည်.....။ မြက်ခင်းထူထူလေးပေါ် joonထိုင်ချပီးနောက် ပေါင်ပေါ်တွင်seokjinကိုမှေးစက်အနားယူစေသည်......။

တွေးကြည့်မှ ကျွန်တော်နဲ့ seokjinမှာအမှတ်တရတွေကတကယ့်ကိုရှားပါးခဲ့တာပဲ.......။အမှတ်တရစုံတွဲဓာတ်ပုံလေးတောင် သေချာရှိမနေခဲ့တာပဲ.......။

Joon -Jinnie

Jin -ဟင်

Joon -ကိုယ်တို့ ဓာတ်ပုံရိုက်ကြရအောင်

Jin -ဟွန်း မရိုက်ချင်ပါဘူး မျက်ကွင်းတွေလဲကျနေတာ လူကရုပ်ဆိုးနေတာကို

Bring the Pain (Namjin)(Completed)Onde as histórias ganham vida. Descobre agora